ရန်ဖြစ်နေတဲ့အချိန်ဆို သူပြောတဲ့စကားလုံးတစ်လုံး၊အပြုအမူသေးသေးလေးတွေကအစ နာကျင်ရပါတယ်။တစ်ခါတစ်လေဆို ကိုယ်လုပ်လိုက်တဲ့
အပြုအမူတစ်ခုဟာ ပြန်ပြေလည်ရမယ့်အစားပိုဆိုးသွားတာတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့် ချစ်သူစုံတွဲတိုင်း ရန်ဖြစ်တဲ့အခါမှာ
သတိထားရှောင်ရှားသင့်တဲ့အချက်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
*လူကြားထဲမှာ ဘယ်တော့မှရန်မဖြစ်ပါနဲ့
ပထမဆုံးအချက်ကတော့ ရန်ဖြစ်တော့မယ့်အရိပ်အခြည်တွေမြင်လာတဲ့အခါ လူရှင်းတဲ့တစ်နေရာသွားပြီး ဖြစ်ကြဖု့ိ့ပါပဲ။လူကြားထဲမှာ ရန်ဖြစ်မယ်။ သူများတွေသတိထားမိအောင် တစ်ယောက်ကိုတစ်ယောက်ပြောဆိုနေမယ်ဆိုရင် ဒါက ရန်ပွဲကိုပိုပြီးတောင်ကြီးမားလာစေပါတယ်။ကိုယ့်ချစ်သူကိုလည်း မလေးစားရာကျပါတယ်။
*ထစ်ခနဲရှိ လမ်းခွဲတာပဲကောင်းမယ်ဆိုတဲ့စကားမပြောပါနဲ့
လူတစ်ယောက်သည်းခံနိုင်တယ်ဆိုတာအတိုင်းအတာရှိပါတယ်။ဒါကြောင့် စကားများရန်ဖြစ်တဲ့အခါတိုင်း လမ်းခွဲမယ်ဆိုတဲ့စကားကိုပြောနေမယ်ဆိုရင်
အဆင်မပြေပါဘူး။ဘယ်ချစ်သူစုံတွဲမှာဆို ပြဿနာအနည်းအများဆိုတာရှိကြတာပါပဲ။ဒါကြောင့် လမ်းခွဲမယ်ဆိုတဲ့စကားကို လွယ်လွယ်နဲ့ပြောမနေပါနဲ့။
*ပြဿနာတွေကိုရောထွေးပြီးမပြောပါနဲ့
အခုပြဿနာဖြစ်ရတဲ့အကြောင်းကိုသာမကအရင်တုန်းကအမှားတွေ၊အတိတ်တွေကိုပါ ပြန်လှန်ပြောနေမယ်ဆိုရင် ရန်ပွဲကိုပိုပြီးကြီးမားလာစေပါတယ်။
ပြီးခဲ့တဲ့ကိစ္စတွေကိုပြန်ပြောနေတာက သူတို့စိတ်ထဲမှာတကယ်မပြီးပဲ တေးမှတ်ထားသလိုဖြစ်နေပါတယ်။ပြဿနာတစ်ခုတက်တိုင်းအဲ့ဒီပြဿနာကိုပဲ
အဓိကထားပြီးဖြေရှင်းပါ။
*ကိုယ်ထိလက်ရောက်မလုပ်ပါနဲ့
ကိုယ့်ချစ်သူကို လက်နဲ့ရွယ်တာမျိုးတောင် ရန်ဖြစ်နေတဲ့အချိန်မလုပ်သင့်ပါဘူး။ဒီလိုကိုယ်ထိလက်ရောက်ပြုမူတာဟာ ရန်ဖြစ်ပြီးလို့ပြေလည်သွားတဲ့
အချိန်ဆို သင်နောင်တရစရာဖြစ်နေပါလိမ့်မယ်။ပြီးတော့ ဒီလိုကိုယ်ထိလက်ရောက်ပြုမူတာဟာ ချစ်သူကောင်းတစ်ယောက်ရဲ့အပြုအမူလည်းမဟုတ်ပါဘူး။
