
Genius လို့ခေါ်တဲ့ ထူးချွန်ထက်မြက်သူ ဉာဏ်ကြီးရှင်တွေမှာ ထူးဆန်းတဲ့အမူအကျင့်တွေအရှိဆုံး၊ မိုက်ရူးရဲဆန်တဲ့လုပ်ရပ်တွေအလုပ်ဆုံးဆိုတာ သတိထားမိကြမှာပါ။

© flickr.com
ဥပမာ စာရေးဆရာ Victor Hugo ဆိုရင်အပြင်သွားရင်စာရေးတာကိုအနှောက်အယှက် ဖြစ်မှာဆိုးလို့ဆိုပြီအပြင်မထွက်မိအောင် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေအပြင် ဆံပင်မွှေးတွေပါ တစ်ဝက်ဆီရိတ်ကာအစေခံတွေကိုလည်းသူ့ရဲ့အင်္ကျီတွေအကုန်လုံးကို သိမ်းထားစေပြီးအခန်းတွင်းအောင်း စာရေးခဲ့တဲ့အဖြစ်မျိုးတွေပေါ့။ သူ့လိုမျိုးနောက်ထပ် ဘယ်သူတွေက ဘယ်လိုလုပ်ရပ်တွေကိုလုပ်ပြီး ထူးထူးခြားခြားအကျင့်တွေရှိသလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်။
Charles Darwin
ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Charles Darwin ဟာ သူမတူအောင် ထူးချွန်ပြောင်မြောက်သူတစ်ဦးဖြစ်ပေမယ့်အစားအရမ်းသောင်းကျန်းသူတစ်ဦးဖြစ်ပါတယ်။အာဟာရဗေဒဆိုင်ရာလေ့လာသူတစ်ဦးဖြစ်ပြီး ခရီးသွားစွန့်စားသူတစ်ဦးလည်း ဖြစ်တာကြောင့် ရောက်လေရာအရပ်မှာ ပိုးမွှားတွေအပါအဝင်တွေ့သမျှ သက်ရှိတိုင်းကို ချက်ပြုတ်စားသောက်ကြည့်လေ့ရှိပါတယ်။အကြိုက်ဆုံးအသားကတော့အညိုရောင်ရှိတဲ့ ကြွက်မျိုးစိတ်တစ်ခုနဲ့ armadillo လို့ခေါ်တဲ့အကောင်ရဲ့အသားကိုအကြိုက်ဆုံးဖြစ်ပြီး ကျားသစ်မျိုးစိတ်တစ်ခုဖြစ်တဲ့ puma ကောင်ရဲ့အသားကိုတော့အရမ်းမုန်းတယ်လို့ ဆိုပါတယ်။

© commons.wikimedia.org
Abraham Lincoln
အမေရိကန်ရဲ့ ၁၆ ယောက်မြောက် သမ္မတဖြစ်တဲ့ Abraham Lincoln ရဲ့ ထူးထူးဆန်းဆန်းအမူအကျင့်တစ်ခုကတော့ သူ့ရဲ့ဦးထုပ်ထဲအရေးကြီးစာရွက်စာတမ်းတွေ ထည့်ယူသွားခြင်းပါ။ နောက်ပြီး ကလေးမလေးတစ်ယောက်က နားသယ်မွှေးတွေဟာ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တယ်လို့ သူ့ကိုပြောခဲ့တဲ့နေ့ကစပြီး နားသယ်မွှေးနဲ့ ပါးသိုင်းမွှေးကို စထားခဲ့တယ်လို့သိရပါတယ်။

© wikimedia.org
Gabrielle Coco Chanel
နာမည်ကြီးဒီဇိုင်နာတစ်ဦးဖြစ်တဲ့အပြင် Chanel ကို စတင်တည်ထောင်ခဲ့သူ Coco ကတော့ ကတ်ကြေးတစ်လက်ကိုအမြဲတမ်းလိုလို သူမရဲ့လည်ပင်းမှာ ဆွဲထားတတ်တယ်လို့ သိရပါတယ်။ နောက်ထပ် စိတ်ကြီးစွာ ပြုမူတတ်တဲ့တစ်ချက်ကတော့ သူမရဲ့မော်ဒယ်တွေဟာ Chanel တံဆိပ်ကို မဝတ်ဘဲ တခြားအင်္ကျီတံဆိပ်ကို ဝတ်မိခဲ့ရင်အဲဒီမော်ဒယ်ကိုအင်္ကျီထောက်ပံ့မှုတွေ ချက်ချင်းရပ်ကာအလုပ်တောင် ဆက်မလုပ်တော့ဘဲ ပစ်ချပစ်ခဲ့တာပါ။ ပြီးရင် မင်းတို့နဲ့အဲဒီတံဆိပ်နဲ့က ပိုကျက်သရေရှိတယ်လို့လည်း ပြောတတ်သေးတယ်တဲ့။

