သူချစ်နေသ၍ တော့မင်းရဲ့အပြုမူတွေကချစ်စရာကောင်းနေနိုင်ပါတယ်…
trend.com.mm
|
2019-02-02

လူတွေရဲ့စိတ်က သိပ်ကိုအပြောင်းလဲမြန်လွန်းလှပါတယ်။အထူးသဖြင့်ချစ်ခြင်းမေတ္တာ တွေမှာ ပေါ့…

အခုခေတ်အတွဲတွေ ပါးစပ်ဖျားပြောပြောနေကြတဲ့ တွဲလည်း မကြာခင်ပြတ်မှာပဲဆိုတဲ့စကားက မှားတယ်လို့လည်းမပြောနိုင်ဘူး …ဘာလို့လဲဆို စိတ်ရင်းမှန်နဲ့တွဲကြချစ် ကြတာကနည်းပါးသွားတာကိုး…

လူတွေရဲ့စိတ်က ချစ်နေပြီဆိုရင် ဘာလုပ်လုပ်အေးဆေးပဲ ဘယ်လိုဆိုးဆိုး ဘယ်လိုနွဲ့နွဲ့ချစ်တဲ့စိတ်နဲ့ကြည့်ရင် တော်ရုံဆိုးတာလောက်ကအေးဆေးပဲ… မင်းဘာလုပ်လုပ်သူ့ရဲ့ရင်ထဲ မင်းက တန်ဖိုးမဖြတ်နိုင်တဲ့သူလေးပဲ..

မင်းသူ့ကိုသဝန်တိုနေလည်းမင်းချစ်လို့ဖြစ်တာပါဆိုပြီးနားလည်ပေးတယ်၊ မင်းရစ်ရင်လည်းချစ်လို့ဆိုပြီးနားလည်ပေးတယ်(အတိုင်းတာတော့ရှိတာပေါ့) ၊အမှားတစ်ခုကိုမသိပဲလုပ်မိရင်လည်းတော်ရုံနဲ့ခွင့်လွှတ်ပေးတယ်။ ဒါဆိုရင်ဒီလူရဲ့နှလုံးသားတစ်ခုလုံးကို မင်းကပိုင်ဆိုင်ထားတာသေချာနေပါပြီ။

ဒါပင်မဲ့သူမင်းကို မချစ်တော့တဲ့အခါ မင်းနားရှိနေပင်မဲ့မင်းအပေါ်အချစ်မရှိတော့တဲ့အခါမှာတော့ သိပ်ကို မင်း တည်ငြိမ်နေလည်း မင်းအပြစ်ပဲ မင်းသူ့အပေါ် ဆိုးနွဲ့နေလည်းမင်းအပြစ်ပဲ၊ မင်း သူ့အတွက်စိုးရိမ်လည်းမင်းအပြစ်ပဲ ၊ မင်းဘာလုပ်လုပ် သူ့အမြင်ကစေတနာလို့မမြင်ပဲအမုန်းတွေအမြင်ကတ်မှုတွေအမြင်မကြည်မှုတွေနဲ့ပဲပြည့်နှက်နေတတ်နေပါတယ်။

ဒါကြောင့်ကိုယ်ပိုင်ဆိုင်ထားတဲ့သူတစ်ယောက် ကိုယ့်အပေါ်အမြင်ကြည်နေစဉ်အချစ်တွေ ဖြာကျနေစဉ်မှာ တန်ဖိုးထားပါ။ သူမချစ်တော့တဲ့တစ်နေ့ သင့်ရဲ့ဘယ်အရာမဆိုလက်မခံချင်တော့တဲ့တစ်နေ့ သင်ကသူ့အတွက်အခွံသာသာပဲဖြစ်ခဲ့တော့မှာပါ…







Unicode

လူတွေရဲ့စိတ်က သိပ်ကိုအပြောင်းလဲမြန်လွန်းလှပါတယ်။ အထူးသဖြင့်ချစ်ခြင်းမေတ္တာ တွေမှာ ပေါ့…

အခုခေတ်အတွဲတွေ ပါးစပ်ဖျားပြောပြောနေကြတဲ့ တွဲလည်း မကြာခင်ပြတ်မှာပဲဆိုတဲ့စကားက မှားတယ်လို့လည်းမပြောနိုင်ဘူး …ဘာလို့လဲဆို စိတ်ရင်းမှန်နဲ့တွဲကြချစ် ကြတာကနည်းပါးသွားတာကိုး…

လူတွေရဲဲ့စိတ်က ချစ်နေပြီဆိုရင် ဘာလုပ်လုပ် အေးဆေးပဲ ဘယ်လိုဆိုးဆိုး ဘယ်လိုနွဲ့နွဲ့ချစ်တဲ့စိတ်နဲ့ကြည့်ရင် တော်ရုံဆိုးတာလောက်က အေးဆေးပဲ… မင်းဘာလုပ်လုပ်သူ့ရဲ့ရင်ထဲ မင်းက တန်ဖိုးမဖြတ်နိုင်တဲ့သူလေးပဲ..

မင်းသူ့ကိုသဝန်တိုနေလည်းမင်းချစ်လို့ဖြစ်တာပါဆိုပြီးနားလည်ပေးတယ်၊ မင်းရစ်ရင်လည်းချစ်လို့ဆိုပြီးနားလည်ပေးတယ်(အတိုင်းတာတော့ရှိတာပေါ့) ၊ အမှားတစ်ခုကိုမသိပဲလုပ်မိရင်လည်းတော်ရုံနဲ့ခွင့်လွှတ်ပေးတယ်။ ဒါဆိုရင်ဒီလူရဲ့နှလုံးသားတစ်ခုလုံးကို မင်းကပိုင်ဆိုင်ထားတာသေချာနေပါပြီ။

ဒါပင်မဲ့သူမင်းကို မချစ်တော့တဲ့အခါ မင်းနားရှိနေပင်မဲ့မင်းအပေါ်အချစ်မရှိတော့တဲ့အခါမှာတော့ သိပ်ကို မင်း တည်ငြိမ်နေလည်း မင်းအပြစ်ပဲ မင်းသူ့အပေါ် ဆိုးနွဲ့နေလည်းမင်းအပြစ်ပဲ၊ မင်း သူ့အတွက်စိုးရိမ်လည်းမင်းအပြစ်ပဲ ၊ မင်းဘာလုပ်လုပ် သူ့အမြင်ကစေတနာလို့မမြင်ပဲ အမုန်းတွေအမြင်ကတ်မှုတွေ အမြင်မကြည်မှုတွေနဲ့ပဲပြည့်နှက်နေတတ်နေပါတယ်။

ဒါကြောင့်ကိုယ်ပိုင်ဆိုင်ထားတဲ့သူတစ်ယောက် ကိုယ့်အပေါ်အမြင်ကြည်နေစဉ်အချစ်တွေ ဖြာကျနေစဉ်မှာ တန်ဖိုးထားပါ။ သူမချစ်တော့တဲ့တစ်နေ့ သင့်ရဲ့ဘယ်အရာမဆိုလက်မခံချင်တော့တဲ့တစ်နေ့ သင်ကသူ့အတွက်အခွံသာသာပဲဖြစ်ခဲ့တော့မှာပါ…




Some text some message..