Lotayamm

သားလေးအကြောင်းပြောပြလာတဲ့ မယ်လိုဒီ
sundaymyanmar.com
|
2019-03-11



ကလေးတွေရဲ့စိတ်ကူးအိပ် မက်ထဲက ပန်းချီပြိုင်ပွဲကိုတက်ရောက်လာတဲ့ မယ်လိုဒီနဲ့ တွေ့ဆုံခိုက်

" ကလေးတွေရဲ့စိတ်ကူးအိပ် မက်ထဲက ပန်းချီပြိုင်ပွဲကို လုပ် ပေးတာပါ။ ဒီပွဲမှာ သားသားနဲ့ ကြော်ငြာလေးရိုက်ဖြစ်သလို အကဲ ဖြတ်တဲ့ဒိုင်အနေနဲ့လည်း လုပ်ဖြစ် ခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် မျိုးက ပန်းချီနဲ့ပတ်သက်ရင်ကျွမ်း ကျင်တဲ့အဆင့်မဟုတ်ပါဘူး။ ဒါပေ မဲ့ ပန်းချီဆရာက ရွေးချယ်ပေးတဲ့ အထဲကမှ ကိုယ်က ပြန်ပြီးရွေး ချယ်ပေးတာပါ။

အဓိကကတော့ ကလေးတွေရဲ့အိုင်ဒီယာနဲ့ပေးချင် တဲ့မက်ဆေ့ခ်ျအပိုင်းကို ရွေးချယ် ပါတယ်။ သူတို့ရဲ့အတွေးအခေါ် တွေကို သဘောကျမိတယ်။ သူတို့ ရဲ့အသက်အရွယ်အထက် သဘာ ဝကြီးကို သူတို့က ထိန်းသိမ်းချင် တယ် " လို့ ပြောပြခဲ့ပါတယ်။

သား ဖြစ်သူနဲ့ပတ်သက်ပြီး

" သားက ဉာဏ်ကောင်းပါတယ်။ြွကားတာ မဟုတ်ပါဘူး။ သူ့အဖေကလည်း လမ်းသွားရင်းနဲ့ ပြောပြတယ်။ ငယ်သေးတဲ့အချိန်မှာ သူက မှတ် ဉာဏ်စွမ်းအားအရမ်းကောင်း တယ်။ သူ့ကိုတစ်ခါပြောရင်မှတ် မိနေတယ်။ အစ်မနဲ့ခင်တဲ့မိတ် ဆွေတစ်ယောက်က သူ့ကိုရှမ်း စကား ၁ကနေ၁၀အထိ တစ်ခေါက် ပဲသင်ပေးတာကို သူက မှတ်မိ တယ်။ သူ့ဘာသာပြန်ပြီးလေ့ကျင့် တယ်။ အစ်မက မမှတ်မိဘူး။သား က ပန်းချီဆွဲတာကိုသိပ်ပြီး ဝါသနာ မပါဘူး။ ကားကိုတော့ စိတ်ဝင် စားတယ်။ သူ့ရဲ့အဖေနဲ့တူတာပါ။

အစ်မက ဉာဏ်မကောင်းဘူး။ အစ် မတို့ကတော့ ဖြစ်စေချင်တာတွေ များပါတယ်။ သား ဝါသနာတဲ့အရာ ကို မူတည်ပြီး ပံ့ပိုးပေးရမှာပါ။ ဘယ်လောက်ပဲသင်ယူနိုင်စွမ်း ကောင်းကောင်း သူသင်ယူချင်တဲ့ အရာမျိုးရှိမှ သင်ယူနိုင်မှာပါ " လို့ ပြောပြခဲ့ပါတယ်။

အကယ်ဒမီဆု ပေးပွဲနဲ့ပတ်သက်ပြီး

" မျိုးရဲ့ ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ထွေထွေထူးထူးမရှိပါဘူး။ ကိုယ့် ရဲ့ဆရာအစ်ကိုလိုဖြစ်နေတဲ့ " မုန်း စွဲ " ဒါရိုက်တာကိုကျော်ထွန်းကို ရ စေချင်ပါတယ်။ အရင်က ဦးညီညီ ထွန်းလွင်တို့နဲ့ရိုက်ကူးခဲ့တဲ့အချိန် မှာလည်းမျိုးကို ကလေးတစ် ယောက်လိုမျိုး မှတ်စုစာအုပ်လေးနဲ့ သင်ပေးခဲ့တယ်။ ကိုယ့်ရဲ့ကျေးဇူး ရှင်လည်းဖြစ်တယ်။ အခု ကား ရိုက်မရှိလို့ မဆုံနိုင်ပေမဲ့ သူရိုက်တဲ့ ဇာတ်ကားတွေကို ကြည့်ရတယ်။ " မုန်းစွဲ " ဇာတ်ကားရဲ့ စိတ်ကူးစိတ် သန်းလည်းကောင်းတယ်။စေတ နာလည်းပါတဲ့အတွက် သူ့ကိုရစေ ချင်ပါတယ် " လို့ ပြောပြခဲ့ပါတယ်။

ပရိသတ်အတွက်စကားလက် ဆောင်ကိုတော့

" သားသားကို ရော မျိုးမျိုးကိုပါ ချစ်တဲ့ပရိသတ် တွေအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ " လို့ ပြောပြခဲ့ပါတယ်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..