
မီးခြစ်နဲ့ မီးခြစ်ဆံနဲ့ ဘယ်ဟာကအရင်လောကထဲရောက်ခဲ့တာလဲဆိုတဲ့ မေးခွန်းလိုမျိုးပဲပေါ့။ သင့်အနီးအနားမှာရှိနေပေမယ့် သင်သတိမထားမိတဲ့အကြောင်းအရာလေးတွေကို တကယ်တမ်းသိလိုက်ရတဲ့အခါမျိုးမှာအမှတ်တရားဟာ သင်လက်ခံမယုံကြည်လောက်အောင်ကို ဖြစ်ရတဲ့အကြောင်းအချက်လေးတွေကို စိတ်ဝင်စားစရာဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
မီးခြစ်ကိုတော့ ၁၆ ရာစုနှစ်တုန်းက flintlock ပစ္စတိုမှာ တွေ့နေရပါပြီ။ မီးခြစ်အဖြစ် လူတွေသတိထားမိလာခဲ့ကြတာကတော့ ၁၈၂၃ ခုနှစ်မှာ ဖြစ်ပြီး ၁၈၂၆ ခုနှစ်မှာတော့ မီးခြစ်ဆိုပြီးတွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ကြတာပါ။ မီးခြစ်ဆံကိုတော့ ၁၈၀၅ ခုနှစ်မှစတင်တီထွင်ခဲ့တာဖြစ်လို့ မီးခြစ်ဆံထက် မီးခြစ်တွေကအရင်ပေါ်ခဲ့ကြတာပါ။

pixabay
အလှမွေးရွှေငါးလေးတွေကို မီးမှောင်တဲ့နေရာမှာချည်းပဲ တစ်ချိန်လုံးထားမယ်ဆိုရင်အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ရွှေရောင်အကြေးခွံလေးတွေဟာအရောင်တွေမှိန်မှိန်လာပါလိမ့်မယ်။

wiki
အမျိုးသမီးများမှာအမျိုးသားများထက် နာကျင်နိုင်မှုစွမ်းအား နှစ်ဆမြင့်ပြီး နာကျင်မှုကိုသည်းခံနိုင်စွမ်းအားလည်း ပိုမြင့်တယ်လို့သိရပါတယ်။

pixabay
ပန်းပင်လေးတွေကတော့ သီချင်းသံငြိမ့်ငြိမ့်ညောင်းညောင်းကို တီးတိုးညင်စွာစွာဖွင့်တဲ့ပတ်ဝန်းကျင်မျိုးမှာအပင်ကြီးပိုမြန်ပါတယ်။

pixabay
ဘဲပေါက်လေးတွေဟာ ဥကပေါက်ပေါက်ပြီးချင်း ၁၀ မိနစ်အတွင်း တွေ့သမျှသက်ရှိတိုင်းကို သူတို့အမေလို့သတ်မှတ်ပြီးအနောက်က တစ်ကောက်ကောက်လိုက်တတ်တယ်တဲ့။

pixabay
ပြုံးနေခြင်းထက်အမြဲတမ်းစူပုတ်ပုတ်နေခြင်းဟာ ကယ်လိုရီတွေပိုကျစေပါတယ်။

pinterest
စည်သွတ်ဗူးဖောက်တံဆိုတာ စည်သွတ်ဗူးတွေထက် ၄၈ နှစ်စောပြီး ထွက်ခဲ့ပါတယ်။

Hemera Technologies
၁၉၅၀ ခုနှစ်တွေတုန်းက ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတယ်လို့ သတ်မှတ်ခဲ့ကြပြန်တယ်။

pixabay
Source: Bright Side
Penny