လည်ပတ်ချင်စရာကောင်းလောက်အောင်အထူးအဆန်းတွေနဲ့ ပြည့်နှက်နေတဲ့ကနေဒါ
shwemom.com
|
2019-03-06

ကမ္ဘာပေါ်မှာ စကီစီးရာသီအရှည်ကြာဆုံးဖြစ်ပြီး ထူးခြားဆန်းကြယ်တဲ့ သဘာဝတရားတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံဟာ ကနေဒါနိုင်ငံပဲ ဖြစ်ပါတယ်။ နေ့လည်ခင်းတစ်ခုထဲမှာတင် ပင်လယ်ထဲသွားပြီးအပန်းဖြေ ရေကူးနိုင်သလို စကီးလဲစီးနိုင်လောက်အောင် လည်ပတ်သွားလာစရာတွေ မကုန်ခမ်းနိုင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ မြောက်အမေရိကအပိုင်းထဲပါတဲ့ ကနေဒါဟာ ကျယ်ပြန့်သလို သစ်ပင်စိမ့်စမ်းတွေပေါများတဲ့အံ့သြဖွယ်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ကောင်းကင်ရောင်စဉ်တန်းများ



welltravelled

Northern Lights လို့ လူတွေ ခေါ်ကြတဲ့ ကောင်းကင်မှာအနီ၊အစိမ်းရောင်စဉ်တန်းတွေ တောက်ပနေတဲ့ ဖြစ်ရပ်ကို ကနေဒါနိုင်ငံ နေရာအနှံ့အပြားမှာ တွေ့ရတတ်ပါတယ်။ နေကထွက်လာတဲ့ လျှပ်စစ်အမှုန်လေးတွေဟာ ကမ္ဘာ့လေထုရဲ့ မော်လီကျူးတွေ၊အက်တမ်တွေနဲ့ ထိတွေ့မိတဲ့အခါအခုလိုအလင်းတန်းရောင်စဉ်တွေအဖြစ် တွေ့မြင်ရတာပါ။

ပိုလာဝက်ဝံများ



welltravelled

ကနေဒါနိုင်ငံ မာနီတိုဘာပြည်နယ်မြောက်ပိုင်း ရေခဲနေတဲ့ ဟက်ဒ်ဆန်ပင်လယ်အော်ထဲက ကမ်းခြေတစ်နေရာမှာ ချာချီဆိုတဲ့ ရွာလေးတစ်ရွာ ရှိပါတယ်။ တိတ်ဆိတ်ပြီး မြို့ပြကနေအလှမ်းဝေးပေမယ့် မြို့ငယ်လေးဟာ ထောင်ပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသညေ်တွရဲ့ စိတ်နှလုံးကို ဖမ်းစားထားပါတယ်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသည်တွေဟာ ရွာလေးဆီကိုလာရောက်ပြီး ဒေသခံပိုလာဝက်ဝံတွေကို လာကြည့်ကြပါတယ်။

Poutine



Wikimedia Commons

ကနေဒါရဲ့ ထင်ရှားတဲ့ ဒေသတွင်းအစားအသောက်ကို ပူတီးန်လို့ ခေါ်ပါတယ်။ ပူတီးန်မှာတော့အာလူးကြော်တွေကို ဟင်းအနှစ်ထဲမှာ နှစ်စိမ်ထားပြီး ချိစ်ခဲ သို့မဟုတ် ချိစ်ဆော့စ်တွေကိုတော့အပေါ်ကနေအနှစ်ဆမ်းထားတာပါ။ ချိစ်တွေစေးစေး ကပ်ကပ်နဲ့ ပူပူနွေးနွေးစားသောက်ရတဲ့အာလူးဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။

ကနေဒါ တောင်တန်းများ



Canadian Rocky Mountains – Vermilion Lakes.

ဗြိတိသျှကိုလံဘီယာနဲ့အယ်လ်ဘာတာ နယ်စပ်ဒေသ တစ်လျှောက် ကီလိုမီတာ(၁,၅၀၀) ကျော်ကို ဖြန့်ကျက်ထားတဲ့ ရော့ကီးတောင်တန်းတွေဟာ လူစွန့်စားတွေနဲ့ သဘာဝချစ်သူတွေကိုအထူးဆွဲဆောင်နေပါတယ်။ လှပတဲ့ တောင်ထိပ်တွေ၊ ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ရေကန်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကြောင့် ကနေဒါဟာ သွားကို သွားသင့်တဲ့ နေရာတစ်နေရာဖြစ်နေပါတယ်။

ပဲရစ်လွှမ်းမိုးမှု



Image by Jason Dutton-Smith.

