ခိုးပြေးလို့ လက်ထပ်ရတဲ့မိန်းကလေး တစ်ယောက်တန်ဖိုး
mmcelesmedia.com
|
2019-03-11




ခိုးပြေးလို့ လက်ထပ်ရတဲ့မိန်းကလေး တစ်ယောက်တန်ဖိုးနဲ့တင့်တောင်းတင့်တယ်
လူကြီးစုံရာနဲ့လာတောင်းခံရတဲ့ မိန်းကလေးတစ်ယောက်တန်ဖိုးဆိုတာဘယ်လိုမှ မတူနိုင်ဘူး။
ပစ္စည်းတောင်မှ သူ့တန်ဖိုးအလျောက် ဈေးကြီးပေးဝယ်တာနဲ့
ခိုးပြီးအလကားရတဲ့ ခိုးရာပစ္စည်းက တန်ဖိုးအသီးသီး ကွာခြားတယ်ဆိုတာအားလုံး သိနေကြမယ် ထင်ပါတယ်။


ကိုယ့်ကိုလာတောင်းလို့
ကိုုယ့်က သူနဲ့ စည်းမကျော်ထားဘူးဆို
မိန်းကလေးရှင်ဘက်က ကိုယ့်မိဘတွေ
မျက်နှာ မငယ်ရဘူးပေါ့။
ခိုးပြေးပြီးမှ ပြန်လာအပ်ရင်


ယောကျာ်းလေး ဘက်က ဘာပြောပြော
ကိုယ့်မိဘတွေမှာမျက်နှာငယ်စွာ လက်ခံရတော့မယ်။
ကိုယ့်သမီးမိုက်က စည်းကျော်ပြီးပြီကိုး။သူ့သားက
လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့်
ကိုယ့်သမီးကအပျိုပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့


ကိုယ်မိဘတွေ ခေါင်းငုံ့ ခံနေရတယ်ဆိုတာ သိပါသလား။
တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို
ပတ်ဝန်းကျင်က လက်ညှိုးထိုးခံရမယ့်အလုပ်မျိုး
ဘယ်တော့မှ မလုပ်မိပါစေနဲ့။
အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်နေပါစေ။


မိဘကို ဆန့်ကျင်ပြီး ခိုးရာလိုက်ပြေးမယ့်အလုပ်မျိုးကို
မလုပ်မိစေဘဲ နှစ်ဖက်မိဘတွေ သဘောတူလက်ခံလာတဲ့အထိကြိုးစားသင့်ပါတယ်။
တိုးတက်ဆန်းပြားလာတဲ့ခေတ်ကာလမှာ
living together တွေ များလာကြပါတယ်။
ရည်းစားဆိုတာနဲ့အဆင့်ကျော်ဖို့ကိုပဲ


အခွင့်ချောင်းနေကြတာ များပါတယ်။
အဲ့ဒါတွေကအနောက်တိုင်း ယဉ်ကျေးမှုတွေပါ။
ကိုယ်နေတာက မြန်မာပြည်မှာလေ။
မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့
ဘဝကိုတန်ဖိုးထားသောအားဖြင့်


အရှက်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်။
Living together နေပြီး
RS goals လို့ ထင်နေတဲ့သူတွေရော
နေလိုက်ပါပြီဆိုပါစို့။ လက်မထပ်ဖြစ်ခဲ့ရင်
ပြည့်တန်ဆာတွေနဲ့ ဘာထူးတော့မလဲ။


ဘဝပေးအခြေအနေအရ လုပ်ကိုင်နေရလို့ ပေါ။
သူတို့ကတောင် ပိုသာတယ်လို့ ဆိုလိုက်ခြင်ပါသေးတယ်။
မိန်းကလေးတွေအနေနဲ့
ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ။
အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ်ဆိုတာ မလုပ်မိပါစေနဲ့။ယုံအောင်ပြောလာရင်လည်း နားမဝင်မိပါစေနဲ့။


