စိတ်ရော လူပါ ပင်ပန်းနေတဲ့အချိန်ဆို သင်ဘာတွေလုပ်သင့်လဲ?
trend.com.mm
|
2019-02-28




လူတိုင်း ဘဝတစ်ကွေ့မဟုတ် တစ်ကွေ့ စိတ်ရော လူပါ ပင်ပန်းလာတာမျိုးခံစားဖူးကြမှာပါ။ဒါမှမဟုတ် ခံစားလာရမယ်ဆိုရင်ပေါ့။အဲ့ဒီလိုအချိန်မျိုးမှာ
စိတ်ရော လူပါအနားယူနိုင်အောင် ဘာတွေလုပ်ကြမလဲ?


*ခရီးတိုလေးထွက်ပစ်လိုက်ပါ
လူရော စိတ်ပါ မတရားပင်ပန်းနေပြီဆို ဘာကိုမှ မတွေး၊ဘာကိုမှစဉ်းစားပဲ ခရီးတိုလေးတစ်ခုထွက်ပစ်လိုက်ပါ။နောက်ကိုပြန်လှည့်ကြည့်ပြီး
စဉ်းစားနေမယ်ဆိုရင် စိတ်ကိုအနားပေးရမှာမဟုတ်ပါဘူး။ကိုယ်ပင်ပန်းတာ ကိုယ်ပဲသိပါတယ်။ဒီတော့အဲ့ဒီလိုအချိန်မျိုးကြုံလာရင်အကုန်လုံးနဲ့
အဆက်အသွယ်ခဏဖြတ်ပြီး ခရီးထွက်ပြီးအနားယူလိုက်ပါ


*ညဘက်တွေတရားထိုင်ပါ
စိတ်ဖိစီးမှုတွေတအားများလာတဲ့အခါ ညဘက်ပုံမှန်တရားထိုင်ပေးတာ၊အသက်ရှုလေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာဟာ စိတ်ပင်ပန်းမှုကို
ပြေလျော့စေပြီး စိတ်စွမ်းအားပိုရှိလာစေပါတယ်။စိတ်ကိုလည်းအနားပေးသလိုဖြစ်စေပါတယ်။








*ယောဂလေ့ကျင့်ခန်းလုပ်ပါ
စိတ်ရော လူပါပင်ပန်းနေတဲ့အချိန် ခရီးတွေလည်းထွက်ဖု့ိ လုံးဝအဆင်မပြေဘူးဆိုရင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာ သက်သာစေဖို့
ယောဂလေ့ကျင့်ခန်းလေးတွေလုပ်ကြည့်ပါ။ခန္ဓာကိုယ်ညောင်းညာကိုက်ခဲတာတွေသက်သာစေသလို စိတ်ကိုလည်းတည်ငြိမ်သွားစေပါတယ်။


*နေထိုင်မှုပုံစံကိုအနည်းငယ်ပြောင်းလဲကြည့်ပါ
တစ်ခါတစ်လေအိပ်ရေးမဝတာမျိုးကလည်း စိတ်ရော လူပါပင်ပန်းစေပါတယ်။ဒါကြောင့်အချိန်မှန်အိပ်ပေးတာ၊အချိန်မှန်စားပေးတာ၊လေ့ကျင့်ခန်းလုပ်တာ
စသဖြင့်အရင်နဲ့မတူတဲ့ နေထိုင်မှုပုံစံလေးပြောင်းလဲကြည့်ပါ။ညဘက်တွေစာဖတ်လေ့မရှိရင် စာအုပ်လေးတွေဖတ်ကြည့်ပါ။ရုပ်ရှင်ကိုအချိန်ပေးပြီး
မကြည့်ဖူးရင် ကြည့်ကြည့်ပါ။








*ဒိုင်ယာရီရေးပါ
ဒိုင်ယာရီထဲမှာ ကိုယ်ခံစားရတာတွေ၊ကိုယ်ကြုံရတဲ့အခက်အခဲတွေ၊စိတ်ပင်ပန်းမှုတွေရေးချလိုက်တဲ့အခါ ခံစားနေရတာတွေတစ်ဝက်လောက်
သက်သာသွားစေပါတယ်။ဒါကြောင့် ဒိုင်ယာရီရေးတတ်တဲ့အကျင့်လေးဆောင်ထားပါ။ကိုယ့်စိတ်ထဲရှိသမျှ ရေးချကြည့်ပါ။








*မိသားစုတွေ၊သူငယ်ချင်းတွေကိုအချိန်ပေးပါ
ခေါင်းထဲမှာ ဘာမှစဉ်းစားလို့မရတဲ့အချိန်၊စိတ်တွေတအားရှုပ်နေတဲ့အချိန်မျိုးဆို ဘာကိုမှဖြေရှင်းဖို့အဖြေကိုမစဉ်းစားပါနဲ့တော့။စဉ်းစားနေတာတွေ၊
ဘာလုပ်ရင်ကောင်းသွားမလဲတွေးတောနေတာတွေကိုခဏရပ်ပြီး မိသားစုတွေ၊သူငယ်ချင်းတွေကိုအချိန်ပေးပါ။တစ်ခါတစ်လေ ဘာမှမစဉ်းစား၊ဘာမှမလုပ်ပဲ
နေတာက ပိုပြီးအကြံဉာဏ်ကောင်းတွေ၊ဖန်တီးမှုကောင်းတွေထွက်လာစေပါတယ်။







ကဲ ဒီအချက်လေးတွေကတော့ သင်စိတ်ရော လူပါပင်ပန်းနေတဲ့အချိန် လုပ်ပေးသင့်တဲ့အရာလေးတွေပါပဲ။




Some text some message..