မျက်ရည်ခိုင်မှသာ ဖတ်ပါ ။ သီရိမင်္ဂလာဈေးက ကုန်ထမ်းသမားကြီးရဲ့ သမီး ကျောင်းသူမလေး
mmcelesmedia.com
|
2019-03-10




မျက်ရည်ခိုင်မှသာ ဖတ်ပါ ။ သီရိမင်္ဂလာဈေးက ကုန်ထမ်းသမားကြီးရဲ့ သမီး ကျောင်းသူမလေး
မျက်ရည်ခိုင်မှသာ ဖတ်ပါ ။ သမီး သိခဲ့ပါပြီအဖေ
အဖေဖြစ်သူက ကျောင်းကို လာပါတယ် ။ ကူလီသမားတစ်ယောက် မို့အဖေအဝတ်စားတွေမှာမီးသွေးတွေ ပေကျံ့နေတာပေါ့ ။
ဆရာမဖြစ်သူက ဟေမန်လေးကို ” သမီး ဟိုမှာ . . ကျောင်းမှာ ရှေ့မှာ မတ်တပ်ရောက်စောင့် နေတာ ။ သမီးရဲ့အဖေမှတ်လား . . ”


ကြည့်လိုက်တဲ့အခါ တကယ်ပဲအဖေဖြစ်နေသည် ။
” ဟုတ်ပါတယ် ဆရာမ သမီးအဖေပါ ”ဘေးနားက သူငယ်ချင်းတွေက ဝိုင်းပြီး
” ဟဲ့ ဟေမန်အဖေကလည်း ကြည့်ပါအုံး ညစ်ပတ်နေလိုက်တာ . . ”
”အေးလေ ဟယ် ။အင်္ကျ ီမှာလည်းအသစ်ရွက်တွေပေကျံ့နေတယ် ။ ကြည့်ရတာ ကုန်ထမ်းပြီး ရောက်လာျတာထင်တယ် ။ ”


” ဒါဆို ဟေမန်အဖေ က ကူလီသမားပေါ့နော် ” သူတို့တွေ တီးတိုးတီးတိုးပြောနေတဲ့ စကားသံကို ကြားရင် ရှက်လည်း ရှက်မိ သိမ်လည်း သိမ်ငယ်မိသလိုခံစားရမိသည် ။ ~
အဲဒါ နဲ့အပြင်ထွက်သွားခဲ့သည် ။ ဆယ်တန်းကျောင်းသူ ကျောင်းသားတွေ မုန့်စားဆင်းချိန်မှာအဖေက ရောက်လာတာကိုး . . .
သမီးလေး ထွက်လာတာ မြင်တော့ သမီးလေးမျက်နှာကြည်ပြီး ပြုံးနေမိသည် ။ မောင်မိုးလင်းတစ်ယောက် ။ တစ်မနက်ပင်ပန်းနေထားသမျှကိုတောင်ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး ။
သမီးဖြစ်သူက – ”အဖေ ဘာလို့ ကျောင်းရှေ့ရောက်လာတာလဲ ””အော် သမီးကို မုန့်ဖိုးလာပေးတာပါ ။ မနက်က ပိုက်ဆံမရှိလို့ သမီးကို မုန့်ဖိုးမပေးလိုက်ရဘူးလေ . . ရော့ရော့ဒီမှာ ပိုက်ဆံ ”အဖေဖြစ်သူက ကုန်ထမ်းရင်း ရလာခဲ့တဲ့ တစ်ထောင်တန်သုံးရွက်ထဲက တစ်ရွက်ကို ယူပြီး ပေးလိုက်သည် ။


သမီးက တစ်ထောင်တန်ပြဲနေလို့
”အဖေ သမီးကို ဒါလေး နှင့် လှဲပေးပါလား ။ ဒီတစ်ထောင်တန်က ပြဲနေတယ် ။ တော်ကြာ ဝယ်စားလို့ မရမှာစိုးလို့ ”အဖေဖြစ်သူကလည်း တစ်ထောင်တန် တိတ်ကပ်ထားတာလေးကို ပြန်ယူပြီးအသစ်ချွတ်ချွတ်လေးကို လက်ထဲထည့်ပေးလိုက်သည် ။
သူများတွေ ဝိုင်းကြည့်နေတာ ကြောက်တယ့် ကျွန်မ ။အပျိုဖော်ဝင်ကာစ ဆိုတော့ ရှက်တတ်တယ်လေ ။အဖေက နောက်ပြီးအင်္ကျ ီက ပြဲစုတ်နေတယ် ။ပုဆိုးကလည်း ပြဲနေတယ် ။အဖေနှင့် ကျွန်မကို လူတွေအမြင်မှာ တစ်မျိုးမြင်မှာ စိုးရိမ်တာနဲ့


