အချစ်နဲ့ပတ်သက်လို့ မိန်းကလေးနဲ့ယောကျ်ားလေးကြားက ကွာခြားချက်လေးတွေ…
trend.com.mm
|
2019-03-08




အချစ်ကိုအဓိပ္ပာယ်သတ်မှတ်ဖို့၊တိုင်းတာဖို့၊နားလည်ဖို့ခက်ခဲပေမဲ့ ယေဘူယျအားဖြင့်အချစ်နဲ့ပတ်သက်လာရင် ယောကျ်ားလေးနဲ့မိန်းကလေးကြားမှာ
ဒီလိုကွာခြားချက်လေးတွေရှိကြပါတယ်တဲ့။လေ့လာတွေ့ရှိချက်တွေနဲ့ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ…








*ယောကျ်ားလေးတွေက ပိုပြီးမြန်မြန်ချစ်မိသွားတတ်ကြတယ်
မိန်းကလေးတွေက စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူး။ဒါကြောင့် ယောကျာ်းလေးတွေထက် သူတို့ကအရင်စချစ်မိတတ်ကြတယ်၊အချစ်ကိုဖော်ပြတတ်ကြတယ်လု့ိ လူအများစုက ထင်ထားကြပေမဲ့ တကယ်တော့ ယောကျ်ားလေးတွေက ပိုပြီးမြန်မြန်အချစ်ကိုဖော်ပြတတ်ကြတယ်။ချစ်မိသွားတတ်ကြပါတယ်တဲ့။ဘာလို့လဲဆိုရင် မိန်းကလေးတွေက သူတို့ များများချစ်မိလေ၊မြန်မြန်ချစ်မိလေ ပိုခံစားရလေ၊ပိုဆုံးရှုံးရလေဆိုတာသိတာကြောင့် သူတို့ရဲ့အချစ်ကို တတ်နိုင်သလောက် မဖော်ပြမိဖို့ ထိန်းထားတတ်ကြပါတယ်။ယောကျ်ားလေးတွေကတော့ သူတို့ဟာ စိတ်ညစ်စိတ်ပျက်သလိုခံစားရလည်း မြန်မြန်ပြေပျောက်တယ်ဆိုတာ သိတာကြောင့် ခံစားချက်ကိုသိပ်ပြီးထိန်းချုပ်ဂရုစိုက်လေ့မရှိကြပါဘူး။ဒါကြောင့်သိပ်မစဉ်းစားပဲ ခပ်မြန်မြန်ပဲချစ်ပစ်လိုက်ကြတယ်လု့ိလေ့လာချက်တွေအရ သိရပါတယ်။


*မိန်းကလေးတွေက ချစ်တယ်ဆိုတဲ့စကားကို မကြာခဏေ ပြောတတ်ကြတယ်
မိန်းကလေးတွေက သူတို့ချစ်တဲ့သူကို ချစ်တယ်လို့ဖော်ပြဖို့လည်း ဝန်မလေးကြပါဘူး။မိန်းကလေးတွေက သူတို့ရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်သလို
သူတို့ရဲ့အချစ်ကိုလည်းဖော်ပြရတာ နှစ်သက်တဲ့သူတွေဖြစ်ကြပါတယ်။








*မိန်းကလေးတွေဟာ ချစ်ပြီဆိုရင်လည်း တစ်ယောက်တည်းကိုပဲပုံအောချစ်တတ်ကြတယ်
မိန်းကလေးတွေက သူတို့တစ်ယောက်ယောက်ကိုချစ်မိပြီဆိုရင်အဲ့ဒီတစ်ယောက်ကိုပဲအာရုံစိုက်တယ်။ဂရုစိုက်တယ်။အဲ့တစ်ယောက်ကိုပဲ
ပုံအောချစ်ထားကြပါတယ်။ယောကျ်ားလေးတစ်ချို့ကတော့ တစ်ချိန်တည်းမှာပဲ မိန်းကလေးတစ်ယောက်မက ချစ်မိသွားနိုင်တယ်လို့သိရပါတယ်။


*မိန်းကလေးရော ယောကျာ်းလေးရော သူတို့အတွက်လက်တွဲဖော်ရှာကြတဲ့အခါ သူတို့နဲ့အကျင့်စရိုက်တူညီသူတွေကိုပဲရှာလေ့ရှိကြပါတယ်။
လေ့လာချက်တွေအရတော့ တစ်ခြားအရာတွေသာ ကွာခြားမှုရှိမယ်။လက်တွဲဖော်ရှာတဲ့အခါမှာတော့ မိန်းကလေးဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ဖြစ် သူတို့
နဲ့အကြိုက်တူ၊စရိုက်တူတဲ့သူကိုပဲ ပိုပြီးရွေးချယ်ရှာဖွေကြတာများပါတယ်။








*ယောကျ်ားလေးတွေက သူတို့ဟာ ချစ်သူမိန်းကလေးဆီကအချစ်ကိုအပြည့်အဝမရသလို ပိုပြီးခံစားရတတ်တယ်
ယောကျာ်းလေးတွေက သူတို့ချစ်သူမိန်းကလေးအတွက် ယုံကြည်ချက်အပြည့်နဲ့အကောင်းဆုံးချစ်ပေးတယ်။အချစ်ရေးခိုင်မြဲဖို့
အကောင်းဆုံးကြိုးစားလုပ်ဆောင်တယ်။ဒါပေမဲ့ သူတို့ပေးတဲ့အချစ်လောက် မိန်းကလေးတွေဆီက ပြန်ပြီးအချစ်မခံရဘူးလို့ပိုပြီးခံစားရတတ်ပါတယ်တဲ့။

