ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူက ကိုယ့်ကို လိမ်ညာပြီး သစ္စာဖောက်သွားခဲ့ရင် သင် ဘယ်လိုခံစားရမလဲ..?
ဖော်မပြနိုင်အောင် တနုံ့နုံ့နဲ့ နာကျင်နေမှာ သေချာပါတယ်။
ကိုယ်ကလည်းအမှားကျူးလွန်သူ မဟုတ်လို့ တွေးမိတိုင်း ခွင့်လွှတ်နိုင်ကြလိမ့်မယ် မထင်ပါဘူး။အနည်းဆုံးတော့ သူနဲ့ထိုက်တန်တဲ့အပြစ်တစ်ခုခု ပေးလိုက်ရမှ ခံစားရတဲ့ ဝေဒနာတွေအထိုက်လျှောက် သက်သာသွားတတ်ပါတယ် (လုပ်ပြီးမှ နောင်တရတာကတော့ နောက်ကိစ္စပေါ့) ဒီအတွက် ဘယ်လိုလက်တုံ့ပြန်ရမလဲဆိုတာ တွေးမိဖူးကြမှာပါ။
အင်ဒိုနီးရှားနိုင်ငံကအမျိုးသားတစ်ဦးက သစ္စာမရှိတဲ့ ချစ်သူကောင်မလေးကို လက်စားချေတုံ့ပြန်လိုက်ပုံက နောက်ဆုံးပေါ်နည်းနဲ့ ထိမိလွန်းလို့ ကမ္ဘာကျော်သွားတယ်လို့တောင် ပြောလို့ရပါတယ်။
သူဟာ ငွေကြေးအကုန်အကျခံကာ လမ်းဆုံလမ်းဂွမှာ ကြော်ငြာ Billboard တစ်ခုကို ငှားရမ်းပြီး ရည်းစားဖြစ်သူ ကောင်မလေးရဲ့ ဓါတ်ပုံနဲ့တစ်ကွ “နင် ငါ့အသည်းကို ခွဲတယ်၊ ငါ့ကိုလိမ်တယ် သစ္စာမရှိဘူး၊ နင်နဲ့ငါ ပြတ်ပြီ” ဆိုတဲ့ စာတမ်းနဲ့ ကြော်ငြာဆိုင်းဘုတ်ကြီး စိုက်ထူခဲ့ပါတယ်။
ဒီလောက်နဲ့ မကျေနပ်သေးပဲအော်လံတစ်ခုကိုပါ လွယ်ထားပြီး Billboard စိုက်ထားရာ လမ်းဆုံလမ်းဂွမှာလည်း ထပ်ကာထပ်ကာကြေညာခဲ့ပါတယ်။အဲဒီအချိန်မှာ ကာယကံရှင် မိန်းကလေးရောက်လာပြီးအခြေအတင်စကားများကြတဲ့ ရုပ်သံကိုအမျိုးသားက သူ့ရဲ့ကိုယ်ပိုင်အကောင့်ကနေ တင်လိုက်တဲ့အခါအားလုံးအံ့အားသင့်သွားခဲ့ကြပါတယ်။
VID
မတ်လ ၂ ရက်နေ့က တင်ခဲ့တဲ့အဆိုပါရုပ်သံဟာအကြိမ်ပေါင်း ၃ သောင်းကျော် ပြန်လည်ဝေမျှခဲ့ကြပြီး Like နှစ်သောင်းနီးပါးရရှိထားတဲ့ ရုပ်ငံအဖြစ် ပျံ့နှံ့နေပါတယ်။ ဒီရုပ်သံဟာ လုပ်ကြံရိုက်ကူးတာလားလို့ မေးကြတဲ့အပေါ် တစ်ကယ့်အဖြစ်မှန်လို့အမျိုးသားက ပြန်လည်ဖြေကြားခဲ့တာကိုလည်း တွေ့ရပါတယ်။
သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းအစဆုံးမသိရပေမယ့်အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့ စကားအတိုင်း သစ္စာမထားတဲ့ ချစ်သူကို ထိထိမိမိကြီး လက်တုံ့ပြန်နိုင်ခဲ့တာကတော့ သေချာပါတယ်။
ကဲ.. ဘယ်လိုလဲ သစ္စာဖောက်မယ် မကြံကြနဲ့နော်..