ကိုယ်က ဘဝပေးချစ်တော့ရော
ကိုယ့်ကိုအမှန်တကယ်တန်ဖိုးထားမယ်ထင်သလား။
No ပါ။ ယောကျာ်းဆိုတာမျိုးက 10 မှာ 9 ယောက်လောက်
မရခင်သာ လိုချင်ကြတာ လက်တည့်စမ်းချင်ကြတာ။
ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေက များကြပါတယ်။


ယောကျာ်းအကုန်လုံးတော့ မဟုတ်ပါဘူး။
မကောင်းဘူးဆိုပြီး နောက်တစ်ယောက် ပြောင်းတော့ရောအဆင်ပြေမယ် ထင်နေလား။ ကိုယ့်ကံကအဲဒီလောက်
ကောင်းမယ်လို့ ယုံကြည်နိုင်သလား။
ကိုယ့် စိတ်တောင်အမျိုးမျိုးပြောင်းနေတာ
သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ။


ယောကျာ်းဆိုတာ
ကိုယ်ကသာ လူပျို စစ်ချင်မှစစ်မယ်။
ကိုယ်ယူမယ့် မိန်းကလေးဆိုတာအပျိုစင်ပဲ လိုချင်ကြတာပါ။
ငါ မပါဘူးလို့ ပြောမယ့်ယောကျာ်းတွေ ရှိမှာပါပဲ။
ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့


ခွင့်လွှတ်တာဖြစ်ချင်ဖြစ်မယ်။ဖြစ်နိုငမယ်ဆိုရင်
ကိုယ်လက်ထပ်မယ့်သူကအပျိုစင်ပဲ
ဖြစ်ချင်ကြလက်ထပ်ခြင်ကြတာပါ။
ဟိုးအရင်ထဲက
မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ မိန်းကလေးတွေရဲ့


မိဘတွေကို ကျေးဇူးတင်တယ်။
တန်ဖိုးရှိတဲ့အသိတွေ
ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင်
သင်ပေးခဲ့တဲ့အတွက် လက်မထပ်ခင်
ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့အသိတွေ


အရှက်ဆိုတာအသက်ထက်ပိုပြီး
တန်ဖိုးထား တတ်အောင် သင်ပေးခဲ့တဲ့အသိတွေ
ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားရင်
ဘယ်သူမှ တန်ဖိုးထားမှာ မဟုတ်ဘူးဆိုတာတွေကို ရင်ထဲစွဲနေအောင်ရိုက်သွင်းထားတတ်ကြပါတယ်။
အပျိုစင်ဘဝဆိုတာ


ကိုယ့်ကိုတန်ဖိုးထားပြီး တစ်ဘဝလုံး
စောင့်ရှောက်ပေးမယ့်သူ
ကိုယ့်ကို တန်ဖိုးထား လက်ထပ်ယူမယ့်ယောကျာ်း
တစ်ယောက်အတွက်သာ ပေးသင့်
ပေးထိုက် ပေးရမယ့်အရာတစ်ခုပါ။


ပထမဆုံးအကြိမ်အတားအဆီးမရှိ ရလာမယ့်
ကလေးလေးကိုလဲ ကြိုဆိုပေးပါ။
ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေးတစ်ခု ဖန်တီးကြပါ။
ခေတ်တွေ ဘယ်လိုပြောင်းပြောင်း
စာဖတ်သူများအပါအဝင်အားလုံးရဲ့ပတ်ဝန်းကျင်မှာ


တန်ဖိုးရှိတဲ့ မိန်းကလေးများစွာ
ရှိနေသေးတယ်ဆိုတာကိုက ဂုဏ်ယူမိပါတယ်။
မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့
မိန်းကလေးတစ်ယောက်လောက်


ရှိမယ်ဆိုရင်တောင် ကျေနပ်မိပါတယ်။
စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးပါလို့
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခွက်ဒစ်ပေးပါသည်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..