”အဖေအမြန်ပြန်တော့နော် . . တော်ကြာ သမီးသူငယ်ချင်းတွေ သွားရင် သမီးကို လှောင်ပြောင်ပြီး စနေကြအုံးမယ်”
”အော်အေးအေး . .အဖေ နားလည်ပါပြီကွယ် . . ”
” သမီးအထဲဝင်တော့လေ . .အဖေ ဒီမှာ ခဏရပ်ပြီးရင်ပြန်ပါ့မယ် ”
”အဖေရယ် ပြန်လိုက်ပါတော့နော် . .ဒီမှာအကြာကြီးဆက်ရပ်နေရင် မကောင်းဘူးနော် ” ရှက်လွန်းတဲ့ ကျွန်မအဖေကို နှင်ထုတ်နေမိသည် ။ ”အေးပါကွယ် . .အေးပါ ”အဖေ ကျောခိုင်းပြီး လှည့်ကာ ထွက်သွားသည် ။


အဖေက သီရိမင်္ဂလာဈေးမှာ ကုန်ထမ်းတာလေ ။တစ်ခါတစ်လေ ၅ထောင်ရတဲ့ နေ့လည်း ရှိသလို ။သုံးထောင် ရတဲ့ နေ့လည်းရှိတယ် ။ တစ်ခါတစ်လေ ၈၀၀၀ထောင်ရတာ ရှိပါတယ်။
သမီးတို့အမေတို့အိမ်မှာ ကျောင်းမှာနေတဲ့အချိန်အဖေ က နေပူကြဲကြဲထဲမှာ ဆိုက်ကားပေါ်က ကုန်တွေကိုမ ရင်းထမ်းရင်း သယ်ပိုးနေတယ် ။ ချွေးတွေ တပြိုင်းပြိုင်းလည်း ကျ ပေါ့ရှင့် ။
ညရောက်တော့ သမီးကအမေ့ကိုအဖေအားပြောခိုင်းတယ်။ သမီးဖြစ်သူအိပ်သွားတော့ မိန်းမက ယောကျာ်းကို ပြောလေသည် ။
” ယောကျာ်း ရှင်ညောင်းနေတာလား ”


”အေးကွာ . .ဒီနေ့ နည်းနည်းအကြောတတ်နေတယ်။”
” ဒဏ်ကြေလိမ်းဆေး လိမ်းမလား။ ကျွန်မလိမ်းပေးမယ်လေ”
”အေးကောင်းတာပေါ့ကွာ . . ဒါမှအကြောပြေမှာ ”
” ပြီးရော ”ဆေးလိမ်းပြီးရင်း ပြောလေသည် ။


ယောကျာ်း . .
”အေး ပြောလေ ”” ရှင် မနက်က သမီးလေးဆီကို သွားတယ်ဆို ””အေးဟုတ်တယ်လေ ငါမုန့်ဖိုးသွားပေးတာ ”” ဘာလို့ သွားရတာလဲရှင် ”
”အော် မင်းကလည်းကွာ . ငါ့သမီး ကျောင်းဘဲငါသွားတာ ဘာဖြစ်လို့လဲ ”
” ဘာဖြစ်ရမှာလဲ . .သမီးလေးက ကျွန်မကိုပြောတယ်။ရှင်ကို ကျောင်းမလာခိုင်းနဲ့ ။ ဘာဖြစ်လို့လဲဆိုတော့ရှင့်ကို သူသူငယ်ချင်းတွေမြင်သွားရင် လှောင်ပြောင်မှာစိုးလို့တဲ့ ။ နောက်ပြီး ဆရာ . .ဆရာမတွေကပါအထင်သေးသွားလိမ့်မယ် . .


