Lotayamm

''ညီမက အမြဲတမ်း လျှပ်ပြာလျှပ်ပြာနဲ့ဆိုတော့ ပြုတ်ကျမှာကြောက်တယ်'' ဆိုတဲ့ မေတိုးခိုင်
yangonmedia.com
|
2019-02-28




အကယ်ဒမီအိန္ဒြာကျော်ဇင်၏တူမဖြစ်ပြီး ယခုအခါတွင် အကယ်ဒမီရွှေကြိုအဖြစ်ရွေးချယ်ခံရကာ အနုပညာအလုပ်များကို လည်း ဆက်တိုက်လုပ်ဆောင်လာတဲ့ တက်သစ်စသရုပ်ဆောင် မေတိုးခိုင်နှင့်တွေ့ဆုံကာ သူမရဲ့ အနုပညာလှုပ်ရှားမှု များနှင့်ပတ်သက်ပြီး ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။


မေး-လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ-အခုကတော့ ကြော်ငြာလေးတွေရိုက်ဖြစ်နေတယ်။ နောက်တစ်ပတ်ထဲမှာ Sky Net ကလွှင့်မယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိပါတယ်။ နောက်ရွှေကြိုအနေနဲ့ရွေးချယ်ခံထားရတဲ့ အတွက် အဲဒီအတွက် ကြိုတင်လေ့ကျင့်မှုတွေလုပ်ဖို့ရှိပါတယ်။



မေး-ရွှေကြိုအနေနဲ့ ရွေးချယ်ခံရတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။
ဖြေ-ရွှေကြိုဆိုတာက အနုပညာကိုဝါသနာပါတဲ့သူတိုင်း လုပ်ချင်နေတဲ့အရာတစ်ခုပေါ့နော်။ အရင်နှစ် တွေကတည်းက အကယ်ဒမီပေးပွဲတွေကြည့်ပြီးတော့ ရွှေကြိုလေးတွေ ထွက်လာတာမြင်ရင် အားကျ နေရတဲ့သူတစ်ယောက်ဆိုတော့ အခုလိုမျိုးရွှေကြိုအနေနဲ့ ပါဝင်ခွင့်ရပြီဆိုတော့ အတိုင်းထက်အလွန် ပေါ့နော်။ ပြီးတော့ ရွှေကြိုတစ်ယောက်အနေနဲ့ပါဝင်ခွင့်ရပြီဆိုရင် နောက်ပိုင်းမှာပရိသတ်တွေလည်း ဒီထက်ပိုပြီးတော့ ညီမကို သတိထားမိလာမယ်။ အားပေးလာမယ်လို့ ထင်တယ်။ အဲဒါကြောင့် ရွှေကြိုအနေနဲ့ရွေးချယ်ခံရတာကို အရမ်းဝမ်းသာတယ်။ ပြီးတော့ နည်းနည်းလည်းကြောက်နေမိတယ်။


မေး-ဘာဖြစ်လို့ ကြောက်နေတာလဲ။
ဖြေ-ကြောက်တယ်ဆိုတာက ညီမက အမြဲတမ်းလျှပ်ပြာလျှပ်ပြာနဲ့ဆိုတော့ ပြုတ်ကျမှာ ကြောက်တယ်။ အဲဒါကြောင့် တီဝဲကလည်း ရွှေကြိုအနေနဲ့ရွေးချယ်ခံရတယ်ဆိုတော့ ဘေး ကနေ အားပေးတယ်။ ဒါပေမဲ့ လျှပ်ပြာလျှပ်ပြာမလုပ်ဖို့ကိုတော့ သတိပေးတယ်။



မေး- Sky Net ကလွှင့်မယ့် ရုပ်ရှင်ဇာတ်ကားမှာရော ဘယ်လိုကာရိုက်တာမျိုးနဲ့မြင်တွေ့ ရမလဲ။
ဖြေ-အဲဒီဇာတ်ကားမှာကတော့ ပေါ့ပေါ့ပါးပါး ကာရိုက်တာမျိုးပါပဲ။ အဲဒီဇာတ်ကားက တော့ ဒါရိုက်တာကိုပေါက်နဲ့ရိုက်မှာပါ။ ၁၅ ရက်လောက်တော့ကြာမယ်လို့ သိထားပါတယ်။


မေး-ဇာတ်ကားတွေကမ်းလှမ်းလာရင် အဒေါ်နဲ့တိုင်ပင်ပြီးတော့ ဇာတ်ကားတွေ လက်ခံဖြစ်တာလား။
ဖြေ-ဇာတ်ကားတွေလာကမ်းလှမ်းရင် အမေနဲ့လည်းတိုင်ပင်ဖြစ်တယ်။ တီဝဲနဲ့ လည်းတိုင်ပင်ဖြစ်တယ်။ အိမ်မှာကတော့ အမြဲတမ်းသူတို့နှစ်ယောက်နဲ့က ဘာလေး ပဲဖြစ်ဖြစ် တစ်ခုခုဆိုရင် အရင်ဦးဆုံးသွားပြီးတော့တိုင်ပင်ဖြစ်တယ်။



မေး-အဒေါ်နဲ့အတူတူရိုက်ထားတဲ့ဇာတ်ကားကရော ဘယ်တော့ရုံတင်ဖြစ်မလဲ။
ဖြေ-အဲဒီဇာတ်ကားက ဘယ်တော့ရုံတင်မလဲ ညီမတို့လည်း မသိသေးဘူး။ ရုံအခြေအနေပေါ်မူတည်တာပေါ့နော်။ ဇာတ်ကားကလည်း ရိုက်ထား တာနှစ်နှစ်လောက်ရှိပြီ။ ရုံတင်တော့မယ်ဆိုပြီးတော့ ဖြစ်နေတာက တော့ တစ်နှစ်လောက်ရှိပြီ။ ညီမလည်း မြန်မြန်ရုံတင်စေချင်နေပါ ပြီ။ ဘာလို့လဲဆိုတော့ အဲဒီဇာတ်ကားကြီးက ပထမဦးဆုံးရုပ်ရှင် ဇာတ်ကားကြီးလည်းဖြစ်တော့ ကိုယ်တိုင်လည်းအရမ်းကိုမျှော်လင့် ထားတာပေါ့နော်။ ပရိသတ်ကိုလည်း ချပြချင်နေပြီ။



မေး-ကိုယ်တိုင်ရော ဘယ်လိုကာရိုက်တာမျိုးတွေ သရုပ်ဆောင် ချင်လဲ။
ဖြေ-ညီမကတော့ ကာရိုက်တာမျိုးစုံကို လုပ်ကြည့်ချင်တယ်။ ဒါပေ မဲ့လည်း အခုက ညီမအနေနဲ့က အသစ်တစ်ယောက်ဖြစ်နေတဲ့ အတွက် ပေါ့ပေါ့ပါးပါးကာရိုက်တာမျိုးလေးတွေပဲလုပ်ဖြစ်နေတယ်။ Musical ဇာတ်ကား မျိုးလေးတွေ ရိုက်ချင်ပါတယ်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..