*မိသားစုတွေ၊သူငယ်ချင်းတွေကို ဆွဲမထည့်ပါနဲ့
ရန်ဖြစ်ကြတဲ့အချိန်မှာ မိသားစုတွေ၊သူငယ်ချင်းတွေကိုအန်တီသားကိုပြောပါဦး၊ဆုံးမပါဦး။သူငယ်ချင်းတွေကို နင်တု့ိသူငယ်ချင်းကိုကြည့်ပြောဦး
စသဖြင့် ကိုယ်ရန်ဖြစ်တဲ့ပြဿနာကို သူတို့ကိုပါဆွဲထည့်လိုက်တဲ့အခါ မိသားစုတွေ၊သူငယ်ချင်းတွေကြားထဲမှာအရှုပ်အထွေးတွေဖြစ်လာစေပါတယ်။
သင်တို့အချစ်ရေးပြေလည်သွားရင်တောင် နောင်တစ်ချိန်မှာ ဒီလိုမိသားစုပါသိတဲ့ ပြဿာနာက ထောက်ပြစရာတစ်ခုဖြစ်လာနိုင်ပါတယ်။
ကဲ ဒီအချက်လေးတွေကတော့ သင်တို့ချစ်သူနှစ်ဦးရန်ဖြစ်ကြတဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေပါပဲ။ဒါလေးတွေကိုသတိထားမယ်။ရန်ဖြစ်တဲ့အခါမှာလည်းတစ်ယောက်ကိုတစ်ယောက်အငြင်းပွားနေတာထက်သူ့နေရာ ငါ့နေရာ ကိုယ်ချင်းစာပြီးအရင်ဆုံးခံစားတွေးကြည့်ပေးမယ်ဆိုရင် ရန်ဖြစ်ရတဲ့အကြိမ်ရေတွေလျော့နည်းပြီးအချစ်ရေးက ပိုပြီးအဆင်ပြေသာယာလာမှာအမှန်ပါပဲ။
Ref:Brighside
Unicode
ရန်ဖြစ်နေတဲ့အချိန်ဆို သူပြောတဲ့စကားလုံးတစ်လုံး၊အပြုအမူသေးသေးလေးတွေက အစ နာကျင်ရပါတယ်။တစ်ခါတစ်လေဆို ကိုယ်လုပ်လိုက်တဲ့
အပြုအမူတစ်ခုဟာ ပြန်ပြေလည်ရမယ့်အစားပိုဆိုးသွားတာတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့် ချစ်သူစုံတွဲတိုင်း ရန်ဖြစ်တဲ့အခါမှာ
သတိထားရှောင်ရှားသင့်တဲ့အချက်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
*လူကြားထဲမှာ ဘယ်တော့မှရန်မဖြစ်ပါနဲ့
ပထမဆုံးအချက်ကတော့ ရန်ဖြစ်တော့မယ့်အရိပ်အခြည်တွေမြင်လာတဲ့အခါ လူရှင်းတဲ့တစ်နေရာသွားပြီး ဖြစ်ကြဖု့ိ့ပါပဲ။လူကြားထဲမှာ ရန်ဖြစ်မယ်။ သူများတွေသတိထားမိအောင် တစ်ယောက်ကိုတစ်ယောက်ပြောဆိုနေမယ်ဆိုရင် ဒါက ရန်ပွဲကိုပိုပြီးတောင်ကြီးမားလာစေပါတယ်။ကိုယ့်ချစ်သူကိုလည်း မလေးစားရာကျပါတယ်။
*ထစ်ခနဲရှိ လမ်းခွဲတာပဲကောင်းမယ်ဆိုတဲ့စကားမပြောပါနဲ့
လူတစ်ယောက်သည်းခံနိုင်တယ်ဆိုတာ အတိုင်းအတာရှိပါတယ်။ဒါကြောင့် စကားများရန်ဖြစ်တဲ့အခါတိုင်း လမ်းခွဲမယ်ဆိုတဲ့စကားကိုပြောနေမယ်ဆိုရင်
