ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ်
hellosayarwon.com
|
2019-03-16

တစ်ကိုယ်ရေသန့်ရှင်းရေး မှာ နားသန့်ရှင်းရေးကလည်း မေ့ထားလို့မရတဲ့အချက်တစ်ခုပါ။ လူကြီးတစ်ယောက်အနေနဲ့အချိန်အဆကို နားလည်နေတာကြောင့် နားသန့်ရှင်းတဲ့အခါအခက်အခဲမရှိပေမယ့် ကလေးတစ်ယောက်ကို နားသန့်ရှင်းပေးဖို့ကျတော့ ခက်တယ်နော်။ မသန့်ရှင်းဘဲထားလို့ရပေမယ့် နားထဲမှာ နားဖာချေးတွေအရမ်းများတဲ့အခါမှာတော့ သန့်ရှင်းပေးဖို့လိုအပ်မှာလေနော်။ ဒီတော့

ဘေဘီလေးတွေ ကို ဘယ်လိုနားသန့်ရှင်းပေးရမလဲ သိချင်နေတဲ့ မေမေ၊တီတီနဲ့ဖွားဖွားတို့အတွက် ဒီဆောင်းပါးလေးကအသုံးတည့်မှာပါ။

နာဖာချေးဆိုတာ
နားဖာချေးဆိုတာက နားကို ကာကွယ်ဖို့

ခန္ဓာကိုယ် ကအလိုလျောက်ထုတ်ပေးတဲ့အရာတွေပေါ့။ လူကြီးရော ကလေးမှာပါ ဖြစ်နိုင်ပါတယ်။ နားထဲကို ပြင်ပကအရာတွေ၊ ဖုန်မှုန့်တွေ နဲ့ ပိုးကောင်တွေလိုမျိုး ထိခိုက်စေနိုင်တဲ့အရာတွေဝင်ရောက်မလာစေဖို့ နားတွင်းဂလင်းတွေကက နားဖာချေးတွေကို ထုတ်ပေးပါတယ်။ နာဖာချေးတွေက ညိုတိုတိုအရောင်ကနေ ဝါတာတာအရောင်အထိအမျိုးမျိုးရှိနိုင်ပါတယ်။ ကလေးတွေမှာတော့ နာဖာချေးက ခပ်ပျော့ပျော့လေးတွေအဖြစ်များပါတယ်။ နာဖာချေးတွေကအလိုလိုဖြစ်ပေါ်လာတတ်ပြီးအချိန်ကြာလာတာနဲ့အမျှ ခြောက်သွားပြီး ပြင်ပနားဆီကို ထွက်လာတတ်ပါတယ်။ ဒါပေမယ့် နားထုမှာ နာဖာချေးတွေအရမ်းများလာမယ်ဆိုရင် ကလေးက

နားကိုက်တာ

နားယားတာ နဲ့

အကြားအာရုံထိခိုက်တာ မျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို နားသန့်ရှင်းပေးဖို့ကလည်း မဖြစ်မနေလုပ်ပေးသင့်တဲ့ တာဝန်တစ်ခုပါ။

ကလေးနားကို ဘယ်လိုသန့်ရှင်းပေးမလဲ
ကလေးနားကို သန့်ရှင်းတာက နေအိမ်မှာတင် လုပ်ပေးလို့ရပါတယ်။ ဘယ်လိုသန့်ရှင်းပေးရမလဲဆိုတာကို သေချာလေးရေးပေးထားတယ်နော်။ ရေစိုဝတ်သုံးပေးပါ - ကလေးနားကို သန့်စင်ပေးရာမှာအထိရောက်ဆုံးနည်းလမ်းတစ်ခုပေါ့။ ရေနွေးနဲ့ တဘက်စသန့်သန့်လေးတော့လိုပါမယ်။ တဘက်စသန့်သန့်လေးကို ရေခပ်နွေးနွေးလေးကို စွတ်လိုက်ပါ။ ပြီးရင် နားအပြင်ဘက်ကို သုတ်သင်ပေးပါ။ ဒီလိုသုတ်သင်ပေးရင်းနဲ့ နာဖာချေးတွေက နားအပြင်ဘက်ကိုပျော်ပြီးထွက်လာပါလိမ့်မယ်။ ဒီလိုပျော်ထွက်လာတာတွေကို တဘက်စလေးနဲ့ သုတ်ပြီး

