အရှေ့တောင်အာရှထဲက လေထုအသန့်ရှင်းဆုံးမြို့တွေ ပိုင်ဆိုင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံ
shwemom.com
|
2019-03-08

ဖိလစ်ပိုင်ဟာ တစ်ကမ္ဘာလုံးမှာ လေထုညစ်ညမ်းမှုအဆင့် (၂၄) နေရာမှာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းအံ့သြစရာကောင်းစွာ လေထုညစ်ညမ်းမှုများတဲ့ နိုင်ငံမှာအသန့်ရှင်းဆုံးလေတွေရှိနေတဲ့ မြို့တွေ ပိုင်ဆိုင်ထားတာကိုအခုလို သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံ လာဂွာနာပြည်နယ် Calamba မြို့ဟာအရှေ့တောင်အာရှမှာတော့ လေအသန့်ရှင်းဆုံးရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။


pexels

တိုင်းထွာချက်တွေအရတော့ Calamba မှာ ရှိနေတဲ့ လေအရည်အသွေးဟာ 9.3(µg/m3) of PM2.5 ရှိတယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကောင်းမွန်တဲ့ လေအရည်အသွေး စံနှုန်းဟာ 10µg/m3အောက် လျော့ရမှာ ဖြစ်ပါတယ်။အခြားဖိလစ်ပိုင်မြို့တွေမှာတော့ Paranaque (12.2 µg/m3) ၊ Davao (12.2 µg/m3) ၊ Makati (13.7 µg/m3) ၊ Manila (14.3 µg/m3)၊ Mandaluyong (14.5 µg/m3) ၊ Balanga (16.1 µg/m3) ၊ Quezon (17.5 µg/m3) နဲ့ Las Pinas City (17.9 µg/m3) လေအရည်အသွေးတွေအသီးသီး ရှိကြပါတယ်။


pixabay

နိုင်ငံတစ်နိုင်ငံအနေနဲ့ ဖိလစ်ပိုင်ဟာ ပျမ်းမျှလေထုအရည်အသွေး (14.6 µg/m3) ရှိတာကြောင့်အခြားအရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့အင်ဒိုနီးရှားတို့ထက်အများကြီး သာလွန်နေတာ ဖြစ်ပါတယ်။ ကမ္ဘာနဲ့ ချီပြီးပြောရရင် ပြီးခဲ့တဲ့နှစ်တုန်းက လေထုအညစ်ညမ်းဆုံးနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ် (97.1 µg/m3) နဲ့ လေထုအသန့်ရှင်းဆုံးနိုင်ငံကတော့အိုက်စ်လန် (5µg/m3) ဖြစ်ကြောင်း သိရပါတယ်။


Nikko Tan

မြို့အလိုက်တိုင်းထွာချက်တွေအရတော့ (၂၀၁၈) ခုနှစ်မှာအိန္ဒိယနိုင်ငံက နယူးဒေလီမြို့ဟာ (113.5 µg/m3) နဲ့အဆိုးဝါးဆုံးလေထုရှိတဲ့ မြို့ဖြစ်နေပြီး နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့ကတော့ (6µg/m3) နဲ့ လေထုအသန့်ရှင်းဆုံးမြို့ဖြစ်နေကြောင်း သိရပါတယ်။ ဂရင်းပိစ်အာရှရဲ့အလုပ်အမှုဆောင်ချုပ်ဖြစ်တဲ့ ယက်ဘ်ဆာနိုကတော့ လေထုညစ်ညမ်းတာဟာ လူတွေရဲ့ နေ့စဉ်ဘဝနဲ့အနာဂတ်တွေကိုပါ ခိုးယူနိုင်တယ်လို့ ဆိုပါတယ်။ နှစ်စဉ် လေမသန့်ရှင်းလို့အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ခံစားကြရတဲ့ လူတွေဟာ မနည်းမနောဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders




Some text some message..