ယောကျ်ားလေးတွေပြောပြတဲ့ သူတို့ “မမတွေကို ပိုသဘောကျရတဲ့အကြောင်းရင်း…”
trend.com.mm
|
2019-02-20

များသောအားဖြင့်စုံတွဲတွေကိုကြည့်လိုက်ရင် မမနဲ့မောင်လေးစုံတွဲတွေများကြပါတယ်။လေ့လာချက်တွေအရလည်း ယောကျာ်းလေးတွေဟာ သူတို့ထက်
အသက်အရွယ်ကြီးတဲ့မမတွေကို ညီမလေးတွေထက်ပိုပြီးသဘောကျကြတယ်လို့သိရပါတယ်။ဘာလို့မမတွေကို ပိုသဘောကျကြတာလဲ?ယောကျာ်းလေး
တစ်ချို့ရဲ့အဖြေကတော့…

*မမတွေက သူတို့ဘာလိုချင်လဲအတိအကျသိကြတယ်
မမတွေရဲ့ဆွဲဆောင်မှုတစ်ခုကတော့ သူတို့ဖြစ်ချင်တာ၊သူတို့လုပ်ချင်တာကို တိတိကျကျသိကြတာပါပဲ။သူတို့ဘာလိုချင်တယ်ဆိုတာသိတယ်။သူတို့
အောင်မြင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာသိကြပါတယ်။ညီမလေးတွေက ကိုကိုတွေ၊မောင်လေးတွေနဲ့ဒရာမာခင်းနေချိန် မမတွေကတော့
သူတို့ဘဝတိုးတက်ဖို့၊သူတို့ချစ်တဲ့သူတွေရဲ့ဘဝကိုကူညီဖို့အာရုံစိုက်နေကြပါတယ်။ဒါကပဲ ယောကျ်ားလေးတွေအတွက်ဆွဲဆောင်မှုတစ်ခုဖြစ်နေပြီး
မမတွေနဲ့ချစ်သူဖြစ်တဲ့အခါမှာလည်းအများကြီးအာရုံစိုက်ပေးစရာမလိုလို့ သူတို့က မမတွေကိုသဘောကျကြပါတယ်။

*မမတွေက ဘဝအကြောင်းပိုသိတယ်
မမတွေကအသက်အရွယ်အရပိုကြီးသလို ဘဝအတွေ့အကြုံတွေကလည်း ပိုများပါတယ်။အချစ်ရေးမှာပဲကြည့်မလား၊စီးပွားရေးမှာပဲကြည့်မလား၊
ပညာရေးမှာပဲကြည့်မလား မမတွေကိုလေ့လာကြည့်လိုက်ရင် သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဘဝကိုအေးအေးဆေးဆေးရင်ဆိုင်နေတာ
တွေ့ရပါလိမ့်မယ်။ဒါကြောင့် မမတွေကို ရွေးချယ်တဲ့အခါ သူတို့အပေါ်လည်းကောင်းကောင်းပြုပြင်ပေးနိုင်လိမ့်မယ်။သူတို့လိုအပ်ချက်တွေကို
ထောက်ပြနိုင်လိမ့်မယ်၊သူတို့ကိုပိုပြီးရင့်ကျက်စေလိမ့်မယ်လို့ ယောကျ်ားလေးတွေက ထင်မြင်ယူဆပြီး မမတွေကိုပိုပြီးရွေးချယ်တတ်ကြပါတယ်။

*မမတွေက ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိပြီးအမှီအခိုကင်းတယ်
ညီမလေးတွေက ပတ်ဝန်းကျင်အာရုံစိုက်ခံရဖို့ တစ်ခုပြီးတစ်ခုကြိုးစားနေချိန် မမတွေကတော့ ဘယ်သူ့ကိုမှ သူမတော်ကြောင်း၊သူမတတ်ကြောင်း
သက်သေပြစရာမလိုလောက်အောင်ယုံကြည်မှုအပြည့်ရှိစွာ ဘဝကိုဖြတ်သန်းနေပါတယ်။မမတွေနဲ့ချစ်သူဖြစ်တဲ့အခါမှာလည်း သူတို့အတွက်ဂရုစိုက်မှုသာ
ပေးနိုင်ရင် ဒါကအကောင်းဆုံးအကူအညီပေး၊အားဖြစ်ပေးတာပါပဲ။

*မမတွေက စိတ်ပိုင်းဆိုင်ရာအရလည်း ပိုရင့်ကျက်မှုရှိတယ်
မမတွေက ငယ်ရွယ်တဲ့အသက်ကာလအပိုင်းအခြားကိုဖြတ်သန်းလာရပြီးတဲ့အတွက် မောင်လေးတွေရဲ့ခံစားချက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။မမတွေကအချိန်တိုင်းအတူရှိနေရမှ၊သူတို့ကိုအမြဲသဝန်တိုနေမှ၊သူတို့နဲ့အမြဲစကားပြောပေးနေမှဆိုတဲ့အခြေအနေမျိုး မဖန်တီးကြပါဘူး။ဒါကြောင့် မမတွေနဲ့ချစ်သူဖြစ်ရင်အမြဲတမ်းချုပ်ချယ်ခံနေရတာ၊ဟိုဟာမလုပ်ရ၊ဒီဟာမလုပ်ရနဲ့တားဆီးခံရတာမျိုးတွေ သိပ်မရှိနိုင်ပါဘူး။သူတို့က သူတို့ချစ်သူမောင်လေးတွေအတွက်တောင် ပိုပြီးအားဖြစ်စေနိုင်ပါတယ်။

