အမြဲကျီစယ်စနောက်နေတတ်တဲ့စုံတွဲဟာအချစ်ရေးမှာပိုပြီးခိုင်မြဲကြသတဲ့
trend.com.mm
|
2019-02-25




သင်တို့ချစ်သူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်အမြဲစနောက်လေ့ရှိပါသလား? ဒါဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးက သင်တို့ထင်ထားတာထက်ကို
ပိုပြီးခိုင်မြဲဦးမှာပါ။ဘာလို့လဲဆိုရင် လေ့လာချက်တွေအရ တစ်ယောက်ကိုတစ်ယောက်အမြဲကျီစယ်နောက်ပြောင်နေတတ်တဲ့စုံတွဲဟာ
အချစ်ရေးမှာ ပိုပြီးခိုင်မြဲပါသတဲ့။








အဲ့ဒီလို တစ်ယောက်ကိုတစ်ယောက် သူငယ်ချင်းတွေလိုအမြဲကျီစယ်စနောက်နေတတ်တာဟာ တစ်ခြားစုံတွဲတွေနဲ့မတူတဲ့အားသာချက်တစ်ခုပါ။
သာမန်လူတွေတောင် ကိုယ့်ကိုပျော်စေတဲ့သူကို ပိုပြီးသဘောကျတတ်ကြတာမဟုတ်လား။ကိုယ့်ကိုပျော်စေတဲ့ချစ်သူဆိုရင် ပိုပြီးအားကိုးတွယ်တာကြမှာအမှန်ပါပဲ။တစ်ယောက်ကိုတစ်ယောက် ကျီစယ်တယ်။စနောက်တယ်။ရယ်မောပျော်ရွှင်ကြတယ်အဲ့ဒီလို Rs တွေဟာ စိတ်ချမ်းသာမှုပိုများပြီး တစ်ယောက်ရဲ့လိုအပ်ချက်ကိုလည်း တစ်ယောက်က နားလည်ဖြည့်ဆည်းပေးတတ်ကြပါတယ်။ပိုပြီးတော့လည်းတစ်ယောက်ကိုတစ်ယောက်အကောင်းမြင်တတ်ကြတယ်လို့သိရပါတယ်။







တစ်ယောက်ကိုတစ်ယောက်ပျော်ရွှင်စေတယ်။စိတ်ချမ်းသာစေတယ်။စိတ်ကြည်နူးစေတယ်။အဲ့ဒီကနေဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုဟော်မုန်းဟာ ချစ်သူနှစ်ဦးကြားဆက်ဆံရေးကို ကောင်းမွန်အောင်အများကြီးပံ့ပိုးပေးပါတယ်။ပြဿနာတွေကို လွယ်ကူစွာဖြေရှင်းစေနိုင်ပါတယ်။ဒါပေမဲ့ စနောက်တယ်ဆိုတဲ့နေရာမှာလည်း ချစ်သူကို နစ်နာအောင်၊ကြောက်လန့်သွားအောင် မစနောက်ဖို့တော့လိုပါတယ်နော်။

Trend ပရိသတ်ကြီးထဲမှာရော ဒီလိုချစ်စရာစုံတွဲမျိုးပါလား??







Ref:Brightside


















Some text some message..