Ref:relrules

Unicode


အချစ်ကိုအဓိပ္ပာယ်သတ်မှတ်ဖို့၊တိုင်းတာဖို့၊နားလည်ဖို့ခက်ခဲပေမဲ့ ယေဘူယျအားဖြင့် အချစ်နဲ့ပတ်သက်လာရင် ယောကျ်ားလေးနဲ့မိန်းကလေးကြားမှာ
ဒီလိုကွာခြားချက်လေးတွေရှိကြပါတယ်တဲ့။လေ့လာတွေ့ရှိချက်တွေနဲ့ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ…


*ယောကျ်ားလေးတွေက ပိုပြီးမြန်မြန်ချစ်မိသွားတတ်ကြတယ်
မိန်းကလေးတွေက စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူး။ဒါကြောင့် ယောကျာ်းလေးတွေထက် သူတို့က အရင်စချစ်မိတတ်ကြတယ်၊အချစ်ကိုဖော်ပြတတ်ကြတယ်လု့ိ လူအများစုက ထင်ထားကြပေမဲ့ တကယ်တော့ ယောကျ်ားလေးတွေက ပိုပြီးမြန်မြန်အချစ်ကိုဖော်ပြတတ်ကြတယ်။ချစ်မိသွားတတ်ကြပါတယ်တဲ့။ဘာလို့လဲဆိုရင် မိန်းကလေးတွေက သူတို့ များများချစ်မိလေ၊မြန်မြန်ချစ်မိလေ ပိုခံစားရလေ၊ပိုဆုံးရှုံးရလေဆိုတာသိတာကြောင့် သူတို့ရဲ့ အချစ်ကို တတ်နိုင်သလောက် မဖော်ပြမိဖို့ ထိန်းထားတတ်ကြပါတယ်။ယောကျ်ားလေးတွေကတော့ သူတို့ဟာ စိတ်ညစ်စိတ်ပျက်သလိုခံစားရလည်း မြန်မြန်ပြေပျောက်တယ်ဆိုတာ သိတာကြောင့် ခံစားချက်ကိုသိပ်ပြီးထိန်းချုပ်ဂရုစိုက်လေ့မရှိကြပါဘူး။ဒါကြောင့်သိပ်မစဉ်းစားပဲ ခပ်မြန်မြန်ပဲချစ်ပစ်လိုက်ကြတယ်လု့ိလေ့လာချက်တွေအရ သိရပါတယ်။


*မိန်းကလေးတွေက ချစ်တယ်ဆိုတဲ့စကားကို မကြာခဏေ ပြောတတ်ကြတယ်
မိန်းကလေးတွေက သူတို့ချစ်တဲ့သူကို ချစ်တယ်လို့ဖော်ပြဖို့လည်း ဝန်မလေးကြပါဘူး။မိန်းကလေးတွေက သူတို့ရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်သလို
သူတို့ရဲ့အချစ်ကိုလည်းဖော်ပြရတာ နှစ်သက်တဲ့သူတွေဖြစ်ကြပါတယ်။


*မိန်းကလေးတွေဟာ ချစ်ပြီဆိုရင်လည်း တစ်ယောက်တည်းကိုပဲပုံအောချစ်တတ်ကြတယ်
မိန်းကလေးတွေက သူတို့တစ်ယောက်ယောက်ကိုချစ်မိပြီဆိုရင် အဲ့ဒီတစ်ယောက်ကိုပဲ အာရုံစိုက်တယ်။ဂရုစိုက်တယ်။အဲ့တစ်ယောက်ကိုပဲ
ပုံအောချစ်ထားကြပါတယ်။ယောကျ်ားလေးတစ်ချို့ကတော့ တစ်ချိန်တည်းမှာပဲ မိန်းကလေးတစ်ယောက်မက ချစ်မိသွားနိုင်တယ်လို့သိရပါတယ်။


*မိန်းကလေးရော ယောကျာ်းလေးရော သူတို့အတွက်လက်တွဲဖော်ရှာကြတဲ့အခါ သူတို့နဲ့အကျင့်စရိုက်တူညီသူတွေကိုပဲရှာလေ့ရှိကြပါတယ်။
လေ့လာချက်တွေအရတော့ တစ်ခြားအရာတွေသာ ကွာခြားမှုရှိမယ်။လက်တွဲဖော်ရှာတဲ့အခါမှာတော့ မိန်းကလေးဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ဖြစ် သူတို့
နဲ့အကြိုက်တူ၊စရိုက်တူတဲ့သူကိုပဲ ပိုပြီးရွေးချယ်ရှာဖွေကြတာများပါတယ်။


*ယောကျ်ားလေးတွေက သူတို့ဟာ ချစ်သူမိန်းကလေးဆီက အချစ်ကို အပြည့်အဝမရသလို ပိုပြီးခံစားရတတ်တယ်
ယောကျာ်းလေးတွေက သူတို့ချစ်သူမိန်းကလေးအတွက် ယုံကြည်ချက်အပြည့်နဲ့အကောင်းဆုံးချစ်ပေးတယ်။အချစ်ရေးခိုင်မြဲဖို့
အကောင်းဆုံးကြိုးစားလုပ်ဆောင်တယ်။ဒါပေမဲ့ သူတို့ပေးတဲ့အချစ်လောက် မိန်းကလေးတွေဆီက ပြန်ပြီးအချစ်မခံရဘူးလို့ပိုပြီးခံစားရတတ်ပါတယ်တဲ့။

Ref:relrules




Some text some message..