ဒါကြောင့် မုန့်ဖိုးပေးစရာရှိရင် တစ်ခါတည်း ကျောင်းသွားတာနဲ့ ပေးလိုက် ။ မဟုတ်ရင်လည်း ကျွန်မ သွားပေးပေးမယ် ။ရှင်တော့ မသွားပါနဲ့နော် ”
ယောကျာ်းဖြစ်သူက ခဏတာ ငြိမ်သက်ကျသွားသည် ။ဘာဖြစ်မှန်း မသိ ။ မျက်ရည်တွေ ဝိုင်းလာပြီး ။ မကျမိအောင် ထိန်းကာ ။ ”အေးပါကွာ . .အေးပါ ။ ငါဆင်ခြင်ပါ့မယ် ။”
” ဘာလဲ ရှင်စိတ်မကောင်းဖြစ်သွားတာလား ”
” မဖြစ်ပါဘူး ။ ငါရင်ထဲ နည်းနည်းမကောင်း ဖြစ်သွားတယ်။ ဒါပေမယ့် ငါနားလည်ပါတယ် ။သမီးလေးလည်း ရှက်မှာပေါ့ ။ သူလည်း ရှက်တတ်တဲ့အရွယ်ရောက်နေပြီဘဲ ။ နောက်ပြီး ငါကလည်း ကူလီသမားကို ။အေးပါကွာ နောက်တစ်ခါ မုန့်ဖိုးသွားပေးစရာရှိရငိ မင်းပဲ သွားပေးလိုက်ပါ ” . . ”အော် . . မိန်းမ ”


”အင်း ပြောလေ ငါစုနေကြ စုဗူးလေး သွားယူလာခဲ့ ”
”အင်း ” ပြောကာ ထသွားသည် ။အတန်ငယ်ကြာတော့ ဖိုးဝရုပ် စုဗူးလေး ယူဆောင်လာသည် ။
ဒီစုဗူလေးက ယောကျာ်းဖြစ်သူအမြဲတမ်း ထည့်ထည့်ပြီးစုနေတာ ။ ဘာစု ဗူးမှန်းလည်း မသိ ။ မေးတော့လည်းမိန်းမ ဖြစ်တဲ့ သူကိုယ်တောင် မပြောဘူး ။ သူက မေးတိုင်း ဘာပြောလဲဆိုတော့အဲဒီစုဗူးဖောက်တဲ့နေ့ကျရင် မင်းသိလိမ့်မယ် တဲ့ ။ ဒါပဲ ပြောတယ် ။
အခုလည်း မိန်းမကမေးပြန်တယ် ။


” ယောကျာ်း ရှင် ဒီစုဗူးထဲကို တစ်နေ့နေ့ ပိုက်ဆံတွေထည့်နေတယ်နော် . .”’အေးလေအဲဒါ ဘာဖြစ်လို့လဲ ”
” ကျွန်မ နားမလည်လို့ တစ်ခုမေးမယ် ။ ရှင်အဲဒီစုဗူးထဲကို ပိုက်ဆံတွေအကုန် ထည့်မယ်အစား တစ်နေ့နေ့ နည်းနည်းချင်းစီဘဲ ထည့်ပါလား ။
ပိုတဲ့ ပိုက်ဆံတွေကိုတော့ ရှင် . . .
အဝတ်စားဖြစ်ဖြစ် ဝယ်ဝတ်ပါလား ။အဲဒါဆိုရင်အဲဒီအဝတ်စားသစ်နဲ့ ရှင်သမီးလေး ဆီသွားလို့ရတာပေါ့မဟုတ်ဘူးလား ”


” မဟုတ်ဘူး ။ ငါ ဖယ်လည်းမဖယ်ဘူး ။ ဒီစုဗူးထဲကို ထည့်ရတာကလည်းအကြောင်းရှိတယ် ။တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ငါဒီစုဗူးထဲထည့်ရတဲ့ရည်ရွယ်ချက်ကို မင်းသိလိမ့်မယ် ”
” ရှင် က လျှို့ဝှက်လွန်းတယ် ။ ကျွန်မတောင် မပြောပြဘူးနော် ”
” ဒါကတော့ကွာ လူတစ်ယောက်ရဲ့ လျှိုဝှက်ချက်ဆိုတာရှိရတယ်လေ ။အဲဒီလျှိုဝှက်ချက်ကိုလည်း ဘယ်သူမှပေးမသိရဘူး ။ ဒါမှ လျှိုဝှက်ချက်ခေါ်တာ ။ ”” ဟုတ်ပါပြီ ရှင် . . ဟုတ်ပါပြီ ”
အဖေကအမြဲတမ်း မိသားစု ရှေ့မှာ ပြုံးသည် ။
အဖေကအမြဲတမ်း မိသားစု ရှေ့မှာ ပြုံးသည် ။


