မင်းအတွက် သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ
trend.com.mm
|
2019-02-08

သူငယ်ချင်းအမည်ခံပြီး နောက်ကျောဓားနဲ့ ထိုး၊ မကောင်းသတင်းချနေကြတဲ့သူတွေအမျာကြီးကြုံဖူးမှာပါ။ လူ့ဘဝဆိုတာအသက်ကြီးလာတာနဲ့အမျှ လူတွေအကြောင်းကို ကောင်းကောင်းသိလာလေပါပဲ။ သူငယ်ချင်းတွေကြောင့် လူမှန်၊ နေရာမှန်ရောက်သွားကြသလို သူငယ်ချင်းတွေကြောင့် ဘဝတိုးတက်လမ်းတွေပါပိတ်ပြီး ပျက်စီးသွားကြတာတွေအများကြီးပါ။







ကဲ.. ဒါဆို လက်ရှိ မင်းတွဲနေတဲ့ သူငယ်ချင်းဟာ ကောင်း ၊ မကောင်း ဘယ်လိုခွဲခြားမလဲ ?

ရှင်းရှင်းလေးပါ။ မင်း သူတို့နဲ့တွေ့တဲ့အခါ ဘောင်မဝင်သလို၊ ဝမ်းနည်းသလို ၊အထီးကျန်သလို ခံစားနေရရင် ပုံမှန်အခြေအနေမဟုတ်ပါဘူး။ ဒါဟာ ပြဿနာရှိတဲ့အဆင့်ပါ။

မင်းအတွက် သူငယ်ချင်းကောင်းဆိုတာ သူနဲ့တွေ့ရင်ပျော်ရွှင်ရတယ်။ ခံစားမှုတွေကို ကောင်းစေတယ်။ တကယ်လို့အပေါ်ကပြောတဲ့တိုင်း ခံစားနေရတယ်ဆိုရင်တော့ သူတို့နဲ့ လမ်းခွဲဖို့အချိန်ရောက်ပါပြီ။








ဟိုသွားမယ်၊ ဒီသွားမယ်ဆိုပြီး မင်းကိုတော့ ခေါ်ပါရဲ့။ ဒါပေမယ့်အုပ်စုကျတဲ့အချိန် မင်းကိုအရေးမစိုက်ဘူး။ ဘောင်မဝင်သလို ၊ ချိုးနှိမ်သလို စကားတွေပြောတာဟာ မင်းအတွက် ကောင်းမွန်တဲ့
သူငယ်ချင်းကောင်းဖြစ်မလာပါဘူး။ မင်းလည်း စိတ်ထဲမှာ တေးမှတ်ထားရတာများပါတယ်။ ဒီတော့
မျက်နှာမပျက်ချင်ဘူး။ ပညာရှိနည်းနဲ့ ဝေးဝေးရှောင်ချင်တယ်ဆို ကိုယ်ပေါင်း စိတ်ခွာသာ နေပါ။


တွေ့ရင် မေးထူးခေါ်ပြော နှုတ်ဆက်လိုက်ပါ။ ရင်ဘတ်ကြီးနဲ့ ခံစားပြီး မပေါင်းဖို့ပြောတာပါ။
ဒီလိုလူတွေဟာ မင်းအတွက်အကျိုးမဖြစ်စေနိုင်ပါဘူး။ သူငယ်ချင်းကောင်းဆိုတာ ဘယ်အချိန်
အကူညီလိုလို တတ်နိုင်သလောက် ကူညီဖို့ ဝန်မလေးသူ ။အကြာကြီးနေမှ ပြန်တွေ့ရင်လည်းအရင်လိုနွေးထွေးတဲ့ ဆက်ဆံရေးတွေရှိနေတဲ့ သူတွေဖြစ်ပါတယ်။







စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေကို ခွဲခြားသိမြင်နိုင်ပြီး ဘဝခရီးကိုအပြန်လှန်အကြံပြုရင်း လျှောက်လမ်းနိုင်ကြပါစေ။




Some text some message..