*မမတွေက မိခင်တစ်ယောက်လိုပဲ ကြင်နာတတ်တယ်
တစ်ချို့သောယောကျ်ားလေးတွေက တစ်ခါတစ်လေဆို ကလေးတွေထက်တောင်ပိုကလေးဆန်တတ်ကြပါတယ်။သူတို့က မမတွေဆီက ဂရုစိုက်မှုကိုခံယူချင်ကြပါတယ်။အားပေးမှုကို လိုချင်ကြပါတယ်။တစ်ခုခုဆို သူတို့ရှေ့ကနေအမြဲရှိနေပေးတာမျိုး၊သူတို့ကို ဂရုတစိုက်အစားအသောက်လေးချက်ကျွေးတာမျိုး၊အဝတ်အစားလေးသေချာရွေးချယ်ဝယ်ပေးတာမျိုးစတဲ့အပြုအမူတွေကြောင့်ပိုပြီးအားကိုးစိတ်ဖြစ်ကာ ညီမလေးတွေထက်ပိုပြီးသဘောကျတတ်ကြပါတယ်။ပြောရမယ်ဆိုရင်တော့ သူတို့က ဂရုစိုက်ပေးရမှာထက် သူတို့ကိုဂရုစိုက်ပေးမယ့်သူကို ပိုပြီးရွေးချယ်ကြတာဖြစ်ပါတယ်။

တကယ်တော့အချစ်မှာအသက်ငယ်တာ၊ကြီးတာရယ်နဲ့တော့ မဆိုင်ပါဘူး။အသက်အရွယ်က စိတ်ဓာတ်ရင့်ကျက်တာ၊မရင့်ကျက်တာကိုလည်း မပြနိုင်ပါဘူး။ဒါပေမဲ့လည်း ဒီလိုအချက်တွေကြောင့် မမတွေက ယောကျာ်းလေးတွေရဲ့မျက်စိထဲမှာ ပိုပြီး ဆွဲဆောင်မှုရှိကာ ပိုပြီးသဘောကျသွားခဲ့ကြတာဖြစ်ပါတယ်။

ကဲ ယူတို့မှာရော ဒီလိုမမမျိုးရှိလား?

Unicode

များသောအားဖြင့်စုံတွဲတွေကိုကြည့်လိုက်ရင် မမနဲ့မောင်လေးစုံတွဲတွေများကြပါတယ်။လေ့လာချက်တွေအရလည်း ယောကျာ်းလေးတွေဟာ သူတို့ထက်
အသက်အရွယ်ကြီးတဲ့မမတွေကို ညီမလေးတွေထက်ပိုပြီးသဘောကျကြတယ်လို့သိရပါတယ်။ဘာလို့မမတွေကို ပိုသဘောကျကြတာလဲ?ယောကျာ်းလေး
တစ်ချို့ရဲ့အဖြေကတော့…

*မမတွေက သူတို့ဘာလိုချင်လဲ အတိအကျသိကြတယ်
မမတွေရဲ့ဆွဲဆောင်မှုတစ်ခုကတော့ သူတို့ဖြစ်ချင်တာ၊သူတို့လုပ်ချင်တာကို တိတိကျကျသိကြတာပါပဲ။သူတို့ဘာလိုချင်တယ်ဆိုတာသိတယ်။သူတို့
အောင်မြင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာသိကြပါတယ်။ညီမလေးတွေက ကိုကိုတွေ၊မောင်လေးတွေနဲ့ဒရာမာခင်းနေချိန် မမတွေကတော့
သူတို့ဘဝတိုးတက်ဖို့၊သူတို့ချစ်တဲ့သူတွေရဲ့ဘဝကိုကူညီဖို့အာရုံစိုက်နေကြပါတယ်။ဒါကပဲ ယောကျ်ားလေးတွေအတွက်ဆွဲဆောင်မှုတစ်ခုဖြစ်နေပြီး
မမတွေနဲ့ချစ်သူဖြစ်တဲ့အခါမှာလည်း အများကြီးအာရုံစိုက်ပေးစရာမလိုလို့ သူတို့က မမတွေကိုသဘောကျကြပါတယ်။

