ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတို့ ဘယ်တော့မှ မပြောတဲ့ စကားရပ်များ
shwemom.com
|
2019-03-25

ကိုယ့်ကိုကိုယ် ပြောဆိုခြင်းက သင့်ရဲ့ ယုံကြည်မှုတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေရှိပါတယ်။ သင်ပြောဆိုတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေအပေါ်လိုက်ပြီး သက်ရောက်မှုကလည်းအကောင်းအဆိုးကွဲပြားသွားတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုရှိတဲ့သူဖြစ်ဖို့ နည်းလမ်းတွေများစွာရှိပါတယ်။အားလုံးကိုလည်းအကျိုးရှိရှိအသုံးချတတ်ဖို့ လိုတယ်။







လူတွေက ကိုယ့်ကိုကိုယ် စိတ်ထဲကနေ စကားအပြောဆုံးဖြစ်တယ်။ ဒါကို သင့်အနေနဲ့ သတိပြုမိချင်မှ ပြုမိလိမ့်မယ်။အဲ့ဒီလိုကြောင့်နဲ့ ကိုယ်အပြောဆုံးဖြစ်တဲ့ ကိုယ့်ကိုကိုယ်လည်း လက်ခံနိုင်အောင်အရင်ဆုံးလုပ်ရပါတယ်။

အပြုသဘောဆောင်တဲ့ စကားတွေ ကိုယ့်ကိုကိုယ် ပြောဆိုခြင်းက သင့်ရဲ့ ကိုယ်ပိုင် ယုံကြည်မှုကို မြှင့်တင်ပေးပါတယ်။ ယုံကြည်မှုရှိတဲ့ စိတ်နေစရိုက်နဲ့သာဆို ကိုယ့်ကိုကိုယ် ထိခိုက်စေတဲ့ စကားတွေကိုလည်း ပြောဆိုခြင်းကနေ ရှောင်ရှားလာနိုင်မယ်၊ တခြားသူတွေကိုလည်း ထိခိုက်စေမယ့် စကားတွေ ပြောဖို့လည်း ဝေးသွားတယ်။

ကိုယ့်ကိုကို တိုက်ရိုက်ပြောဆိုတတ်တာက တခြားသူတွေကို ဘယ်လို ပြောဆိုမလဲဆိုတာအပေါ် တိုက်ရိုက်လွှမ်းမိုး သက်ရောက်မှုရှိပါတယ်။ ကိုယ့်ကိုကိုယ် နှစ်သက်လက်ခံခြင်းနဲ့အစပြုတာကအကောင်းဆုံးနည်းလမ်းပါ။ မိမိကိုယ်ကို မိမိ ယုံကြည်ချက်ရှိသူတို့ ဘယ်တော့မှ မပြောတဲ့ စကားတွေကို ဖော်ပြချင်ပါတယ်။

၁။ တောင်းပန်ပါတယ်… (ကိုယ် မမှားပါဘဲနဲ့)








ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတဲ့သူတွေက သူတို့ မမှားတဲ့ တစ်စုံတစ်ရာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်ကို တောင်းပန်တာကို သင့်အနေနဲ့ ကြားရ တွေ့ရဖူးမှာပါ။ ဒီ တောင်းပန်မှုမျိုးက နောင်တကနေ ဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲအလွန်အမင်း ပြုသမျှနုတဲ့အနေအထားက ဖြစ်လာတာမျိုးပါ။

တစ်ပါးသူကို လေးစားသမှုပြုတာက လိုအပ်တဲ့အရာပါ.. ဒါပေမယ့် ကိုယ့်ကိုကိုယ်အရင်ဆုံးလေးစားသင့်တယ်။ ဆောရီးဆိုတဲ့ စကားထက် တခြား ပိုပြီး စစ်မှန်တဲ့၊ ထိရောက်မှုရှိတဲ့ တစ်စုံတစ်ရာကို ပြောသင့်ပါတယ်။

၂။ ဘာဖြစ်ခဲ့လဲဆိုတော့ မြင်သိကြတဲ့အတိုင်း….








