ချစ်သူရဲ့လက်ဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းလေးတွေကိုကြည့်ပြီး သိရှိနိုင်မယ့် သင့်အချစ်ရေး
lotaya.mpt.com.mm
|
2019-03-11




ချစ်သူရဲ့ လက်ဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းလေးတွေကိုကြည့်ပြီး သိရှိနိုင်မယ့် သင့်အချစ်ရေး


လူတိုင်းလူတိုင်းမှာအချစ်ရေးနဲ့ ပတ်သက်ပြီး ခံစားချက်ကိုယ်စီ ရှိကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အချစ်ရေးကံကောင်းတယ်၊ မကောင်းဘူးဆိုပြီး ကွဲပြားကြတာနဲ့ ပတ်သက်လာရင် ဒီလူရဲ့ ကံနဲ့ပဲ ဆိုင်တယ်လို့အဆိုရှိကြတာပါ။ တကယ်တမ်းမှာလည်း လူတစ်ယောက်ရဲ့ လက်ဝါးပြင်မှာ ပါရှိတဲ့ နှလုံးလမ်းကြောင်းလေးတွေက ဒီလူရဲ့ မေတ္တာရေး၊အချစ်ရေးနဲ့ ပတ်သက်တဲ့ ကံကြမ္မာ၊ ခံစားချက်တွေကို သတ်မှတ်ထားပြီးသားပါတဲ့။ ဒီတော့ သင့်ချစ်သူရဲ့ လက်ဝါးပြင်က နှလုံးလမ်းကြောင်းလေးတွေကတဆင့် သူဟာ သင့်ကို ဘယ်လိုအချစ်ရေးမျိုး ပေးနိုင်မယ့် သူမျိုးဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်ပါနော်။





ပုံ နံပါတ် ၁ - သင့်ချစ်သူရဲ့ လက်ဝါးနှစ်ဖက်ကို ထိကပ်လိုက်ချိန်မှာအချစ်ရေးလမ်းကြောင်း နှစ်ခုက နံပါတ် ၁ ပုံထဲကလို တစ်ဖက်နဲ့တစ်ဖက် ကွက်တိ တူညီနေတာကို တွေ့မြင်ရမယ် ဆိုရင်တော့ သင်ဟာအချစ်ရေး ကံကောင်းသူတစ်ဦးပါပဲ။ သင့်ချစ်သူဟာ တကယ့်ကို လေးလေးနက်နက်ချစ်တတ်သူဖြစ်ပြီးအကောင်းမွန်ဆုံးအဖော်မွန်တစ်ဦးလည်း ဖြစ်ပါတယ်။ သင့်ကို နေရာတကာမှာအလေးပေးတတ်သူဖြစ်ပြီးအကျိုးအကြောင်းဆင်ခြင်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ ဘဝမှာပြင်းထန်တဲ့ ပြောင်းလဲမှုမျိုးကို မနှစ်သက်တတ်ပဲ နူးညံ့သိမ်မွေ့တဲ့ ပုံစံသွင်ပြင်နဲ့ စိတ်ခံစားချက်ရှိသူလည်း ဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ စိတ်ခံစားချက်ကိုလည်း မျှဝေခံစားပေးတတ်သူတစ်ဦးလို့ ဆိုနိုင်ပါတယ်။





ပုံ နံပါတ် ၂ - သင့်ချစ်သူရဲ့ လက်ဝါးပြင် နှစ်ဖက်ကို ထိစပ်လိုက်ချိန်မှာ ဘယ်ဘက်လက်ဝါးပြင်မှာရှိနေတဲ့ နှလုံးလမ်းကြောင်းက ညာဘက်က နှလုံးလမ်းကြောင်းထက်အနည်းငယ် နိမ့်ဆင်းနေမယ်ဆိုရင် သင့်ချစ်သူဟာ သက်တမ်းရှည်ကြာစွာ တစ်ယောက်ထဲကို စွဲမြဲချစ်တတ်မယ့်သူမျိုးပါပဲ။ ပြီးတော့ သူက စိတ်ထားပြည့်ဝပြီး ဉာဏ်လည်း ကောင်းမယ့်သူပါ။ ဒီလက်ဝါးပိုင်ရှင်မျိုးကအချစ်ကြီးပြီး စိတ်ကူးယဉ်ဆန်သူ၊ လူမှုဆက်ဆံရေးသတ်မှတ်ချက်တွေကို လိုက်နာလိုစိတ်မရှိသူ ဖြစ်ပါတယ်။ သူတို့ဟာ တစ်ခါတစ်ရံမှာ ဆဌမအာရုံရဲ့ ခံစားမှုအပေါ် ယုံကြည်မှု ပြင်းထန်သူဖြစ်ပြီးအချစ်ရေးနဲ့ ပတ်သက်လာရင် သူတို့ဘဝမှာအမှားအယွင်း ပြုလုပ်မိတယ်ဆိုတာ မရှိသလောက်ပါပဲ။





ပုံ နံပါတ် ၃ - သင့်ချစ်သူရဲ့ လက်ဝါးပြင်နှစ်ဖက်ကို ထိစပ်လိုက်ချိန်မှာ ဘယ်ဘက်လက်ဝါးပြင်မှာ ရှိတဲ့ နှလုံးလမ်းကြောင်းကအနည်းငယ် မြင့်တက်နေတယ်ဆိုရင်တော့ သူဟာအချစ်ရေးမှာအလျင်မလိုတတ်သူပါပဲ။ သူစိတ်ပျော်ရွှင်ဖို့တစ်ခုတည်းနဲ့ ရည်းစားထားလိုက်မယ့် သူမျိုးလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝအတွက် တကယ်တမ်း လိုအပ်တဲ့သူကိုတွေ့မှပဲ လေးလေးနက်နက် တဘဝလုံးစာ လက်တွဲတတ်ကြသူတွေ ဆိုရင်လည်း မမှားပါဘူး။ ချစ်သူကအသက်ငယ်နေသည်ဖြစ်စေ၊ ဘာသာလူမျိုး ကွဲပြားနေသည်ဖြစ်စေ သူတို့တကယ်ကြိုက်လာတဲ့အချိန် လက်တွဲဖို့ ဝန်မလေးသူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ မျက်လုံးက တကယ်ချစ်မချစ် ပေါ်လွင်နေတတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသူတွေလည်း ဖြစ်ကြပါတယ်။အလုပ်ကိစ္စတစ်ခုကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်တတ်သူတွေဖြစ်ကြပြီး လွတ်လပ်မှုကို မြတ်နိုးသူတွေပါ။အခက်အခဲအတားအဆီးတွေကိုအလွယ်တကူ ကျော်ဖြတ်နိုင်စွမ်း ရှိသူတွေလည်း ဖြစ်ပါတယ်။

Ref: Brightside.me




Some text some message..