Lotayamm

ဘယ့်သူ့ကိုမှမမှီခိုချင်တဲ့ ထက်မြက်ပြီးအရည်အချင်းရှိတဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ (၅)မျိုး
mmcelesmedia.com
|
2019-03-10



ထက်မြက်ပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေဆိုတာ ကိုယ့်ကိုယ်ကိုကလွဲရင် ဘယ်သူ့ကိုမှ အားမကိုးချင်တဲ့သူမျိုးပါ။ စိတ်ဓာတ်ကြံ့ခိုင်ပြီး ဘယ်သူ့ကိုမှ မမှီခိုချင်တဲ့သူတွေဖြစ်တဲ့အတွက် တစ်ခါလေ ဘဝက ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေလည်း ရှိတတ်ပေမယ့် အဆုံးမှာတော့ အောင်မြင်သွားကြတာချည်းပါပဲ။ ခုဖော်ပြပေးမှာကတော့ ဘယ်သူ့ကိုမှ မမှီခိုချင်တဲ့ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ မိန်းကလေးတွေရဲ့ အမူအကျင့်တွေပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တကယ်ကို ချီးကျူးဖို့ကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။


(၁) အရာရာကိုရင်ဆိုင်ရဲတယ်
သင်ဟာ အရာရာကို ရင်ဆိုင်ရဲတဲ့သူဖြစ်ပြီး စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်ရဲတဲ့သူဖြစ်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကိုယ်လုပ်ချင်တဲ့အရာတစ်ခု၊ ကိုယ်ဖြစ်တဲ့အရာတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်မယ့်သူပါ။ တစ်ခါတလေကျရင် စိတ်ဓာတ်ကျအားငယ်တာတွေရှိနေရင်တောင် လက်မြှောက်အရှုံးပေးမယ့်သူမျိုးတော့ လုံးဝမဟုတ်ပါဘူး။ အတိတ်ကသင်ခန်းစာတွေက သင့်ကို ရင့်ကျက်သန်မာစေခဲ့ပါပြီ။


(၂) ဘာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုချစ်တယ်
သင်ဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ချင်မှဖြစ်မယ်၊ အားနည်ချက်တွေအရမ်းများတာလည်း ဖြစ်ချင်ဖြစ်မယ် သေချာတာကတော့ သင့်ကိုယ်သင်အရမ်းချစ်ပါတယ်။ ဘာအတွက်နဲ့မှ ကိုယ့်ရဲ့အားနည်းချက်တွေအပေါ် မသိမ်ငယ်မိသလို၊ ကိုယ့်ဘဝကိုယ်လည်း ကျေနပ်ပြီး အကောင်းဆုံး ကြိုးစားနေမယ့်သူတစ်ယောက်ဖြစ်ပါတယ်။


(၃) ဘယ်သူ့ကိုမှမမှီခို၊ မအားကိုးဘူး
လွတ်လပ်ပြီး အမှီအခိုကင်းတဲ့မိန်းကလေးတွေဟာ ဘယ်သူ့ကိုမှ မှီခိုမယ့်သူတွေမဟုတ်ပါဘူး။ ငွေရေးကြေးရေး၊ စိတ်ခံစားချက်တွေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုရင်ရာတွေမှာ ဘယ်သူ့ကိုမှ မှီခိုနေမယ့်သူတွေမဟုတ်ပါဘူး။ အရှုံးတွေဘယ်လောက်ကြုံကြုံအားတင်းပြီး ရှေ့ဆက်လျှောက်မယ့်သူတွေ ဖြစ်ပါတယ်။


(၄) ကိုယ့်ကိုယ်ကို ပျော်အောင်ထားနိုင်တယ်
စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်အားကိုယ်ကိုးတဲ့မိန်းကလေးတွေရဲ့ ပျော်ရွှင်မှုဆိုတာ သူများအပေါ်မှာ မမူတည်ပါဘူး။ လူတွေကို သိပ်ပြီး အာရုံထားတတ်တဲ့သူတွေမဟုတ်တာကြောင့် သူများမြှောက်တိုင်းလည်း ပျော်နေမှာမဟုတ်သလို၊ သူများတွေအဆိုးပြောတိုင်းလည်း စိတ်ဓာတ်ကျသွားမှာမဟုတ်ပါဘူး။ ဒါ့အပြင် သူငယ်ချင်းတွေ၊ အဖော်တွေမရှိရင်လည်း တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့သူတွေဖြစ်ပါတယ်။


(၅) ခံစားချက်ကို ထုတ်ပြရဲတယ်
စိတ်ဓာတ်ကြံ့ခိုင်ပြီး အမှီအခိုကင်းတဲ့မိန်းကလေးတွေဆိုတာ ကိုယ့်ရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းထုတ်ပြပြီး ဟန်ဆောင်မှုကင်းမဲ့တဲ့သူတွေပါ။ ခံစားချက်ကို ရင်ထဲမှာမြိုသိပ်ပြီး အပေါ်ယံဟန်ဆောင်ကောင်းပြရမှာထက်စာရင် ပေါက်ကွဲစရာရှိပေါက်ကွဲပြီး စိတ်သန့်သန့်နဲ့ပဲ ဆက်သွားချင်တဲ့သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေဟာ အပြောအဆိုကြမ်းရင်ကြမ်းမယ်၊ ဘယ်တော့မှမယုတ်မာပါဘူး။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..