အဆင်မပြေပါဘူး။ဘယ်ချစ်သူစုံတွဲမှာဆို ပြဿနာအနည်းအများဆိုတာရှိကြတာပါပဲ။ဒါကြောင့် လမ်းခွဲမယ်ဆိုတဲ့စကားကို လွယ်လွယ်နဲ့ပြောမနေပါနဲ့။
*ပြဿနာတွေကိုရောထွေးပြီးမပြောပါနဲ့
အခုပြဿနာဖြစ်ရတဲ့အကြောင်းကိုသာမက အရင်တုန်းက အမှားတွေ၊အတိတ်တွေကိုပါ ပြန်လှန်ပြောနေမယ်ဆိုရင် ရန်ပွဲကိုပိုပြီးကြီးမားလာစေပါတယ်။
ပြီးခဲ့တဲ့ကိစ္စတွေကိုပြန်ပြောနေတာက သူတို့စိတ်ထဲမှာတကယ်မပြီးပဲ တေးမှတ်ထားသလိုဖြစ်နေပါတယ်။ပြဿနာတစ်ခုတက်တိုင်း အဲ့ဒီပြဿနာကိုပဲ
အဓိကထားပြီးဖြေရှင်းပါ။
*ကိုယ်ထိလက်ရောက်မလုပ်ပါနဲ့
ကိုယ့်ချစ်သူကို လက်နဲ့ရွယ်တာမျိုးတောင် ရန်ဖြစ်နေတဲ့အချိန်မလုပ်သင့်ပါဘူး။ဒီလိုကိုယ်ထိလက်ရောက်ပြုမူတာဟာ ရန်ဖြစ်ပြီးလို့ပြေလည်သွားတဲ့
အချိန်ဆို သင်နောင်တရစရာဖြစ်နေပါလိမ့်မယ်။ပြီးတော့ ဒီလိုကိုယ်ထိလက်ရောက်ပြုမူတာဟာ ချစ်သူကောင်းတစ်ယောက်ရဲ့အပြုအမူလည်းမဟုတ်ပါဘူး။
*မိသားစုတွေ၊သူငယ်ချင်းတွေကို ဆွဲမထည့်ပါနဲ့
ရန်ဖြစ်ကြတဲ့အချိန်မှာ မိသားစုတွေ၊သူငယ်ချင်းတွေကို အန်တီသားကိုပြောပါဦး၊ဆုံးမပါဦး။သူငယ်ချင်းတွေကို နင်တု့ိသူငယ်ချင်းကိုကြည့်ပြောဦး
စသဖြင့် ကိုယ်ရန်ဖြစ်တဲ့ပြဿနာကို သူတို့ကိုပါဆွဲထည့်လိုက်တဲ့အခါ မိသားစုတွေ၊သူငယ်ချင်းတွေကြားထဲမှာ အရှုပ်အထွေးတွေဖြစ်လာစေပါတယ်။
သင်တို့အချစ်ရေးပြေလည်သွားရင်တောင် နောင်တစ်ချိန်မှာ ဒီလိုမိသားစုပါသိတဲ့ ပြဿာနာက ထောက်ပြစရာတစ်ခုဖြစ်လာနိုင်ပါတယ်။
ကဲ ဒီအချက်လေးတွေကတော့ သင်တို့ချစ်သူနှစ်ဦးရန်ဖြစ်ကြတဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေပါပဲ။ဒါလေးတွေကိုသတိထားမယ်။ရန်ဖြစ်တဲ့အခါမှာလည်းတစ်ယောက်ကိုတစ်ယောက် အငြင်းပွားနေတာထက ်သူ့နေရာ ငါ့နေရာ ကိုယ်ချင်းစာပြီး အရင်ဆုံးခံစားတွေးကြည့်ပေးမယ်ဆိုရင် ရန်ဖြစ်ရတဲ့အကြိမ်ရေတွေလျော့နည်းပြီး အချစ်ရေးက ပိုပြီးအဆင်ပြေသာယာလာမှာအမှန်ပါပဲ။
Ref:Brighside