Lotayamm

သူငယ်ချင်းလိုနေကြတာကောင်းပါတယ်။သူငယ်ချင်းဆိုတော့တစ်သက်လုံး လမ်းမခွဲရတော့ဘူးဆိုတဲ့ ဟန်နာယူရီ
sundaymyanmar.com
|
2019-03-07




ဟန်နာယူရီနဲ့တွေ့ဆုံခိုက်>>>
လာမယ့် ၂၀၁၉ သြင်္ကန်နဲ့ပတ်သက်ပြီး

“ သြင်္ကန်မှာ ရိုက်ကူးရေးတစ်ခုနဲ့ တခြားနိုင်ငံကိုခရီးထွက်ဖို့ရှိပါတယ်။ငယ်ငယ်တုန်းကတော့ သဘောကျတယ်။ ခုအသက်ကြီးလာတော့ သြင်္ကန်ဆို ပွဲတွေဘာတွေသိပ်မသွားဖြစ်တော့ဘူး။ အိမ်မှာပဲနေဖြစ်တော့တယ် “ လို့ပြောပါတယ်။

သြင်္ကန် အမှတ်တရတွေနဲ့ပတ်သက်ပြီး

” အရင်တုန်းက မိုးကုတ် မှာ ရပ်ကွပ်ထဲက ကလေးတွေကိုအက သင်ပေးတယ်။ မဏ္ဍာပ်တွေမှာ ကတယ် ။အဲ့ဒါတွေက အမှတ်တရတွေပါပဲ” လို့ပြောပါတယ်။

သြင်္ကန် အပေါ်အမြင်ကိုလည်း

” သြင်္ကန်ဆိုတာက နှစ်ဟောင်းကနေနှစ်သစ်ကူးပြောင်းတာကိုကြိုဆိုတဲ့ပွဲပါ။နှစ်ဟောင်းမှာလုပ်ခဲ့တဲ့ အမှားတွေရှိမယ် ၊မကောင်းတဲ့ အကျင့်တွေရှိမယ် အဲဒါတွေအားလုံးကိုပယ်ဖျောက်ပြီး အောင်မြင်အောင်ဘယ်လိုကြိုးစားမယ်၊ဘာတွေကောင်းမွန်အောင်လုပ်နိုင်မလဲ ဆိုတာအချက်အလက်ပေးတဲ့အချိန်တစ်ခုလို့သတ်မှက်ပါတယ်”လို့ပြောပါတယ်။

လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီး

” အချစ်ရေးကတော့တစ်ယောက်တည်းပါပဲ။သူငယ်ချင်းလိုနေကြတာကောင်းပါတယ်။သူငယ်ချင်းဆိုတော့တစ်သက်လုံး လမ်းမခွဲရတော့ဘူးပေါ့။ယိမ်းအနေနဲ့က ကိုယ်သဘောကျနေတဲ့ လူက ကိုယ့်ကိုပြန်သဘောကျရင်မကြိုက်တော့ဘူး။နှစ်ဦးနှစ်ဖက်သဘောကျပြီဆိုရင် Rs တစ်ခုဖြစ်သွားပြီလေ၊ အဲဒီ Rs ကို ယိမ်း တို ရေရှည်ထိန်းသိမ်းနိုင်ပါ့မလားပေါ့ ။ သိပ်မဖြစ်လောက်ဘူး ယိမ်း အကျင့်နဲ့ဆိုရင် “ လို့ပြောပါတယ်။

ချစ်သူမရှိတဲ့ခံစားချက်ကိုလည်း

” ချစ်သူမရှိတော့ လုပ်စရာရှိတဲ့ အလုပ်ကိုလုပ်မယ်။ယောက်ျားလေးသူငယ်ချင်းတွေနဲ့စကားပြောလို့ရတယ်။ယောက်ျားလေးသူငယ်ချင်းနဲ့ မုန့်သွားစားလို့ရတယ် ။သဝန်တိုမခံရတော့ဘူး။ပြီးတော့ ယိမ်း က နဲနဲဂရုတစိုက်ရှိတက်တယ်။ “ ဘာလုပ်နေလဲ ၊ အိမ်ပြန်ရောက်ပြီလားဆိုတာမျိုးပေါ့” ခုတစ်ယောက်တည်းဆိုတော့ ဘယ်သူ့ကိုမှစိတ်မပူရတော့ဘူး၊ ဘယ်သူ့ကိုမှအချိန်ဖဲ့ မပေးရတော့ဘူး ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက် ၊ကိုယ့်ကိုယ်ကိုယ်ပဲစိတ်ပူရတော့တာပေါ့။ဒီစကားက Long Time တော့မဟုက်ဘူး ယိမ်းမှာလဲရှိရင်ရှိလာမှာပေါ့” လို့ ပြောပါတယ်။

ပရိသတ်အတွက်စကား လက်ဆောင်ကိုလည်း

” အားပေးကြတဲ့ ပရိသတ်တွေကိုကျေးဇူးအရမ်းတင်ပါတယ်။ဒီထက်လဲပိုပြီးတော့ ဟန်နာယူရီ ကိုလည်းအားပေးပါဦး “ လို့ပြောပါတယ်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..