လုပ်ခဲ့မိတဲ့အမှားတွေအတွက် နောင်တရမနေပဲ ရှေ့ဆက်လျှောက်နိုင်ဖို့
mmcelesmedia.com
|
2019-03-07



လုပ်ခဲ့မိတဲ့အမှားအတွက် ကိုယ့်ကိုကိုယ်အပြစ်ရှိသလို ခံစားနေရတာဟာ သင့်ရဲ့စိတ်အခြေအနေကိုထိခိုက်နိုင်ပါတယ်။ လူတိုင်းအမှားတွေကျုးလွန်ဖူးပါတယ်။ ပြန်ပြင်လို့ရတဲ့အမှားနဲ့ ၊ ပြင်လို့မရတဲ့အမှားတော့ ရှိတာပေါ့။ ဒါပေမယ့် တစ်ချိန်လုံး ကိုယ့်ဘာသာအပြစ်ရှိသလို ခံစားနေမယ့်အစား တစ်ဖက်သားကို တောင်းပန်လိုက်တာက သင့်ရဲ့နောင်တစိတ်ကိုအနည်းငယ်တော့လျော့ချနိုင်မယ်ထင်ပါတယ်။

အပြစ်ရှိတယ်လို့ ထင်နေတဲ့စိတ်

အပြစ်ရှိတယ်လို့ ထင်နေတဲ့စိတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ မှတ်ထားပါ။ ကောင်းတဲ့အကျိုးဆက်ကိုတော့ ဖြစ်မလာစေပါဘူး။အပြစ်ရှိစိတ်ကို ထုတ်လိုက်ပြီး နောက်ထပ်တော့အမှားတွေမကျုးလွန်နဲ့တော့ပေါ့။အမှားတွေကနေ သင်ခန်းစာယူပြီး ဒီလိုပဲ ရှေ့ဆက်လျှောက်ရတာပါပဲ။

အမှားတွေကို ပြန်လည်ကုစားဖို့ ကောင်းမွန်တဲ့အရေးကိစ္စတွေနဲ့ ထပ်ပြီးတော့ဖြည့်ဆည်းပါ။ သင့်ရဲ့စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

နောင်တရနေတဲ့စိတ်ကိုအချိန်တိုတွင်း ဖယ်ထုတ်

အရင်ဆုံး သင့်ရဲ့စိတ်ကိုအနားပေးလိုက်ပါ။ မဟုတ်တဲ့အတွေးတွေ လျှောက်စဉ်းစားနေမယ့်အစားငါအိုခေမှာပါ..အဆင်ပြေသွားလိမ့်မယ်..အချိန်ကြာရင် ဒါတွေအနည်ထိုင်သွားလိမ့်မယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဖြည့်တွေးပါ။ တစ်နေ့တစ်နေ့အလုပ်လုပ်ရတာနဲ့တင် စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်နေရတာ၊ ပြီးခဲ့ပြီးသားအမှားတွေအတွက် ထပ်ပြီးစိတ်ဖိစီးနေရဦးမယ်ဆို သိပ်မဟုတ်သေးဘူး။ ကိုယ့်ကိုကိုယ် နှိပ်စက်လွန်းရာ ကျပါတယ်။အပြစ်ရှိတယ်ထင်ရင် သူ့ကိုတောင်းပန်စကားပြောလိုက်ပါ။ ဝန်မလေးပါနဲ့။ ဒါမှ သင့်စိတ်ထဲမှာလည်း မြိုသိပ်ထားစရာမလိုတော့မှာပေါ့။

ခွင့်ပြုလိုက်ပါ

အမှားတစ်ခုကို မင်းကျုးလွန်မိတယ်မလား။ သင်ခန်းစာယူတတ်အောင် လုပ်ပါ။ တွေ့ကြုံလိုက်ရတဲ့အရာတွေနဲ့ ကိုယ့်ကိုကိုယ်ပြောင်းလဲပါ။ မပြောင်းလဲပဲ ဒီအကျင့်တိုင်းပဲ ဆက်သွားနေမယ်ဆိုရင် ဒီနောင်တတွေထဲမှာပဲ နစ်မွန်းအောင်လုပ်သလိုဖြစ်နေပါလိမ့်မယ်။ လူ့ဘဝက တိုလှပါတယ်။ ဒီစိတ်ကြီးနဲ့ တသက်လုံးရှင်သန်မနေပါနဲ့ ။ နေပျော်အောင် ကြိုးစားပါ။ နေပျော်မှ စစ်မှန်တဲ့ရှင်သန်ခြင်းဖြစ်မှာပေါ့။ လှောင်ပိတ်မထားပါနဲ့။ ပြီးခဲ့တာတွေကို လက်လွှတ်လိုက်ပြီးအခုချိန်ကစ စိတ်တွေကို refresh လုပ်လိုက်ပါ

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခွက်ဒစ်ပေးပါသည်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..