အဖေ့ကို ကြည့်လိုက်ရင် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာမရှိသလိုပဲ ။ နောက်ပြီး ထူးဆန်းတာက ဖေဖေဟာ ဘယ်တော့မှ နေထိုင်မကောင်းဘူးဆိုတာ မရှိသလိုဘဲ။အမြဲတမ်းအလုပ်ပဲ လုပ်နေတယ် ။ နေပူကြဲကြဲထဲမှာ ။မိုးရာသီ ဆိုရင်လည်း မိုးရေတွေထဲမှာ ။ ဆောင်းရာသီဆိုရင်လည်းအေအေးချမ်းချမ်း ခိုက်ခိုက်တုန်နေတဲ့အချိန်မှာအင်္ကျ ီစွပ်ကျွယ်အဖြူ လက်ပြတ်နှင့်အမြဲအလုပ်လုပ်နေတတ်တယ် ။
တစ်နေ့ ကျွန်မအိမ်ပြန်လာရင်း လမ်းမှာစဉ်းစားမိသည်။ ” ငါတောင် ဆယ်တန်းစာမေးပွဲပြီးပြီဘဲ ။အဖေနှင့် စကားမပြောရတာ ။ လျှောက်မသွားရတာအတော်ကြာပြီ ။အမေနှင့်ကတော့ တွှေုဖြစ်တယ် ။
စကားပြောဖြစ်တယ် ။အဖေကတော့ ငါအိပ်မှအိမ်ပြန်လာတယ် ။ ဒီနေ့ကစပြီးအဖေ့ကို ငါကောင်းကောင်းစကားပြောလို့ရပြီ ။ လျှောက်သွားမယ်။ လျှောက်လည်မယ် ”အတွေးဖြင့်အိမ်ရောက်လာတော့
အမေက ငိုနေသည် ။ တရှိုက်ရှိုက်နဲ့ကို ။


”အမေ . .အမေ ဘာဖြစ်တာလဲ ။
အမေ ဘာလိုငိုနေတာလဲ ”
” သမီး . . ညဉ်း . .ညဉ်းအဖေ ကားတိုက်ခံရပြီးဆုံးပြီ ။ ”
” ရှင် ! ” ကျွန်မနားထဲမှာအဖေဆိုတာ ဆုံးပြီးစကားလုံးဝ မယုံနိုင်ဘူး ။အဖေက ကားတိုက်ခံရတာ ။ မူးပြီးလှဲကျတာတဲ့ ။ လမ်းမမှာ မူးပြီးလှဲတုန်းက ကားတွေတက်ကြိတ်လို့ ။အပိုင်းပိုင်း ဖြစ်သွားပြီတဲ့ ။ ကံဆိုးလိုက်တဲ့ ကျွန်မတို့အဖေ။


ညရောက်တော့အမေ က ပစ်တိုင်းထောင် ဖိုးဝရုပ်အရုပ်လေးကို ယူလာသည် ။အမေကပြောတယ် ။” သမီး နင့်အဖေက ဟော့ဒီအရုပ်လေးကို ညတိုင်းပိုက်ဆံလေးတွေ ထည့်ထည့်ပေးတယ် ။အဲဒီအရုပ်လေးကို တယုတယ သူမြတ်နိုးတယ် ။ဒီထဲမှာ ဘာရှိလဲဆိုတာတောင် သူကလွဲပြီးအမေကိုယ့်တောင် မပြောပြဘူး ။အခု ဒီထဲမှာ ဘာရှိလဲဆိုတာအမေတို့ တွေ ဖောက်ကြည့်ရအောင် ”
ခွမ်းခနဲ ခွဲပစ်လိုက်သည် ။ ကျွန်မက စိတ်ဝင်စားစွာကြည့်နေမိသည် ။ပစ်တိုင်းထောင်အရုပ်လေးကွဲသွားတော့အထဲထဲမှာ ပိုက်ဆံတွေအများကြီးဘဲ . .နောက်ပြီး စာတစ်စောင်ပါတွှေုတယ် ။ စာတစ်စောင်ကိုအမေက ကောက်ကာငင်ကာ ယူဖတ်လိုက်သည် ။


