
တိုရိုတာကားကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Hybridအမျိုးအစား Prius ကားတွေမှာအင်ဂျင်ရုတ်တရက် ထိုးရပ်သွားတဲ့ ပြဿနာက တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတာကြောင့် တိုယိုတာအသိမှတ်ပြု ကားပြုပြင်ရေး ဆားဗစ်စင်တာတွေက ယာဉ်ပိုင်ရှင်တွေကို လာရောက်စစ်ဆေးဖို့ သတိပေးထားပါတယ်။
၂၀၀၈ ကနေ ၂၀၁၄ ထိ ထုပ်လုပ်ထားတဲ့ 744 Prius hybrid မော်ဒယ်ကားတွေမှာအဆိုပါပြဿနာဖြစ်နေတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာအစီးရေ ၂.၄ သန်းကျော်ရှိပြီး ကားရဲ့ ကွန်ပြူတာစနစ် ပြသနာကြောင့် ကားအချိန်မရွေး ထိုးရပ်သွားနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရာတာ ဖြစ်ပါတယ်။
744 Prius hybrid ကားတွေဟာ စင်ကာပူနိုင်ငံမှာအသုံးပြုနေကြပြီး ၇၅% ကအငှားယာဉ်တွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း စီးနင်းသူအချို့ ရှိနေကြပါတယ်။
စောစောပိုင်းက တိုရိုတာရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီပြဿနာဟာ ဖြစ်တောင့်ဖြစ်ခဲအဖြအနေလို့ ဆိုပါတယ်။ Hybrid စနစ်မှာ ပြဿနာတက်နေတဲ့ စနစ်တစ်ခုကြောင့်အင်ဂျင်ပါဝါ လျော့ကျသွားပြီး ကားထိုးရပ်သွားနိုင်တယ်လို့ ဆိုပါတယ်။အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆော့ဖ်ဝဲအဆင့်မြှင့်တင် (software update) လုပ်နိုင်ပြီဖြစ်ကြောင်း၊ ပြဿနာဖြစ်နေတဲ့ ကားတွေကို လာရောက်ပြီးအခမဲ့ ဆော့ဖ်ဝဲအဆင့်မြှင့်တင်ကြဖို့ စင်ကာပူနိုင်ငံက Borneo Motors က ပြောဆိုခဲ့ပါတယ်။
ဒီပြဿနာတွေကို Prius a ၊ Prius v ၊ Prius + နဲ့ Auris ကားမော်ဒယ်လ်အမျိုးအစားတွေမှာ ဖြစ်နေကြတာဖြစ်ပါတယ်။ နောက်ထပ်ပြဿနာတစ်ခုကတော့ မီးလောင်နိုင်ငံတဲ့အန္တရာယ်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ကားအစီးရေ တစ်သန်းလောက် ကြုံတွေ့နေရပါတယ်။အဆိုပါပြဿနာတွေကို ဖြေရှင်းဖို့ တိုယိုတာက Prius ကားတွေကို လာရောက်စစ်ဆေးကြဖို့ နှိုးဆော်ထားပါတယ်။
ကားရုတ်တရက် ထိုးရပ်တဲ့ Hybrid ပြဿနာနဲ့ မီးလောင်နိုင်တဲ့အခြေအနေ ပြဿနာ နှစ်ခုဟာ ဆက်စပ်ဆက်မှုမရှိပဲ သီခြားပြဿနာတွေဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ Borneo Motors ကအတည်ပြုပြောကြားလိုက်ပါတယ်။