Lotayamm

ဖူးစာဆုံလို့ ပြန်လက်တွဲရတဲ့ ကိုယ့်ရဲ့ ချစ်သူကိုတန်ဖိုးထားတယ်ဆိုတဲ့ သျှားထွဋ်အိန္ဒြာ
sundaymyanmar.com
|
2019-03-08




Sunday -Sunday Journal Cover ရိုက်ကူးရတဲ့ ခံစားချက် ကို ပြောပြပေးပါဦး။
သျှား -ဒီဇိုင်နာက ဖူးပွင့်လှိုင်ဖြစ်ပြီး မိတ်ကပ်ကတော့ ထက်ပိုင်ခန့်ဖြစ် ပါတယ်။ ဝတ်စုံနှစ်စုံပါတယ်။ တစ်ခုက ဖက်ရှင်ဆန်တဲ့ဝတ်စုံဖြစ် ပေမဲ့ နှစ်ခုလုံးပေါ့ပေါ့ပါးပါးလေး ပါပဲ။ ကာဗာရိုက်ကူးရတဲ့အတွက် ပျော်ပါတယ်။


Sunday - ဓာတ်ပုံရိုက်ကူးရတာနဲ့ပတ် သက်ပြီး ပြောပြပေးပါဦး။
သျှား -အရင်ကတည်းက Photo Model တစ်ယောက်အဖြစ် ရပ် တည်ခဲ့တာဖြစ်တဲ့အတွက် ပျော်ပါ တယ်။ ဓာတ်ပုံရိုက်နေရရင် စိတ်ထဲ မှာ ပျော်ရွှင်မှုတွေရနေပါတယ်။


Sunday- ဖက်ရှင်နဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
သျှား -သျှားက Cute ဆန်တာနဲ့ မလိုက်ဘူး။ သျှားကိုယ်တိုင်လည်း အဲဒီလိုပုံစံမျိုးတွေမ ကြိုက်ဘူး။ ဖက်ရှင်ရေစီးကြောင်းတွေ ဘယ် လောက်ပဲပြောင်းနေပါစေ သျှား အနေနဲ့ ကိုယ်လိုက်နိုင်သလောက် ပဲ လိုက်တယ်။ ခေတ်လွန်တာ တွေက သျှားနဲ့မလိုက်ဖက်တော့ Classic ဖြစ်တာနဲ့ Attraction ဖြစ်တာမျိုးတွေကိုပဲ ဝတ်ဖြစ်တယ်။ သျှားက Sexy ဆန်တဲ့ပုံစံမျိုး မဟုတ် ဘဲ ကျားကျားလျားလျားပုံစံ မျိုးဖြစ် နေတယ်။ ချစ်စရာ ကောင်းအောင် မနေတတ်တော့ တည်တည်ငြိမ်ငြိမ် နဲ့ ရင့်ကျက်တဲ့ အမျိုးသမီးပုံစံမျိုး တွေကို ဝတ်ဆင် ဖြစ်ပါတယ်။


Sunday - လတ်တလောအနုပညာ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြောပြ ပေးပါဦး။
သျှား -ဂျာနယ်၊မဂ္ဂဇင်းအတွက် ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ ပွဲတွေတက်ဖြစ်ပါတယ်။Commercial တွေ ရိုက်ဖြစ်သလို Miss Universe နီးလာပြီ ဆို တော့ သျှားတာဝန်ယူပြီး ညီမလေး နှစ်ယောက်ကို လေ့ကျင့်ပေးနေပါ တယ်။


Sunday - အလုပ်ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူမှုနဲ့တာဝန်ခံမှုတွေကို ပြောပြပေးပါဦး။
သျှား -အမှန်အတိုင်းပြောပြရင် အခုနောက်ပိုင်း သျှားရဲ့ စိတ်ထဲ မှာ တော်တော် ပေါ့သွားတယ်။ အရင်က Serious ဖြစ်တယ်။ အခု လုပ်ငန်းရှင်နဲ့ ကိုယ်နဲ့၊ အလုပ် အပ်ထားသူနဲ့ ကိုယ်နဲ့ကြားမှာ မျက်နှာပျက်စရာ မဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးတယ်။ အချိန်နဲ့ပတ်သက်ရင် အချိန်တိကျ တာကို Serious ဖြစ်တယ်။ တကယ်လို့ ကိုယ်မလုပ်နိုင်ဘူး၊ မသွားနိုင်ဘူးဆိုရင် ကြိုပြီးပြော ထားတယ်။ လုပ်မယ်လို့ကတိပေး ထားပြီးမှ မလုပ်ဖြစ်တာတွေဆို ရင်လည်း သျှားအနေနဲ့ တောင်း ပန်ဖို့ ဝန်မလေးပါဘူး။ ငွေကြေး ယူပြီးလုပ်ရတဲ့အလုပ်တွေမှာ သူတို့ ပေးတာနဲ့ထိုက်တန်အောင် ကိုယ့် ဘက်ကလုပ်ပေးဖြစ်ပါတယ်။