*မမတွေက ဘဝအကြောင်းပိုသိတယ်
မမတွေက အသက်အရွယ်အရပိုကြီးသလို ဘဝအတွေ့အကြုံတွေကလည်း ပိုများပါတယ်။အချစ်ရေးမှာပဲကြည့်မလား၊စီးပွားရေးမှာပဲကြည့်မလား၊
ပညာရေးမှာပဲကြည့်မလား မမတွေကိုလေ့လာကြည့်လိုက်ရင် သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဘဝကို အေးအေးဆေးဆေးရင်ဆိုင်နေတာ
တွေ့ရပါလိမ့်မယ်။ဒါကြောင့် မမတွေကို ရွေးချယ်တဲ့အခါ သူတို့အပေါ်လည်းကောင်းကောင်းပြုပြင်ပေးနိုင်လိမ့်မယ်။သူတို့လိုအပ်ချက်တွေကို
ထောက်ပြနိုင်လိမ့်မယ်၊သူတို့ကိုပိုပြီးရင့်ကျက်စေလိမ့်မယ်လို့ ယောကျ်ားလေးတွေက ထင်မြင်ယူဆပြီး မမတွေကိုပိုပြီးရွေးချယ်တတ်ကြပါတယ်။

*မမတွေက ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိပြီး အမှီအခိုကင်းတယ်
ညီမလေးတွေက ပတ်ဝန်းကျင်အာရုံစိုက်ခံရဖို့ တစ်ခုပြီးတစ်ခုကြိုးစားနေချိန် မမတွေကတော့ ဘယ်သူ့ကိုမှ သူမတော်ကြောင်း၊သူမတတ်ကြောင်း
သက်သေပြစရာမလိုလောက်အောင်ယုံကြည်မှုအပြည့်ရှိစွာ ဘဝကိုဖြတ်သန်းနေပါတယ်။မမတွေနဲ့ချစ်သူဖြစ်တဲ့အခါမှာလည်း သူတို့အတွက်ဂရုစိုက်မှုသာ
ပေးနိုင်ရင် ဒါက အကောင်းဆုံးအကူအညီပေး၊အားဖြစ်ပေးတာပါပဲ။

*မမတွေက စိတ်ပိုင်းဆိုင်ရာအရလည်း ပိုရင့်ကျက်မှုရှိတယ်
မမတွေက ငယ်ရွယ်တဲ့အသက်ကာလအပိုင်းအခြားကိုဖြတ်သန်းလာရပြီးတဲ့အတွက် မောင်လေးတွေရဲ့ခံစားချက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။မမတွေက အချိန်တိုင်းအတူရှိနေရမှ၊သူတို့ကို အမြဲသဝန်တိုနေမှ၊သူတို့နဲ့ အမြဲစကားပြောပေးနေမှဆိုတဲ့အခြေအနေမျိုး မဖန်တီးကြပါဘူး။ဒါကြောင့် မမတွေနဲ့ချစ်သူဖြစ်ရင် အမြဲတမ်းချုပ်ချယ်ခံနေရတာ၊ဟိုဟာမလုပ်ရ၊ဒီဟာမလုပ်ရနဲ့တားဆီးခံရတာမျိုးတွေ သိပ်မရှိနိုင်ပါဘူး။သူတို့က သူတို့ချစ်သူမောင်လေးတွေအတွက်တောင် ပိုပြီးအားဖြစ်စေနိုင်ပါတယ်။

*မမတွေက မိခင်တစ်ယောက်လိုပဲ ကြင်နာတတ်တယ်
တစ်ချို့သောယောကျ်ားလေးတွေက တစ်ခါတစ်လေဆို ကလေးတွေထက်တောင်ပိုကလေးဆန်တတ်ကြပါတယ်။သူတို့က မမတွေဆီက ဂရုစိုက်မှုကိုခံယူချင်ကြပါတယ်။အားပေးမှုကို လိုချင်ကြပါတယ်။တစ်ခုခုဆို သူတို့ရှေ့ကနေ အမြဲရှိနေပေးတာမျိုး၊သူတို့ကို ဂရုတစိုက်အစားအသောက်လေးချက်ကျွေးတာမျိုး၊အဝတ်အစားလေးသေချာရွေးချယ်ဝယ်ပေးတာမျိုးစတဲ့အပြုအမူတွေကြောင့်ပိုပြီးအားကိုးစိတ်ဖြစ်ကာ ညီမလေးတွေထက်ပိုပြီးသဘောကျတတ်ကြပါတယ်။ပြောရမယ်ဆိုရင်တော့ သူတို့က ဂရုစိုက်ပေးရမှာထက် သူတို့ကိုဂရုစိုက်ပေးမယ့်သူကို ပိုပြီးရွေးချယ်ကြတာဖြစ်ပါတယ်။

တကယ်တော့ အချစ်မှာအသက်ငယ်တာ၊ကြီးတာရယ်နဲ့တော့ မဆိုင်ပါဘူး။အသက်အရွယ်က စိတ်ဓာတ်ရင့်ကျက်တာ၊မရင့်ကျက်တာကိုလည်း မပြနိုင်ပါဘူး။ဒါပေမဲ့လည်း ဒီလိုအချက်တွေကြောင့် မမတွေက ယောကျာ်းလေးတွေရဲ့မျက်စိထဲမှာ ပိုပြီး ဆွဲဆောင်မှုရှိကာ ပိုပြီးသဘောကျသွားခဲ့ကြတာဖြစ်ပါတယ်။

ကဲ ယူတို့မှာရော ဒီလိုမမမျိုးရှိလား?

Some text some message..