ပြင်သစ်-ကနေဒီးယန်းတွေဟာ ကနေဒါနိုင်ငံမှာ ကိုလိုနီခေတ်တုန်းကအခြေချနေထိုင်ခဲ့တဲ့ ပြင်သစ်လူမျိုးတွေရဲ့ မျိုးဆက်တွေပါ။အများစုက ကေးဘတ်ခ်မှာ နေကြပါတယ်။ ဒါကြောင့် ပြင်သစ်လူမျိုးတွေရဲ့အငွေ့အသက်ကို ရချင်တယ်ဆိုရင်တော့ မွန်ထရီရယ်နဲ့ ကေးဘတ်ခ်မြို့တွေကို သွားလည်သင့်ပါတယ်။ ဘာသာစကား၊ ယဉ်ကျေးမှုက စလို့ ဗိသုကာလက်ရာ၊အစားအသောက်နဲ့ ဝိုင်အဆုံး ပြင်သစ်ရဲ့အနံ့အရသာတွေကို ခံစားမိစေမှာဖြစ်ပါတယ်။

ဆီးနှင်းပြင်များ



Whistler – beautiful in both winter and summer.

ကနေဒါရဲ့အရှေ့ဘက်ကနေအနောက်ဘက်တစ်လွှားမှာတော့ ဆီးနှင်းတွေထဲ ဆော့ကစားရတဲ့အားကစားတွေဟာအမျိုးစုံပါပဲ။အထူးသဖြင့် စကီစီးတာနဲ့ နှင်းလျှောစီးတာကတော့ ဒေသခံတွေကြားအထင်ရှားဆုံးဖြစ်ပါတယ်။

နိုင်အာဂါရာရေတံခွန်များ



Niagara Falls with Maid of the Mist boat.

နိုင်အာဂါရာရေတံခွန်တွေဟာ မြောက်အမေရိကားရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ခရီးသွားနေရာပါ။ ကနေဒါရဲ့အွန်တာရီယိုပြည်နယ်နဲ့အမေရိကန်နိုင်ငံကြား နယ်စပ်နေရာမှာ ရေတံခွန်(၃) ခုဟာ ပူးပေါင်းပြီး စီးဆင်းနေတာ ဖြစ်ပါတယ်။အချို့ခရီးသွားကတော့ ကနေဒါဘက်က ကြည့်ရင် မြင်ကွင်းပိုလှတယ်လို့ ဆိုကြပြီးအချို့ကျတော့လည်းအမေရိကန်ဘက်က ပိုလှကြောင်း ဆိုပါတယ်။ ရေတံခွန်တွေထဲက တစ်ခုဖြစ်တဲ့ Horseshoe Falls ကိုတော့ ကနေဒါဘက်ခြမ်းက ကြည့်မှသာ မြင်နိုင်ပါလိမ့်မယ်။

မေပယ်အချိုရည်



Canadian Maple Syrup trees.

ကနေဒါနိုင်ငံအလံမှာ မေပယ်သစ်ရွက်ပုံ ပါရှိပါတယ်။ နိုင်ငံအလံထဲ ထည့်သွင်းရတဲ့အထိအရေးပါလှတဲ့ မေပယ်ပင်တွေကို ကနေဒါတလွှားမှာ တွေ့နိုင်ပြီး မေပယ်အချိုရည်ကတော့ ကနေဒါရဲ့အဓိကအစားအသောက်ထဲမှာ ပါဝင်ပါတယ်။ ပန်ကိတ်၊ ဝေဖာနဲ့အချိုပွဲတွေမှာ ကနေဒါလူမျိုးတွေဟာ မေပယ်အချိုရည်သန့်သန့်ကို ထည့်သွင်းကာအစားအသောက် ပြင်ဆင် ပြုလုပ်လေ့ရှိပါတယ်။

လင်းလင်း (ShweMom)

Ref: welltravelled




Some text some message..