Friend Zone ထဲက ဘယ်လိုရုန်းထွက်ကြမလဲ?
trend.com.mm
|
2019-03-07




ဒီကမ္ဘာပေါ်ကအမျိုးသားအများစုကြုံတွေ့နေရတဲ့ ပြဿနာကတော့ Friend Zone ထဲမှာ ပိတ်မိနေခြင်းပါ။ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက်နဲ့
ချစ်သူအဖြစ်ရှေ့ဆက်တိုးချင်ပေမဲ့ သူငယ်ချင်းဆိုတဲ့အဆင့်ကနေ မတက်နိုင်ပဲ ရှေ့လည်းတိုးလို့မရ နောက်လည်းဆုတ်လို့မရနဲ့အခြေအနေမျိုးကြုံလာတဲ့အခါ ဘယ်လိုဆက်လုပ်ကြမလဲ? သူတို့မျက်စိထဲ ကိုယ်က ထာဝရသူငယ်ချင်းဖြစ်ခံမလား၊ချစ်သူအဖြစ်ခြေတစ်လှမ်းတက်မလား?ချစ်သူအဖြစ်ခြေတစ်လှမ်းတိုးမယ်လို့ပဲအားလုံးက ဖြေကြမယ်ထင်ပါတယ်နော်။ဒါကြောင့်အကြံလေးနည်းနည်းလောက်ပေးချင်ပါတယ်။

Friend Zone ထဲက ဘယ်လိုရုန်းထွက်ကြမလဲ…








*ချက်ချင်းကြီးအခြေအနေကိုမပြောင်းလဲပစ်ပါနဲ့
သူငယ်ချင်းဆက်ဆံရေးကနေ ချစ်သူဆက်ဆံရေးကိုပြောင်းလဲပစ်ဖို့ဆိုတာအချိန်အတိုင်းအတာတစ်ခုတော့လိုပါတယ်။သူ့မှာ သူကြိုက်နေတဲ့သူရှိချင်ရှိမယ်။
အဲ့ဒီတစ်ယောက်နဲ့အခြေအနေဘယ်လိုမျိုးလဲအရင်စုံစမ်းပါ။ကိုယ်က ဗြုန်းစားကြီး ရည်းစားစကားသွားပြောလိုက်တဲ့အခါ ချက်ချင်း Game over
ဖြစ်သွားပါလိမ့်မယ်။ဒီတော့အရင်ဆုံး သူမဘက်က ကိုယ့်အပေါ်ခံစားချက်ဘယ်လိုရှိလဲအနည်းငယ်တီးခေါက်ကြည့်ပါ


*ကိုယ့်ခံစားချက်ကို ဖော်ပြရမှာ မကြောက်ပါနဲ့
ယောကျာ်းလေးအများစုက သူတို့သဘောကျနေတဲ့မိန်းကလေးသူငယ်ချင်းအပေါ် ရိုမန်တစ်ဆန်ပြရမှာ၊သူတို့ကိုချစ်ခင်ကြောင်းအမူအရာပြရမှာကို
ကြောက်တတ်ကြပါတယ်။ကြောက်လန့်ပြီး နဂိုပြုမူနေကျ သူငယ်ချင်းပုံစံအတိုင်း ပြုမူမိတဲ့အခါ သူတို့သဘောကျနေတယ်ဆိုတဲ့စိတ်ကို တစ်ဖက်မိန်းကလေး
က မမြင်တွေ့နိုင်တော့ပါဘူး။သူငယ်ချင်းလို့ပဲ သင့်ကိုဆက်ပြီးမြင်နေပါလိမ့်မယ်။ဒါကြောင့် သူမကိုအရင်ကထက် မသိမသာဂရုစိုက်ပြတာ၊စိတ်ပူပြတာ၊
သူမအတွက် သတိတရနဲ့တစ်ခုခုလုပ်ပေးတာမျိုးစတဲ့ သူမကိုစိတ်ဝင်စားနေတဲ့အပြုအမူလေးတွေ လုပ်ပေးဖို့မမေ့ပါနဲ့။








*စိတ်ရှည်သည်းခံပါ
သင် သူမကို ဘယ်တုန်းကစချစ်ချစ်၊ဘယ်လောက်ပဲချစ်ချစ် သူမကိုအတင်းတွန်းအားမပေးပါနဲ့။သင့်ဘက်က သူမအပေါ်ခံစားချက်ရှိတိုင်း သူမက
သင့်အပေါ် ခပ်မြန်မြန်တုံ့ပြန်လာမှာမဟုတ်ပါဘူး။သူမအတွက် စဉ်းစားဖို့နဲ့သင့်ဘက်က တကယ်သူမအပေါ်ချစ်တာလားဆိုတာ သေချာဖို့အချိန်လိုအပ်ပါ
တယ်။








*စိတ်ကို ပြင်ဆင်ထားပါ
သင့်အနေနဲ့ Friend Zone ထဲက ရုန်းထွက်တော့ဖို့ စဉ်းစားထားပြီးပြီဆိုရင် စိတ်ကိုလည်းပြင်ဆင်ထားသင့်ပါတယ်။သင့်ဘက်က သူမဘက်ကို
ဖွင့်ပြောပြီး သူမဘက်က ငြင်းပယ်တာဖြစ်စေ။လက်ခံတာဖြစ်စေ တစ်ခုခုတော့ ကြုံလာရမှာပါ။ဘယ်လိုအဖြေမျိုးဖြစ်ဖြစ် သင့်ဘက်က
ရင်ဆိုင်ဖို့အသင့်ဖြစ်ပြီလား။သင့်ဘက်က စိတ်ပြတ်သားဖို့လည်းလိုပါတယ်။Friend Zone တောင်ပျောက်သွားမှာစိုးလို့ ဖွင့်မပြောဘူးဆိုရင်တော့
တစ်သက်လုံး FZ ထဲမှာပဲဖြစ်နေပါလိမ့်မယ်။








FZ ထဲက ထွက်ချင်ရင် သင့်ဘက်က နည်းနည်းလေးတော့ Try ဖို့လိုအပ်တယ်မဟုတ်ဘူးလား?သင်ဘာမှမကြိုးစားဘူးဆိုရင်တော့ ဘာတစ်ခုမှ
ဖြစ်လာမှာမဟုတ်ပါဘူးနော်။

Friend Zone ထဲက ရုန်းထွက်နိုင်ကြပါစေ…

Ref:relrules




Some text some message..