အိုစာဖတ်လိုက်တာနဲ့ မေမေ့ မျက်ဝန်းတွေ မဟားတအားစိုလာပြီး စာတောင်ဆက်မဖတ်နိုင်တော့ဘူး ။ ငိုကြီးချက်မဖြင့် ငိုချတော့သည် ။အမေ့ကို ကြည့်ပြီး ကျွန်မလည်း လန့်ထိတ်ကာ လက်ထဲကစာကို ဆွဲယူပြီး ဖတ်လိုက်သည် ။
” သမီး . .အဖေ သမီးကို ချစ်တယ် ။အရမ်းချစ်တယ်။
အရမ်းချစ်လို့လည်း ငွေတွေစုထားတယ် ။အဲဒီငွေတွေကဟော့ဒီက ငါ့သမီးလေး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်္ဂလာဆောင်မယ် ။ လက်ထပ်တဲ့အချိန်ကျရင် သုံးဖို့ပါ ။
အဖေ့လို ကူလီသမားတစ်ယောက်ဟာဆိုရင် သမီးလေးအတွက်အရှက်ရစေမှာအဖေသိပါတယ် ။ ဒါကြောင့်ဖေဖေအဲဒီမင်္ဂလာပွဲကို မတက်ရောက်တော့ဘူးသမီး ။ မမြင်ကွယ်ရာ တစ်ထောင့်တစ်နေရာကဘဲ ဝမ်းသာပီတိနဲ့အဖေ လက်ခုပ်တီးနေမှာပါ ။အဖေမျက်ရည်တွေဖြင့် ပြုံးပြီး ကျေနပ်နေမှာပါကွယ် ။


ဖေဖေလို လူရာမဝင်တဲ့အဖေ့ ဘယ်မှာလဲလို့ သားရှင် ဘက်က မေးလာရင် ။
ဖေဖေဟာအစကကြီးတည်းက သေသွားခဲ့ပါပြီးလို့ ပြောလိုက်ပါကွယ် ။
ဖေဖေ နားလည်ပါတယ် ။ ဖေဖေဟာ ကူလီသမားတစ်ယောက် ပညာမတတ်။ စာမတတ် ။
ငါသမီးလေးလို ရုပ်ချော ပညာတတ် လေးရဲ့အဖေဖြစ်ဖို့ မထိုက်တန်ဘူး ။ သမီးလေးကို လည်းအရှက်မရစေချင်ပါဘူး ။ ဖေဖေဟာဆိုရင်ဖြင့်အဖေလို့ မခေါ်ထိုက်တဲ့လူတစ်ယောက်ပါ ။အဖေ့ကြောင့် ငါ့သမီးလေးအရှက်ရမှာအဖေမလိုလားဘူး။ ဒါကြောင့်အဖေပိုက်ဆံတွေထားခဲ့မယ်နော် ။


နောက်ပြီး ဒီစုဗူးလေး ဖောက်တဲ့အဲအချိန်ဟာ မင်္ဂလာပွဲကျင်းပ ဖို့ တစ်ရက်အလိုဆိုတာဖေဖေသိတယ် ။အဖေလည်း ရှိမှာ မဟုတ်တော့ဘူး ။သမီးလေး မမြင်ကွယ်ရာတစ်နေရာသွားပြီး သွားရှောင်နေမှာပါ ။ သမီးကို ချစ်ခြင်းများစွာဖြင့် ဖေဖေ ” စာဆုံးသွားတော့ မျက်ရည်တွေဟာ မဖိတ်ခေါ်ဘဲပါးပေါ်သို့ စီးကျလာသည် ။အဖေရဲ့မေတ္တာကို ခံစားရင်းအသံတောင် မထွက်နိုင်လောက်အောင် သမီးဖြစ်သူကတရှိုက်ရှိုက်ငိုနေမိသည် ။
ဖေဖေ့ကို ကျောင်းမလာခိုင်းတဲ့ ကျွန်မ ။ ကျောင်းလာရင်အရှက်ရပါတယ်တဲ့ ။ ပင်ပင်ပန်းပန်း နေပူကြဲထဲထီးမဆောင်း ဘာမဆောင်းဖြင့် တကူတကမုန့်ဖိုးလာပေးတဲ့ ဖေဖေ့ကို မှ ကျွန်မ ဟာအင်မတန်မှမိုက်မဲလွန်းလှစွာဖြင့် နှင်ထုတ်ခဲ့မိတယ် ။ နောင်တရပါတယ် ။အရမ်းကို နောင်တရပါတယ် ။ ဘာ ။