Sunday -Miss Universe အ တွက် လေ့ကျင့်ပေးနေတာနဲ့ပတ် သက်ပြီး ပြောပြပေးပါဦး။
သျှား -ဒီနှစ်ကလူနည်းတယ်။ မနှစ် က ခြောက်ယောက်ပါ။ ဒီနှစ်က Miss Universe Bagane နဲ့ Miss Universe Myeik ညီမ လေးနှစ်ယောက်ပါ။ သူတို့နှစ် ယောက်ကို သေချာတာဝန်ယူပေး နေပါတယ်။ လူနည်းတဲ့အတွက် တာဝန်ပေါ့သွားသလို သူတို့ နှစ်ယောက်ကို အချိန်ပိုပြီးပေး နေတယ်။ ကိုယ့် ကိုယ်ကိုယ် ယုံ ကြည်မှုရှိဖို့ လေ့ကျင့်ပေးနေတယ်။ Crown ရမှ ဖြစ်မယ်ဆိုတဲ့ စိတ်မျိုး ထည့်မပေးဘူး။ ဘာဖြစ် လို့လဲဆိုတော့ မရရင် အကျနာ တတ်လို့ပါ။ အောင်မြင်တဲ့ ဒဏ် ကို ခံနိုင်ရည်ရှိသလို ရှုံးနိမ့်တဲ့ဒဏ် ကိုလည်း ခံနိုင်ရည်ရှိအောင် သူတို့ ရဲ့စိတ်ကို ပြင်ဆင်ခိုင်းထားပါ တယ်။


Sunday - အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
သျှား -အချစ်ရေးက သာသာယာ ယာပါပဲ။ သျှား ရည်းစားစထား ကတည်းက သူနဲ့ပဲ ပထမဦးဆုံး ကြိုက်ခဲ့ဖူးတယ်။ ပြီးတော့ တစ် ယောက်နဲ့တစ်ယောက် နားလည်မှု နဲ့ လမ်းခွဲလိုက်တယ်။ ကြားထဲမှာ ငါး နှစ်ခြောက်နှစ်လောက်မတွေ့ဖြစ် ဘူး။ အခု သူကလည်းတစ် ယောက်တည်းဖြစ်နေချိန် ကိုယ်က လည်းတစ်ယောက်တည်း ဖြစ်နေ ချိန်မှာ သူက ပြန်ပြီး Propose လုပ်တဲ့အတွက် ပြန်ပြီးလက်တွဲခဲ့ တာပါ။ ငယ်ချစ် ဦးမို့လို့မဟုတ်ပါ ဘူး။ သူက ကိုယ့်ကိုတန်ဖိုးထား ပြီး ဂရုတစိုက် ချစ်ပေးတဲ့အတွက် ပျော်ပါတယ်။ နှစ်ယောက်လုံး အတိတ်ကို စိတ်မဝင်စားဘူး။ အတူရှိခဲ့တဲ့အ ချိန်တွေတုန်းက တစ်ယောက်နဲ့ တစ်ယောက်ကောင်း ခဲ့ကြတယ်။ Single ဆိုပြီး နောက်ကွယ်မှာ ကိုယ်လုပ်ချင် တာတွေ လျှောက်လုပ်နေတဲ့ အထဲ မှာ သျှား မပါဘူး။ ဖူးစာစုံလို့ ပြန် ပြီးလက်တွဲရတဲ့ ကိုယ့်ရဲ့ချစ်သူကို တန်ဖိုးထားတယ်။ နှစ်ယောက်လုံး တိုင်ပင်ထားတာ၊ ရည်မှန်းထားတာ တွေရှိပါတယ်။ အကောင်အထည် ပေါ်လာမှပဲ ပြောပြပါမယ်။


Sunday - ပရိသတ်အတွက်စကား လက်ဆောင်ပြောပြပေးပါဦး။
သျှား -သျှားကိုအမြဲလက်ခံပေးခဲ့ပြီး ဆုံးမကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ သျှားကို ဒီထက်ပိုပြီး နားလည်ခွင့် လွှတ်ပေးရင်း ချစ်ခင်ပေးကြပါ။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..