အခုလို ပွင့်လင်းမြင်သာတဲ့ခေတ်မှာ Homosexual ဖြစ်တဲ့အကြောင်း၊ Gay ဖြစ်တဲ့အကြောင်းကို ဖွင့်ဟဝန်ခံလာကြတာ တော်တော်များလာတယ်လို့ ဆိုရပါမယ်။ ကမ္ဘာကျော်ဆယ်လီတချို့ကလည်း သူတို့ဟာ Gay ဖြစ်တယ် ဆိုတဲ့အကြောင်းကို သတ္တိရှိရှိ ကြေညာထားကြပြီး သူတို့ချစ်ရတဲ့အမျိုးသားတွေနဲ့ လက်ထက်ထိမ်းမြားတဲ့အထိကို ထင်သာမြင်သာရှိလာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် တချိန်တုန်းကတော့ ချစ်သူမိန်းကလေးတွေနဲ့ ဇနီးမယားရှိခဲ့ဖူးတဲ့ မင်းသားတွေကလည်းအခုချိန်မှ Gay ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဝန်ခံထားကြတာတွေ ရှိပါတယ်။ မိန်းကလေးတွေကို စိတ်နာလို့ Gay ဖြစ်သွားတာပဲလား၊ ဒါမှမဟုတ်အရင်လို ပွင့်လင်းမြင်သာမှု မရှိတဲ့ခေတ်မှာ ချစ်သူမိန်းကလေးကို coverအဖြစ်တွဲခဲ့တာပဲလားဆိုတာကတော့ စဉ်းစားစရာပါပဲ။ ကဲ… ဒီတော့.. ဘယ်သူတွေက Gayအဖြစ်ဝန်ခံထားပြီး ချစ်သူမိန်းကလေးရှိခဲ့ဖူးလဲဆိုတာကို ရှာဖွေပြီး ဖော်ပြပေး လိုက်ပါတယ်။
Ricky Martin
========
ကမ္ဘာကျော်အဆိုတော် Ricky Martin ကလည်း သူဟာ Gay ဖြစ်တယ်ဆိုတဲ့အကြောင်းကို ၂၀၁၀ ခုနှစ်မှာ ဖွင့်ဟဝန်ခံခဲ့တာပါ။အဲ့ဒီမတိုင်ခင်နှစ်တွေတုန်းက ချစ်သူသက်တမ်း ၉နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူမိန်းလေးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ဖူးပါတယ်။ မက္ကဆီကန် TV Hostအဖြစ်ကျော်ကြားလှတဲ့ မိန်းမချောလေး Rebecca de Alba နဲ့ ကိုးနှစ်တာ ချစ်သူသက်တမ်းရှိခဲ့ပေမယ့် လမ်းခွဲခဲ့ပြီးနောက်မှာပဲ Ricky ကအခုလို Gay ဖြစ်တဲ့အကြောင်းကို ဝန်ခံခဲ့တာပါ။ “ သူမက မိန်းမကောင်းတစ်ယောက်ပါ၊ ကျွန်တော် Gay ဖြစ်တယ်ဆိုတာ သိပေမယ့်အတူရှိခဲ့ပေးပြီးတော့ သဘောထားပြည့်ဝလွန်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်၊ ဒါပေမယ့် ပြဿနာတစ်ရပ်ကြောင့် တစ်ယောက်နဲ့ တစ်ယောက်စကားမပြောကြတော့ဘဲ လမ်းခွဲလိုက်ကြတာပါ” လို့ Ricky ကအင်တာဗျူးတစ်ခုမှာ ဆိုပါတယ်။အခုဆိုရင်တော့ Ricky ဟာ သူ့ရဲ့ ချစ်သူ Jwan Yosef နဲ့ ပျော်ရွှင်နေပြီလို့ သိရပါတယ်။
Alan Cumming
=========
မင်းသားကြီး Alan Cumming ကတော့ ဇနီးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူဟာ ဂေးတစ်ယောက်ဖြစ်တဲ့အကြောင်းကို ဝန်ခံထားပြီး ၂၀၀၇ ခုနှစ်မှာ သူချစ်ရသူ Graphic Artist Grant Shaffer နဲ့ လက်ထပ်ခဲ့ပါတယ်။ Alan Cumming ဟာ ဗြိတိန် မင်းသမီး Hilary Lyon နဲ့ ၁၉၉၃ ခုနှစ်အထိ ရှစ်နှစ်ကြာ လက်တွဲခဲ့တာပါ။ Alanအနေနဲ့ သူဟာ လိင်တူချင်းဆွဲဆောင်ရင်တောင် စိတ်ပါဝင်စားတတ်တယ်လို့ သိကတည်းက သူဟာ Gay ဖြစ်တဲ့အကြောင်း သိလာခဲ့တာပါလို့ ဆိုပါတယ်။အခုဆိုရင် Grant Shaffer နဲ့ ပျော်ရွှင်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။
Freddie Mercury
==========
90’s ဝန်းကျင်လောက်က နာမည်ကျော်ကြားခဲ့တဲ့အဆိုတော် Mercury ဟာဆိုရင်လည်းအဲ့ဒီအချိန်ကတည်းက သူဟာ Homosexual ဖြစ်တဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် သူ့အနားမှာအမြဲချစ်ပေးကြင်နာပေးပြီး ခြောက်နှစ်တာ လက်တွဲခဲ့ကြတဲ့ ချစ်သူ မိန်းကလေး Mary Austin ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် Freddie ဟာ သူက Gay ဖြစ်တဲ့အကြောင်းဝန်ခံပြီးနောက်မှာပဲ Mary Austin နဲ့လမ်းခွဲခဲ့ကြပြီး ၁၉၉၁ ခုနှစ်မှာတော့ Mercury က AIDS နဲ့ သေဆုံးသွားခဲ့ပါတယ်။
Lance Bass
=======
အမေရိကန်အဆိုတော် Lance Bass ကလည်း သူ့ဆီမှှာ တစ်ချိန်က တိတ်တိတ်ပုန်းယူခဲ့တဲ့ ဇနီးတစ်ယောက် ရှိခဲ့ဖူးတဲ့အကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။ “သူမနဲ့အတူ မူးအောင်သောက်ပြီးတော့ Prank သဘောမျိုး စနောက်ကြရင်းနဲ့ လက်ထက်ဖြစ်သွားပါတယ်၊ နောက်ပြီး သူမဆီကနေ ဘာခံစားမှုမှ မရတာကြောင့် ကိုယ့်ကိုယ်ကို Gay ဖြစ်တယ်ဆိုတဲ့အကြောင်း သိလာပြီး သိုဝှက်မထားနေဘဲ ဖွင့်ပြောခဲ့ပါတယ်။ ဒါကိုလည်း သူမဘက်က လက်ခံပေးပြီးအခုချိန်ထိ သူငယ်ချင်းကောင်းအဖြစ် ရှိနေပါသေးတယ်” လို့ Lance က ဇနီးဟောင်းနာမည်မဖော်ပြဘဲအင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။အခုဆိုရင် Lance က Michael Turchin ကြောင့်အချစ်စစ်အချစ်မှန်ကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။