ယုံကြည်နားလည်မှုတို့ထက် စုံတွဲတွေကြားမှာရှိသင့်တဲ့ လေးစားမှုဆိုတာ
trend.com.mm
|
2019-03-06




လေးစားမှုဆိုတာ စုံတွဲတွေကြားမှာရှိသင့်တဲ့အရာတစ်ခုပါပဲ။ ချစ်တယ်လို့ပြောရုံနဲ့အရာရာပြီးသွားမှာ
မဟုတ်ပါဘူး။ ချစ်တယ်ဆိုပြီး လုပ်ချင်တာလုပ် ၊အလေးမထားတာဟာ လေးစားမှုမရှိတာပါပဲ။
လေးစားမှုဆိုတာ စုံတွဲတွေမှာမှ မဟုတ်ဘူး။ လူတိုင်းမှာ ထားသင်တဲ့အရာပါ။








အမြဲတမ်းချစ်သူကို ကန်တော့ဦးတင်ရမယ်ပြောတာမဟုတ်ဘူးနော်။ တကယ်ချစ်ရင် ကိုယ်ဘာလုပ်
နေတယ် ၊ ဘယ်သွားနေတယ် ဆိုတာကအစ ချစ်တဲ့သူကိုအသိပေးချင်ပါတယ်။ တကယ်လို့ ဒါတွေဟာ
အလုပ်ပိုတစ်ခုလို့ မင်းထင်ရင် ရည်းစားမထားပါနဲ့။ ရှင်းရှင်းလေးပါ။ ချစ်သူထားတယ်ဆိုတာ
အချိန်ရော ၊ ငွေရောအားလုံးပေးဆပ်ရပါတယ်။ ဒါကို မတရားဘူးမြင်ရင် မထားရုံပဲပေါ့။








အချစ်ဆိုတာ နူးညံ့ကြည်နူးဖို့ကောင်းတယ်။ တန်ဖိုးမထားတတ်တဲ့လူတွေလက်ထဲမှာတော့အချစ်ဟာ
ဘာမှမဟုတ်တဲ့ ပြဿနာထုတ်ကြီးလိုဖြစ်သွားတတ်တယ်။ တကယ်တမ်းအချစ်နဲ့တွေ့လာတဲ့အခါ
ဘာပဲဖြစ်ဖြစ်အလုပ်ပိုတစ်ခုလို့တောင် တွေးနေမိမှာမဟုတ်ပါဘူး။


လေးစားမှုမရှိရင် တစ်ဖက်လူလည်း စိတ်ညစ်ရပါတယ်။ ဒါကြောင့် စိတ်မပါရင် မချစ်တဲ့လူကိုလည်း
တွဲနေစရာမလိုပါဘူး။အပျော်သဘောသက်သက်ဆိုရင်တောင်အချိန်ကြာရင် မင်းရိုးပြီး စိတ်ရှုပ်လာမှာ
ပါပဲ။ တကယ်ချစ်တယ်ဆိုရင်တော့ လေးစားမှုလေး ထားကြပါ။ လုပ်ချင်ရာ လုပ်နေတာတွေ၊
တဖက်သားကို စိတ်ဆင်းရဲခံရအောင် မလုပ်ပါနဲ့တော့…




Some text some message..