
စနေသားသမီးတွေ မွေးလာခဲ့ရင် မိဘတွေမှာရင်တမမနဲ့ဖြစ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ စနေဆိုတာနဲ့ကို စိတ်ကြီးဒေါသကြီးတယ်ဆိုတာ ကိုသူတို့သိထားကြလို့ပါပဲ။
လူတွေသတိထားမိတာက စနေသားသမီးဆိုရင် စိတ်ကြီးတာပဲ သိထားကြပင်မဲ့ ကျန်တဲ့ကောင်းတဲ့အချက်တွေကို တော့ ဂဃဏန မသိတာများပါတယ်။ ဆိုတော့ နေ့နာမ်ချင်းတူတဲ့သူတွေသာ များသောအားဖြင့် နားလည်တတ်တဲ့ စနေသားသမီးတွေရဲ့ ခံစားချက်စိတ်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။ တူတဲ့သူလည်းရှိနိုင်သလို မတူတဲ့သူတွေလည်းရှိတာမလို့အားလုံးမှန်တယ်လို့တော့မပြောလိုပါဘူးနော်…
စနေသားသမီးတွေဟာ သွေးအေးပြီးအဆိတ်ပြင်းတဲ့ သတ္တဝါတွေလို့ပြောရင်မှန်မယ်။ သူတို့ဘာသာနေတယ် သူတို့ Type နဲ့သူတို့နေတယ်နော်…အေး သွားပြီးတော့ နာကျင်အောင်မလုပ်မိစေနဲ့ ဒေါသပုန်ထတဲ့နေရာမှာ သူများထက်ဆိုးပါတယ်။
သူတို့ရဲ့စိတ်နေကအလကားနေဒေါသဖြစ်တတ်နေတာမျိုးလားဆိုတော့ လုံးဝမဟုတ်ပါဘူး။ သူတို့ဘက်က ပေးဆပ်လို့ရသမျှလုပ်ပေးလို့ရသမျှကိုအကုန်လုပ်ပေးချင်တတ်ကြတာပါ။ သူတို့အပေါ်ကောင်းပြီဆိုရင် မှတ်ထားတတ်ကြပြီးအခါအခွင့်သင့်တာနဲ့ဘယ်လိုကျေးဇူးပြန်ဆပ်မလဲဆိုတာမျိုးကိုတွေးနေတတ်ကြတာမျိုးပါ။
လူတစ်ယောက်ကိုချစ်မိပြီဆိုရင်လည်း သူတို့အတွက် ဒီတစ်ယောက်က ဒီဘဝပါပဲ။အပြောင်းလဲလုပ်ဖို့ ကသူတို့အတွက်သိပ်ကို ခက်ခဲပင်ပန်းလွန်းပါတယ်။ တစ်ယောက်တည်းကို တစ်သတ်လုံးချစ်နိုင်ဖို့အမြဲကြိုးစားတတ်ကြတယ်။ သူတို့ချစ်သလိုမှ ပြန်မချစ်တဲ့အခါ ဒေါသပုန်ထပြီးဘာလို့လဲဆိုတဲ့အတွေးတွေ မေးခွန်းတွေနဲ့ပြည့်ကျပ်နေတတ်ကြသူတွေပါ။
မိသားစုအတွက်အားကိုးအားထားစရာလူတွေဖြစ်ပြီး တော်တော်များများက လူချစ်အောင်နေတတ်တဲ့ နေ့နာမ်မျိုးပါ။ တစ်ခါတစ်လေမှာ မဆိုသလောက်လေးမာယာသုံးတတ်ပင်မဲ့ သူတို့ရဲ့ တည်ငြိမ်မှုကြောင့်မာယာက ပိရိနေတတ်ပါတယ်။
စနေသားသမီးတွေရဲ့အားနည်းချက်တစ်ခုက ပတ်ဝန်းကျင်ကို သိပ်ပြီးလိုက်ကြည့်တတ်ကြတာပါပဲ။ ဆုံးဖြတ်ချက်ခိုင်မာမလိုနဲ့တစ်ခါတစ်လေ ပတ်ဝန်းကျင်အပြောတွေကြောင့် နောက်ဆံ တင်းတတ်ကြပါတယ်။
ကဲ…ကျွန်တော်ပြောတဲ့အချက်တွေနဲ့တူတဲ့ စနေသားသမီးစိတ်ကြီးကြီးအချစ်ကြီးကြီးလေးတွေရှိကြလား …
Unicode