© Sipa / East News
Henry Ford
အမေရိကရဲ့တီထွင်သူတစ်ဦးဖြစ်ပြီး ကမ္ဘာကျော် Ford ကားကုမ္ပဏီရဲ့ ကနေဦးပဲ့ကိုင်ရှင် Henery Ford ရဲ့ ထူးထူးဆန်းဆန်းအမူအကျင့်တစ်ခုကတော့ ပေါင်းပင်တွေကို စားခြင်းပါ။ မျက်ခင်းပြင်တွေထဲရောက်တိုင်း ခြေထောက်နားမှာရှိတဲ့ ဘယ်အပင်ကိုမဆို နှုတ်ပြီးအသားညှပ်ပေါင်မုန့်ထဲ ထည့်စားတတ်သလို တစ်ခါတစ်ရံ သုတ်စားတာတွေ၊ ဟင်းရည်လုပ်သောက်တာမျိုးတွေ ရှိခဲ့ပါတယ်။

© AKG Images / EAST NEWS
Oscar Wilde
အင်္ဂလိပ်-ပြင်သစ် စာပေလောကမှာ ထင်ရှားတဲ့ Oscar Wilde ကတော့ စာရေးဆရာ၊ ကဗျာဆရာနဲ့ ပြဇာတ်တွေကို ရေးသားသူတစ်ဦးပါ။ သူ့ရဲ့ထူးထူဆန်းဆန်းဝါသနာကတော့ ပုံမှန်မဟုတ်တဲ့ တိရိစ္ဆာန်တွေကိုအိမ်မွှေးတိရိစ္ဆာန်အဖြစ် မွေးတာကို ခုန်မင်သူဖြစ်ပြီး သူတို့တွေနဲ့ လမ်းထွက်လျှောက်ရတာကို ဝါသနာထုံပါတယ်။ ပုဇွန်ထုပ်ကြီးတစ်ကောင်မွေးထားခဲ့ပြီး ပုံမှန်ကြိုးနဲ့ဆွဲကာ လမ်းလျှောက်လေ့ရှိသလို ပြဇာတ်ရုံကိုလည်းအချစ်တော် မြေကြွက်ကြီးတစ်ကောင်နဲ့ လာလေ့ရှိခဲ့ပါတယ်။

© pixabay.com
Clark Gable
ဟောလိဝုဒ်ရဲ့ဘုရင်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ Clark Gable ကတော့အလွန့်အလွန်ကိုမှအသန့်ကြိုက်တဲ့အကျင့်တစ်ခု ရှိပါတယ်။ တစ်နေ့ကို ၂ ကြိမ်ထက်မနည်း ရေချိုးတတ်ပြီးအဝတ်အစားကိုလည်း ခဏတိုင်းလဲတတ်သူပါ။ သို့ပေမယ့် ရေချိုးကန်ထဲဝင်စိမ်ရမှာ မသတီတဲ့အတွက် သူ့အိမ်ကြီးမှာ ရေချိုးကန်လုံးဝမရှိခဲ့ပါဘူး။

© LFI / Avalon.red / REPORTER
Thomas Edison
Thomas Edison ကိုတော့ မိတ်ဆက်ပေးစရာမလိုတော့ပေမယ့် သူ့ရဲ့ထူးဆန်းတဲ့အမူအကျင့်အကြောင်းကိုတော့ ပြောပြပါရစေ။ Thomas Edison ဟာ လက်ထောက်တစ်ယောက် ငှားတော့မယ်ဆိုတိုင်းအိမ်ကို ထမင်းစားဖိတ်ကာ စွတ်ပြုတ်တစ်ပွဲကို ချတိုက်ပါတယ်။ စွတ်ပြုတ်ကိုမမြည်းဘဲ ဆားအရင်ထည့်တဲ့လူတွေကိုတော့ လက်ထောက်အဖြစ် မခန့်ဘဲ ပယ်ချကာ စွတ်ပြုတ်ကို မြည်းပြီးမှ ဆားထည့်တဲ့လူတွေကတော့ သူ့ရဲ့လက်ထောက်ဖြစ်ခွင့်ရခဲ့ကြပါတယ်။အကြောင်းကတော့ ကိစ္စတစ်ခုကိုအရင်ဆုံးမစူးစမ်းဘဲ ဖြေရှင်းချက်ထုတ်တာမျိုးကို မကြိုက်လို့ပါတဲ့။

© AKG Images / EAST NEWS
Ludwig Van Beethoven
ဂီတလောကမှာ ဆရာတစ်ဆူအဖြစ် ကျန်ရှိနေဆဲဖြစ်တဲ့ ဗီသိုဗင်ကတာ့ သူဘယ်လိုပုံပေါက်နေပြီလဲဆိုတာ လုံးဝစိတ်မဝင်စားလို့ မျက်နှာအမွှေးအမျှင်တွေကို ရိတ်ခဲပြီးအင်္ကျီတွေကလည်းအမြဲစုတ်ပြတ်နံစော်နေခဲ့တာပါ။ ဒီအပြင် ဘယ်နေရာမှာပဲ ကော်ဖီသောက်သောက် ကော်ဖီစေ့ကိုအစေ့ ၆၀ တိတိကျကျသာ ထည့်ကြိတ်ခိုင်းခဲ့ပါတယ်။

© commons.wikimedia.org
Source: Bright Side
Penny