ဘေဘီလေး ရဲ့နားကို သန့်စင်လိုက်ပါနော်။ တဘက်စကို နားတွင်ထဲထိုးထည့်တာမျိုးတော့ မလုပ်သင့်ပါဘူး။ နားထဲအစက်ချဆေးရည်သုံးပေးပါ  - နားအတွင်းပိုင်း ကနားဖာချေးတွေကို သန့်စင်ပေးဖို့အတွက်ကတော့  နားထဲအစက်ချဆေးကို သုံးပေးပါ။ ဆရာဝန်က ညွှန်းတဲ့အစက်ချဆေးကိုပဲသုံးပေးပါ။ နားထဲကိုအစက်ချတဲ့အခါမှာလည်း ကလေးကို တစောင်းအနေအထားနဲ့ သက်တောင့်သက်သာ နေခိုင်းပြီး ဆေးရည်ကို

လက်ဖဝါး ထဲမှာ နွေးသွားအောင် ခဏထားပြီးမှ ကလေးရဲ့ နားထဲကို ထည့်ပေးပါ။ နားထဲကိုအစက်ချဆေးထည့်ပြီးတဲ့အခါ ခဏထားပေးပြီးမှ တစ်ဖက်ကို စောင်းချခိုင်းလိုက်ပါ။ နားကျပ်ဂွမ်းအသုံးပြုပါ -အသုံးပြုပေးတဲ့နည်းက ရေစိုဝတ်ကိုသုံးတဲ့နည်းအတိုင်းပါပဲ။ နားကျပ်ဂွမ်းစလေးမှာ ရေနွေးစွတ်ပေးလိုက်ပါ။ ပြီးရင် နားအပြင်ဘက်ကိုဖြည်းဖြည်းချင်းပွတ်တိုက်သန့်စင်ပေးပါ။ နားထဲက နာဖာချေးတွေအပြင်ထွက်လာတဲ့အခါ သုတ်သင်ပေးလိုက်ရုံပါနော်။

Baby Oil ကိုသုံးပေးပါ - ကလေးရဲ့ နားတွင်းထဲကို Baby Oilအစက်ချပေးပါ။ ဒီလိုလုပ်ပေးတဲ့အခါ နာဖာချေးတွေ ပျော်ပြီး နားအပြင်ဘက်ကိုအလါယ်တကူထွက်လာမှာပါ။ ဒီနည်းက ဘေးကင်းစိတ်ချစွာနဲ့ ကလေးကို နားသန့်ရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခုပေါ့။

ကလေးနားသန့်ရှင်းပေးတဲ့အခါ ဆောင်ရန်၊ ရှောင်ရန်အချက်များ
နားသန့်ရှင်းပေးတာက ကြည့်တော့သာ ဘာမှမဟုတ်ဘူးထင်ရပေမယ့် တကယ်တမ်းလုပ်ဖို့ကျခက်ခဲတယ်နော်။  ကလေးက ငယ်လေလေ ပိုဂရုစိုက်ရလေလေပါ။ ဒီတော့ နုနယ်လွန်းတဲ့ ကလေးရဲ့နားကို သန့်စင်ပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေတော့ သတိထားပေးပါနော်။ ဆောင်ရန်အချက်များ
ကလေးကို ငြိမ်ငြိမ်လေးနေအောင် ထိန်းထားပါ။
ရေစိုဝတ်စသန့်သန့်လေး ဒါမှမဟုတ် ဂွမ်းစသန့်သန့်လေးသုံးပေးပါ။
နားဖားချေးက နားတွင်းနက်နက်ထဲရောက်နေမယ်ဆိုရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။

ရှောင်ရန်အချက်များ

ကလေးနားထဲကို ချွန်ထက်တဲ့အရာတွေသုံးပြီး မကလော်ပါနဲ့။ နားကျပ်ဂွမ်းတံသုံးပြီး

နားအတွင်းပိုင် းထဲကို ကလော်တာမျိုးမလုပ်ပါနဲ့။
နားထဲကို ရေအေးထည့်ပြီး နာဖာချေးထွက်လာအောင် မလုပ်ပါနဲ့။
နားထဲကို ရေအရှိန်နဲ့လောင်းထည့်တာမျိုးမလုပ်ပါနဲ့။
နားထဲကို ခက်ခက်ခဲခဲကလော်ပေးတာမျိုးမလုပ်ပါနဲ့။ ဒီနည်းလေးတွေက ကလေးကို နားသန့်ရှင်းရေးလုပ်ပေးရာမှာအသုံးဝင်မှာပါ။

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..