FA ဖြစ်ဖို့အလားလာရှိသူတွေရဲ့ လက္ခဏာတွေက
trend.com.mm
|
2019-03-08




တစ်သက်လုံး တစ်ယောက်တည်းနေသွားရတော့မှာလားလို့ တွေးပြီး ကိုယ့်ကိုကိုယ် စိုးရိမ်နေရပြီလား။
သူများတွေလို ချစ်ကြည်နူးချင်ပေမယ့် ငါ့မှာဘာတွေ လိုအပ်ချက်ရှိနေလို့လဲဆိုတာတွေရော ဆန်းစစ်
ကြည့်ဖူးလား ?အများအားဖြင့် တစ်ကိုယ်တည်းသမားတွေဟာ ဒါတွေကြောင့် ချစ်သူမရကြတာပါ။

အမေချစ် သား/ သမီးလေး





အိမ်ကအမေထိန်းချုပ်သမျှအောက်မှာ ရုန်းမရသူလေးတွေပေါ့။အရွယ်တွေသာကြီးပြီး မိန်းမယူလို့ရ
နေပြီ။အိမ်မပိုင်သေးတာတော့ မဟုတ်သေးဘူးလေနော်။ ဒီလိုပြောလို့ မိဘစကားနားမထောင်ဖို့
ပြောတာမဟုတ်ပါဘူး။ ကိုယ်ဟာ လူငယ်တစ်ယောက်ပီပီ ပျော်ပါးစားသောက်တွေက ရှိကိုရှိရမယ်။
ဒါတွေက လူကြီးဘဝရောက်ရင်မရနိုင်တော့ဘူး။ သိတယ်မဟုတ်လား.. ငယ်တုန်းရွယ်တုန်းမှာ
ကြိုးစားသင့်သလောက် ကြိုးစားရမယ်။ ပညာရေး ၊ စီးပွားရေး ၊အချစ်ရေး ဆိုတဲ့အိုးလေးတွေမှာ
ရေတွေ ဖြည့်ထားနိုင်ဖို့လိုပါတယ်။အခြေအနေဆိုတာမျိုးကရှိတယ်လေ။ ကိုယ်သဘောကျတဲ့သူနဲ့
တွေ့လို့အချိန်လေးနည်းနည်းပေးလိုက်တာနဲ့အိုခေသွားမယ့် ကိစ္စမှာအမေဆူတော့မှာမို့အိမ်ပြန်တော့
မယ်လို့ လုပ်လိုက်ရင်တော့ FA ဘဝက ကျွတ်မှာမဟုတ်ပါဘူး။

အပျော်ပါးမတ်လွန်းသူ





အချစ်ရေးကိစ္စက လွဲရင် ကျန်တဲ့ပျော်ရမယ့်ကိစ္စတွေဆို နှစ်ခါမခေါ်ရသူပေါ့။ သူငယ်ချင်းတွေက
ဒီကောင်မလေးနဲ့ တွေ့ကြည့်ပါလားလို့ ညှော်ပေးရင်တောင် စိတ်မဝင်စားတာခက်ပါတယ်။ ကိုယ့်ကို
လာကြိုက်တဲ့သူရှိရင်တောင် မင်းရဲ့ဝါဿနာတွေလောက် သူ့ကိုစိတ်မဝင်စားတော့ ရေခဲတောင်ကြားက
ခဲနေတဲ့ နှလုံးသားပိုင်ရှင်ကြီးပေါ့။ တကယ်လို့ ရည်းစားထားခဲ့ရင်တောင်အပျော်ပါးမတ်လွန်းတာကြောင့်
ရည်းစားက ထားသွားတာခံရပါလိမ့်မယ်။

စကားအပြောမတတ်သူ





ယောကျ်ားလေးတစ်ယောက်ဟာ ရုပ်မချောရင်နေပါစေ.. တော်ကီခြွေတတ်ဖို့ လိုသတဲ့။
ဒါဟာ တကယ်ပါ။ တော်ကီခြွေတယ်ဆိုတာလည်း ရင်ထဲကလှိုက်လှိုက်လှဲလှဲရှိဖို့လိုတာပေါ့။
အပေါ်ယံစကားတွေနဲ့ မျက်နှာချိုသွေးနေရင်တော့ တဖက်မိန်းကလေးလည်း သူ့အပျော်စမ်းနေတယ်
ဆိုတာ မသိပဲမနေပါဘူးနော်။ မိန်းကလေးတွေလည်း ဒီလိုပါပဲ။ ကိုယ့်အပေါ် တကယ်ချစ်တဲ့
ယောကျ်ားတစ်ယောက်ကို ချစ်ပါရဲ့နဲ့အပြောမတတ်ရင် ထားသွားခံရနိုင်ပါတယ်။

တုံ့ဆိုင်းလွန်းသူ





အရာရာမှာ တုံ့ဆိုင်းနေရင် နောက်ကောက်ကျမယ်ဆိုတာ သိတယ်ဟုတ်။ ချစ်ရင်ချစ်တယ်လို့
ဖွင့်မပြောပဲ စိုးရိမ်စိတ်နဲ့ နောက်ကွယ်မှာနေနေရင် ဘယ်တော့မှ သူ့ကိုပိုင်ဆိုင်ရမှာမဟုတ်ဘူး။
ပြောတောင် မပြောကြည့်သေးပဲ သူငြင်းလိုက်မှာကြောက်နေတာလား။ ငြင်းတော့ ဘာဖြစ်လဲ။
မင်းမှာ ထပ်ကြိုးစားခွင့်ရှိသေးတယ်လေ။ တကယ်လို့ ကံကောင်းရင်တော့ သူလက်ခံမှာပေါ့။
အရှုံးမရှိပါဘူး။ ချစ်တဲ့လူကို ချစ်တယ်လို့ဖွင့်ပြောရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ။
အတွေးလွန်ပြီး တုံ့ဆိုင်းမနေပါနဲ့… ချစ်တယ်လို့သာ ပြောလိုက်ပါ…




Some text some message..