တင်ပါးခွဲစိပ်မှုလုပ်ပြီးနောက် ပေါက်ကွဲမှာစိုးလို့ လုံးဝမထိုင်ရဲတော့တဲ့ မိန်းကလေး
shweinnlay.com
|
2019-03-11



ပိုပြီးလှသွားမလားလို့အထင်နဲ့ တင်ပါးခွဲစိပ်ပြုပြင်ခဲ့တဲ့ ဘရာဇီးလ်သူ မိန်းကလေးတစ်ဦးကအခုတော့ ထိုင်ဖို့တောင် ထိတ်လန့်နေ ရတယ်လို့ ဆိုလာပါတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ တင်သားခွဲစိပ်ပြု ပြင်ထားတဲ့အထဲက ဆီလီကွန်တွေ ပေါက်ထွက်သွားမှာကို စိုးရိမ်ကြောက်လန့်မိတာကြောင့်ပဲ ဖြစ် တယ်တဲ့။

ပလက်စတစ်ဆာဂျရီလုပ်တာကိုအလွန်အမင်း ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင် မိန်းကလေး ဒယ်ဂူ ဒိုက်စ်ကို သီမောနင်းသတင်းကအင်တာဗျူးတွေ့ဆုံမေးမြန်းပြီး စပ်စုထားပါတယ်။ သူမက သူ့ရဲ့ နောက်ပိုင်းကိုအဆိုတော် ဂျနီဖာလိုးပက်စ်လို့အစိတ်အပိုင်းမျိုး ရလာ ဖို့မျှော်လင့်ပြီး စိတ်ကူးရှိလို့ ဒီလိုမျိုး တင်ပါးခွဲစိပ်ပြုပြင်မှုကို လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုပြုပြင်လိုက်လို့ လှပသွား တဲ့အခါ ယုံကြည်မှုနဲ့စိတ်ကျေနပ်မှု ရှိပေမယ့် သူမအတွက် တစ်ဖက်ကလည်း စိုးရိမ်ပူပန်မှုတွေတော့ ရှိနေတယ်လို့ ပြောပြခဲ့ပါတယ်။




ဒေါ်လာ နှစ်သောင်းကျော်အကုန်ကျခံပြီး ခွဲစိပ်ပြုပြင်မှုပြုလုပ်ထားတဲ့ သူမရဲ့တင်ပါးနဲ့ နောက်ပိုင်း၊ ပေါင်တွေမှာဆိုရင်အဆီနဲ့ ဆီလီကွန် ၃ စတုန်နီးပါးအလေးချိန်ကို ထည့်သွင်းထားခဲ့ တယ်လို့ ဆို ပါတယ်။ ဒီ့အတွက်ကြောင့်လည်း တင်ပါးနောက်ပိုင်းကအရင်ကထက်ကို ပိုပြီးကြီးလာတယ်ဆိုပေ မယ့် ခံစားမှုကတော့ သိပ်စိတ်မသက်သာခဲ့ဘူးလို့ဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကခွဲစိပ်မှုကိုပြုလုပ်ခဲ့ တာဖြစ် ပြီးတော့ ထိုင်လိုက်တဲ့အချိန်တိုင်းမှာ နာကျင်မှုကို ခံစားရတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်လည်း သူမအတွက်အမြဲတမ်းထိုင်နေဖို့ကအန္တရာယ်များလွန်းနေတာကြောင့်ပဲ မတ်တပ်ရပ်နေရလေ့ရှိ တယ်လို့လည်း ပြောပြခဲ့ပါတယ်။

နောက်ပိုင်း ကြီးချင်လို့၊ ပိုပြီးလှသွားချင်လို့ ဒီလိုကြီးမားတဲ့ ခွဲစိပ်ပြုပြင်မှုနဲ့အစားထိုးမှုကို ပြုလုပ်ခဲ့တဲ့ သူမက ခွဲစိပ်ပြုပြင်မှုမပြု လုပ်ခင်မှာတော့ ဒီလိုအန္တရာယ်တွေ၊ ပြဿနာတွေရင်ဆိုင်ကြုံတွေ့ရလိမ့်မယ် ဆိုတာကို သတိမထားမိဘူးလို့ ဆိုပါတယ်။ သူမရဲ့ ဒီနောက်ပိုင်းတင်ပါးနဲ့အထိုင်အထ လုပ်ရခြင်းက သိပ်ကို စိတ်ရှုပ်စရာကောင်းလွန်းတယ်လို့လည်း ဖြေကြားခဲ့ပါတယ်။




မေ(ရွှေအင်းလေး)




Some text some message..