ရုပ်ရည်အသင့်အတင့်သာရှိတဲ့ချစ်သူကိုပိုင်ဆိုင်ထားရတဲ့မိန်းကလေးတွေကအချစ်ရေးမှာပိုပြီးပျော်ရွှင်မှုရှိ
trend.com.mm
|
2019-03-07




ကိုယ့်ချစ်သူက သူများချစ်သူတွေလိုအရမ်းချောမောနေတာမျိုးမဟုတ်လို့ စိတ်အားမငယ်ပါနဲ့။တကယ်တော့ ရုပ်ရည်အသင့်အတင့်သာရှိတဲ့အမျိုးသားကို
ချစ်သူတော်ထားရတဲ့အမျိုးသမီးတွေဟာအချစ်ရေးမှာပိုပြီးပျော်ရွှင်ရပါသတဲ့။ဟုတ်ရဲ့လား?








ကိုယ့်ချစ်သူရဲ့ရုပ်ရည်သွင်ပြင်ဟာအချစ်ရေးတစ်ခုမှာအတိုင်းအတာတစ်ခုထိသက်ရောက်မှုရှိတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက
လေ့လာတွေ့ရှိခဲ့ရတာပါ။တွေ့ရှိချက်ကတော့အပေါ်မှာပြောခဲ့တဲ့အတိုင်း ဆွဲဆောင်မှုနည်းပြီး ရုပ်ရည်အသင့်အတင့်သာကြည့်ကောင်းတဲ့အမျိုးသားကို
ပိုင်ဆိုင်ထားတဲ့အမျိုးသမီးလေးတွေကအချစ်ရေးမှာ တစ်ခြားသူတွေထက် ပိုပြီးပျော်ရွှင်ရတယ်ဆိုတာပါပဲ။








ဘာလို့လဲဆိုတော့ ရုပ်ရည်ချောမောတဲ့အမျိုးသားကို ပိုင်ဆိုင်ထားရရင်အမျိုးသမီးတွေအတွက်စိတ်ပူပန်စရာတွေကပိုများရပါတယ်။အထူးသဖြင့် ကိုယ်ဟာ
ကိုယ့်ချစ်သူယောကျ်ားလေးထက် ရုပ်ရည်အားနည်းနေမယ်ဆိုရင် ကိုယ့်ချစ်သူအချောအလှကို ဘယ်သူက လာစနိုက်ကျော်မလဲ၊ကိုယ့်ထက်လှတာ
တွေ့ရင်ထားခဲ့ခံရမလားစတဲ့အတွေးအမြင်တွေလည်း တစ်ချိန်မဟုတ်တစ်ချိန် ဝင်ရောက်လာတတ်ပါတယ်။တဖြည်းဖြည်းနဲ့စိတ်ပျော်ရွှင်မှုလည်းလျော့နည်း
လာပါတယ်။








ကိုယ့်ချစ်သူက ရုပ်ရည်အသင့်အတင့်ပဲရှိတယ်ဆိုရင်တော့ ကိုယ့်အတွက်စိတ်ပူရတာ တစ်ရန်အေးတာပေါ့။အဓိကကတော့ နှစ်ယောက်ကြားမှာ
မကောင်းတဲ့အတွေးအမြင်တွေမဝင်ရောက်လာတဲ့အတွက်အချစ်ရေးက ပိုပြီးသာယာပျော်ရွှင်မှုများပါတယ်။ဒါကြောင့် ကိုယ့်ချစ်သူက မချောဘူး၊ကြည့်မကောင်းဘူးဆိုပြီးစိတ်အားငယ်စရာမလိုဘူးနော်။ဒါကိုက ကိုယ်ပိုင်ဆိုင်ထားတဲ့အချစ်ရေးအားသာမှုတစ်ခုပါပဲ။

တကယ်တော့ ရုပ်ချောတာ၊ရုပ်မချောတာက လူတစ်ယောက်ရဲ့အကျင့်စာရိတ္တကိုမဆုံးဖြတ်နိုင်ပါဘူး။ဒါပေမဲ့ ရုပ်ချောတဲ့ချစ်သူကိုပိုင်ဆိုင်ထားရရင်အပေါ်မှာပြောခဲ့သလို စိုးရိမ်ပူပန်မှုတွေကအနည်းနဲ့အများဆိုသလိုရှိမှာပါပဲ။အဓိကကအချစ်ရေးမှာအဆင်ပြေပျော်ရွှင်ချင်ရင် တစ်ယောက်ကိုတစ်ယောက်စစ်မှန်တဲ့အချစ်နဲ့ချစ်ကြဖို့ပါပဲ။







Ref:.relrules




Some text some message..