တစ်ထောင်တန်က စုတ်နေလို့ စားလို့ မရမှာစိုးလို့ လဲခိုင်းခဲ့တဲ့ ကျွန်မ ။အချိန်တိုင်းအားရင်အလုပ်ပတ်တကုတ်ကုတ်လုပ်နေရတာလဲ သိပြီ ။ ဘာလို့ နေမကောင်းရင် နေကောင်းပါတယ်ဆိုတာလည်း သိပြီ။ရာသီတွေအလီလီပြောင်းသွားလည်း မပင်မပန်းအလုပ်တွေ လုပ်တာလည်း သိပြီ ။ တစ်နေ့လုံးညောင်းနေရတာ ဘာကြောင့်လဲအခုသိပြီ ။ ဖေဖေ့မှာ ဝတ်စရာမရှိတာအခုသိပြီ ။အင်္ကျ ီသစ်တစ်စုံတောင် မဝယ်ဘဲနေခဲ့တာ ရင်ထုနာလိုက်တာရှင် ။ ငါ့အတွက် ။ ငါ့အတွက်
အရာအားလုံးကို သူ့သမီးဖြစ်တဲ့ ငါ့အတွက်ပေးဆပ်ခဲ့တာပါလား ။


ဖေဖေရယ် တောင်းပန်ပါတယ် ။အစကအဲလိုမှန်း မသိလို့ ပြောမိတာပါ ။
ဖေဖေဟာအဖေခေါ်ထိုက်တဲ့ ဖခင်ကောင်တစ်ယောက်ပါလောကမှာ ဖခင်တွေရဲ့မေတ္တာဟာအပြင်ပန်းဝတ္ထုတွေထက်သာပါတယ်ဆိုတာအခု သမီးကောင်းကောင်းသိလိုက်ရပါပြီ ။ သမီးလိုက်ရတဲ့အချိန်ကလည်းအရမ်းနောက်ကျသွားပြီ ။ စောစောသိခဲ့ရင် ဖေဖေ ကျောင်းလာတာလည်း မငြူစူတော့ဘူး ။ ဒါငါ့အဖေလို့လည်းအများမြင်မှာအော်ပြောရမှာလည်း မရှက်တော့ဘူး ။ ဖေဖေကို နှင်းပေးဖို့ နှိပ်ပေးဖို့လည်း မဖြစ်နိုင်တော့ဘူး ။ဖေဖေ့ရဲ့ စုတ်ပြတ်သက်တဲ့အင်္ကျ ီလေးတွေ ရွှေထည်တွေထက် တန်ဖိုးကြီးတယ်ဆိုတာ သမီးသိလိုက်ရပြီ ။ဖေဖေ ကို ပိုင်ဆိုင်ရတာဟာ လောကမှာအကြီးမားဆုံးသော ဆုလာဘ်ကြီးတစ်ခုဆိုတာ သမီးကောင်းကောင်း
သိလိုက်ပါပြီဆိုကာ ။ ငိုသံပါပါ လှိုက်လှိုက်ဝဲဝဲဖြင့် ”အဖေ ” လို့အကျယ်အော်ခေါ်လိုက်မိပါတော့သည် ။


Message. . ဖခင်ဆိုတာ သားသမီးတွေကို ချစ်ပါ သည် ။ သို့သော် ထုတ်မချစ်ပြတတ်ဘူး တကယ်လိုအပ်လာပြီဆိုရင်အသက်တောင် ပေးဖို့ ဝန်မလေးဘူး။ မိန်းမတွေ သားသမီးတွေမထင်မှတ် ထားတာကို စဉ်းစားပြီး လုပ်ပေးထားတတ်ပါတယ်
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခွက်ဒစ်ပေးပါသည်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..