Lotayamm

လူနှင့်​တန်​ဖိုး
mmcelesmedia.com
|
2019-02-28



လောကမှာ ပျိုရွယ်နေချိန်ဖြစ်ဖြစ်၊ အိုရွယ်နေချိန်ဖြစ်ဖြစ် ကိုယ့်နဲ့ ကိုယ့်ပတ်ဝန်းကျင်တွင် အကျိုးရှိရှိအလုပ်တွေလုပ်ပီး နေထိုင်သွားဖို့ လိုတယ်။

ကိုယ့်ကိုယ်ကို လူပိုတစ်ယောက် ဘယ်တော့မှ အဖြစ်မခံပါနဲ့ ။ ဘယ်အလုပ်ကို လုပ်လုပ်၊ ဘာပဲစပြောင်းလဲပါစေ ကိုယ်က အရင်စရတယ်။

ကိုယ်ကစပြီးမလုပ်ဘဲ သူများကို သွားအပြစ်တင်တဲ့လူက အလားကားပဲ။ ကိုယ့်အတွက် သူတပါး ၀န်မပိုပါစေနဲ့ ၊ ၀န်မပိပါစေနဲ့ ။

ကိုယ်တိုင် ကိုယ့်ဘ၀ရဲ့ အခက်ခဲတွေကို အကောင်းဆုံးဖြေရှင်းပြီး နေရမယ်။ လူပိုတစ်ယောက်ဖြစ်လာပီဆို လောကမှာ အဲ့ဒီလူဟာ အမှိုက်တစ်စပါပဲ။




သူ့ အတွက်လည်း အမှိုက်ပိုရှုပ်တယ်။ လောကမှ လုပ်အားတွေ အများကြီးလိုပါတယ်။ လိုနေတဲ့နေရာတွေကို ကိုယ်လည်း ၀င်ဖြည့်ပေးရမယ်။

လူပိုဖြစ်မနေအောင် နေဖို့ လိုတယ်။ တကယ်တမ်း ကိုယ်သာ အသုံးဝင်မယ်ဆိုရင် မိသားစုမှာလည်း ကိုယ်ဟာလိုအပ်ပါတယ်၊

မိတ်ဆွေသူငယ်ချင်းတွေကြားမှာလည်း ကိုယ်ဟာ လိုအပ်ပါတယ်၊ ပတ်ဝန်းကျင်မှာလည်း ကိုယ်ဟာ လိုအပ်တာပါပဲ။

ကိုယ့်ရဲ့ အသုံးဝင်မှုကို သူများတွေသိဖို့ ထက် ကိုယ်တိုင် သိအောင်လုပ်ဖို့ လိုတယ်။ ကိုယ့်ရဲ့ခွန်အားတွေနဲ့  လိုအပ်တဲ့နေရာတွေကို ဖြည့်ဆည်းပေးလိုက်စမ်းပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..