အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ
hellosayarwon.com
|
2019-03-07

သင်ဟာ ငယ်ရွယ်တယ်၊အကြမ်းခံနိုင်တယ်၊ လွတ်လပ်တယ်။ ဒါတွေကြောင့်အသက် ၂၀ကနေ ၃၀ကြားဟာ သင့်ဘဝအတွက်အကောင်းဆုံး နှစ်တွေဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင် သတ်မှတ်နိုင်ပြီးတော့ သင်နှစ်သက်တဲ့အလုပ်လမ်းကြောင်းကို ဦးတည်နိုင်ပါတယ်။ ဒါပေမယ့် သင်ဘယ်သူလဲ၊ ဘာလိုချင်တာလဲ၊ ဘယ်ကိုသွားမှလဲဆိုတာ ကိုယ့်ကိုယ်တိုင်မသိပဲအရွယ်ရောက်ဖို့ သိပ်မလိုတော့ဘူးဆိုတာ နားလည်ချိန်မှာတော့ တုန်လှုပ်သွားနိုင်ပါတယ်။အောက်ဖေါ်ပြပါအချက်တွေကတော့ ဒီအရွယ်မှာ တွေ့ရတတ်တဲ့ ဘေးကျပ်နံကျပ်ကာလကို ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေ ဖြစ်ပါတယ်။   အခြားသူများနဲ့ မျှဝေပါ။ ဆုံးရှုံးမှုကို ကျော်လွန်ဖို့၊ မတည်ငြိမ်တဲ့ စိတ်ကိုထိန်းချုပ်ဖို့နဲ့ ဒီအချိန်ကို ကျော်ဖြတ်ဖို့ တစ်ခုတည်းသောနည်းကတော့ သူ့ကိုဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေဖို့ပါပဲ။ လူအများစုဟာ သူတို့ရဲ့ဘဝတွေ ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးမရှိပဲ စိတ်မပျော်ရွှင် ဖြစ်နေကြပါတယ်။ ဒါ့ပြင် ဒီလူတွေဟာ သူတို့ကိုယ်တိုင်ပဲ ဒီပြဿနာတွေကို ရင်ဆိုင်ချင်ကြပါတယ်။ ဒါဟာ နားလည်ပေးလို့ရပေမယ့် ဒီအနှုတ်သဘောဆောင်တဲ့ ခံစားမှုတွေကို သင့်ဦးနှောက်ထဲမှာ ထားနေခြင်းဟာလည်းအကောင်းဆုံးအဖြေမဟုတ်ပါဘူး။ ခံစားမှုတွေကို လှောင်ပိတ်ထားတာဟာ မတည်ငြိမ်တဲ့ စိတ်ခံစားမှုတွေကိုသာမကအခြားဆိုးရွားတဲ့အကျိုးဆက်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ သင့်သူငယ်ချင်း၊ မိသားစု၊ ဆရာဝန်တို့နဲ့ သင့်စိတ်ထဲရှိသမျှကို ပြောဆိုုသင့်ပါတယ်။   အစီအစဉ် ပြုလုပ်ပါ။ ဝေးလွန်းတဲ့အနာဂတ်ကိုကြည့်မယ့်အစား မနက်ဖြန်ရဲ့ ဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေကို ကြည့်ပါ။ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပြီး သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်ကို ရွေးချယ်ပါ။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာနဲ့ ဘဝမှာ ဘာကိုလိုချင်တယ်ဆိုတာကို မသေမချာကြီး ဖြစ်နေခြင်းဟာ ခက်ခဲပါတယ်။ ဒါ့ကြောင့် သက်တောင့်သက်သာ ဖြစ်စေတဲ့ နေရာတစ်ခုမှာ သင်ကြိုက်တဲ့ သီချင်းတွေကို နားထောင်ရင်းအဲဒီအခြေအနေမှာ သင့်ကို ပျော်ရွှင်စေတဲ့အရာတွေကို ရေးချပြီးအကောင်အထည်ဖေါ်ပါ။   ဝင့်ကြွားစွာနေပါ။ အခုခေတ်မှာ သင်တကယ်လိုအပ်တဲ့အချစ်ဆိုတာကို သတ်မှတ်ဖို့နဲ့ သင့်ကိုယ်သင်ပေးဖို့ ခက်ခဲပါတယ်။အွန်လိုင်းပေါ်တက်ပြီး လူတွေလက်ထက်တာတွေ၊ ဟန်းနီးမွန်းတွေ၊ ကလေးဓါတ်ပုံတွေ၊အလုပ်အသစ်၊အိမ်အသစ်၊အတွေ့အကြုံအသစ်တွေကို တင်တာကိုတွေ့ပြီး ကိုယ့်ကိုယ်ကိုအထင်သေးလာတတ်ပါတယ်။ ဒါဟာ မကောင်းပါဘူး။အခြားသူတွေနဲ့ မိမိနဲ့ ယှဉ်တွေးခြင်းဟာအဆိပ်သင့်စေတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ အခြားသူကို သေချာ မချစ်နိုင်ခင် သင့်ကိုယ်သင်ဘယ်လိုချစ်ရမယ်ဆိုတာ သင်ယူသင့်တယ်ဆိုတဲ့အခုခေတ်ဆိုရိုးစကားရှိပါတယ်။ သင့် ဒိုင်ယာရီထဲမှာအရာတွေအကုန်ချရေးပြီး နေ့တိုင်းအဲဒီ့စာရင်းကို ပွားလာအောင် ကြိုးစားပါ။ မနက်ခင်းတစ်ခုမှာ မိုးရွာခြင်းနဲ့ စတင်ပြီး သင့်ကို စိတ်ညစ်စေတယ်ဆိုရင် ဒိုင်ယာရီကိုဖွင့်ပြီး ဖတ်ပါ။ ဒါဆို သင်ထင်ထားတာထက် ပိုပြီး ကြံ့ခိုင်တယ်ဆိုတာ သင်သတိထားမိပါလိမ့်မယ်။ စာအုပ်၊ ပုံပြင်တွေ ပိုဖတ်ပြီးအခြားသူတွေနဲ့ ပိုစကားပြောပါ။ စိတ်ခံစားမှုများတဲ့အဆင့်ကို သက်သာရာရဖို့ သင်ယူပါ။အားကစားရုံမှာ စာရင်းပေးပါ။ တစ်ပတ်မှာ ၃ ၄ ကြိမ်လောက် ကစားပါ။ သင့်သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ။ လူအသစ်တွေနဲ့ သူငယ်ချင်းဖွဲ့ပါ။ စိတ်ဓါတ်ဟာအဓိက ဆိုတာ သတိရပါ။ စိတ်လျှော့ထားပြီးအသက်ကြီးပြင်းလာမှုအပေါ် သာယာပျော်ရွှင်ပါ။

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။




Some text some message..