စနေသားသမီးတွေ မွေးလာခဲ့ရင် မိဘတွေမှာရင်တမမနဲ့ဖြစ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ စနေဆိုတာနဲ့ကို စိတ်ကြီးဒေါသကြီးတယ်ဆိုတာ ကိုသူတို့သိထားကြလို့့ပါပဲ။
လူတွေသတိထားမိတာက စနေသားသမီးဆိုရင် စိတ်ကြီးတာပဲ သိထားကြပင်မဲ့ ကျန်တဲ့ကောင်းတဲ့အချက်တွေကို တော့ ဂဃဏန မသိတာများပါတယ်။ ဆိုတော့ နေ့နာမ်ချင်းတူတဲ့သူတွေသာ များသောအားဖြင့် နားလည်တတ်တဲ့ စနေသားသမီးတွေရဲ့ ခံစားချက်စိတ်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။ တူတဲ့သူလည်းရှိနိုင်သလို မတူတဲ့သူတွေလည်းရှိတာမလို့ အားလုံးမှန်တယ်လို့တော့မပြောလိုပါဘူးနော်…
စနေသားသမီးတွေဟာ သွေးအေးပြီးအဆိတ်ပြင်းတဲ့ သတ္တဝါတွေလို့ပြောရင်မှန်မယ်။ သူတို့ဘာသာနေတယ် သူတို့ Type နဲ့သူတို့နေတယ်နော်…အေး သွားပြီးတော့ နာကျင်အောင်မလုပ်မိစေနဲ့ ဒေါသပုန်ထတဲ့နေရာမှာ သူများထက်ဆိုးပါတယ်။
သူတို့ရဲ့စိတ်နေက အလကားနေဒေါသဖြစ်တတ်နေတာမျိုးလားဆိုုတော့ လုံးဝမဟုတ်ပါဘူး။ သူတို့ဘက်က ပေးဆပ်လို့ရသမျှလုပ်ပေးလို့ရသမျှကို အကုန်လုပ်ပေးချင်တတ်ကြတာပါ။ သူတို့အပေါ်ကောင်းပြီဆိုရင် မှတ်ထားတတ်ကြပြီး အခါအခွင့်သင့်တာနဲ့ဘယ်လိုကျေးဇူးပြန်ဆပ်မလဲဆိုတာမျိုးကိုတွေးနေတတ်ကြတာမျိုးပါ။
လူတစ်ယောက်ကိုချစ်မိပြီဆိုရင်လည်း သူတို့အတွက် ဒီတစ်ယောက်က ဒီဘဝပါပဲ။ အပြောင်းလဲလုပ်ဖို့ ကသူတို့အတွက်သိပ်ကို ခက်ခဲပင်ပန်းလွန်းပါတယ်။ တစ်ယောက်တည်းကို တစ်သတ်လုံးချစ်နိုင်ဖို့ အမြဲကြိုးစားတတ်ကြတယ်။ သူတို့ချစ်သလိုမှ ပြန်မချစ်တဲ့အခါ ဒေါသပုန်ထပြီးဘာလို့လဲဆိုတဲ့ အတွေးတွေ မေးခွန်းတွေနဲ့ပြည့်ကျပ်နေတတ်ကြသူတွေပါ။
မိသားစုအတွက် အားကိုးအားထားစရာလူတွေဖြစ်ပြီး တော်တော်များများက လူချစ်အောင်နေတတ်တဲ့ နေ့နာမ်မျိုးပါ။ တစ်ခါတစ်လေမှာ မဆိုသလောက်လေးမာယာသုံးတတ်ပင်မဲ့ သူတို့ရဲ့ တည်ငြိမ်မှုကြောင့်မာယာက ပိရိနေတတ်ပါတယ်။
စနေသားသမီးတွေရဲ့အားနည်းချက်တစ်ခုက ပတ်ဝန်းကျင်ကို သိပ်ပြီးလိုက်ကြည့်တတ်ကြတာပါပဲ။ ဆုံးဖြတ်ချက်ခိုင်မာမလိုနဲ့တစ်ခါတစ်လေ ပတ်ဝန်းကျင်အပြောတွေကြောင့် နောက်ဆံ တင်းတတ်ကြပါတယ်။
ကဲ…ကျွန်တော်ပြောတဲ့အချက်တွေနဲ့တူတဲ့ စနေသားသမီးစိတ်ကြီးကြီး အချစ်ကြီးကြီးလေးတွေရှိကြလား …