ကျိန်းသေအမှန်တရားတစ်ခုက သင့်ပါးစပ်က ထွက်ကျလာခါနီးပြီးဆို၊ သင့်အနေနဲ့ ချုပ်ထိန်းထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဘာဖြစ်ခဲ့လဲ သင် သိပါတယ်နဲ့၊ ဘာဖြစ်ခဲ့လဲဆိုတာက သံတူကြောင်းကွဲ စကားစုနှစ်ရပ်ဖြစ်ပါတယ်။

သင့်အနေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့တာကို ဘာဖြစ်ခဲ့တာဆိုပြီး သိကြတဲ့အတိုင်းပဲဆိုပြီးအစချီတာက သင့်ပြောမယ့်အမှန်တရားအပေါ်မှာအနည်းငယ် ယုံကြည်မှုတွေ ပျက်ပြားစေပြီး မမှန်မကန်တဲ့ပုံပေါက်သွားစေနိုင်ပါတယ်။ တစ်ခုခုကို ထိမ်ချန်နေတဲ့အသံမျိုးမဖြစ်စေဘဲအဲ့ဒီအခြေအနေ၊ ကိစ္စကို ယုံကြည်မှုရှိရှိနဲ့ ရှင်းပြနိုင်ဖို့လိုပါတယ်။



၃။ ဒါ သူများအမှား…








သူတစ်ပါးကို စွပ်စွဲတာက သူရဲဘောကြောင်တဲ့ လူတွေသာလုပ်တဲ့အလုပ်ပါ။ ကိုယ်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့သူတွေက ဘယ်သူ့အမှားကိုမှ လိုက်ထောက်မနေပါဘူး။ ဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီးအသေအချာရှင်းပြတယ်။ တစ်ပါးသူရဲ့အမှားတွေတွက်လည်း မဲစရာအဖြစ်မခံပါနဲ့။ နောက်ပြီး သူတစ်ပါးကိုလည်း ဖော်ကောင်မလုပ်ပါနဲ့။

အခုချိန်မှာအလွန်ယုံကြည်မှုရှိတဲ့သူ မဖြစ်သေးတာအဆင်ပြေသေးတယ်။ ဂုဏ်သိက္ခာရှိရှိနဲ့အတွင်းအားတွေသုံးပြီး စတင်ပြုမှုလုပ်ကိုင်တာက ကိုယ်ကိုကိုယ် ယုံကြည်မှုရှိတဲ့ သူတွေရဲ့ လုပ်ရပ်ဖြစ်တယ်။

၄။ ဒါကိုတော့ မကြိုက်ဘူး….








လူတော်တော်များများက ဒီလိုအသုံးမကျ၊ ညံ့ဖျင်းပြီး ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ စကားကို သိပ်ပြောကြတယ်။

လွယ်ကူတဲ့ လမ်းကို ရွေးချယ်ခဲ့လို့ ရတဲ့နောင်တတွေရဲ့ နာကျင်မှုကိုအားလုံး ခံစားရဖူးပါတယ်။ ဒါပေမယ့် ယုံကြည်မှုရှိတဲ့သူတွေကအလွန် ကျင့်ဝတ်ရှိတယ်။ သူတို့ ကိုယ်သူတို့ ပြောဆိုတဲ့ နေရာမှာရော၊ တခြားသူတွေကို ပြောတဲ့အခါမှာရောပေါ့။ သူတို့ဟာ တစ်ခုခုကိုလုပ်ဖို့ စိတ်မပါတဲ့တိုင် ဒီလို “ကျုပ်ကတော့ သဘောမကျဘူး၊ မကြိုက်ဘူး” စတဲ့ စကားတွေကို မပြောကြပါဘူး။

ယုံကြည်မှုရှိတဲ့သူတွေက ပြီးမြောက်ဖို့၊ ဖြစ်ဖို့ ဘာလိုအပ်လဲ၊ လိုအပ်တာကိုအမြဲလုပ်ကြတယ်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ယုံကြည်စိတ်ချမှုရှိတဲ့သူတွေက စောင့်ကြည်ပြီး သူတို့ရဲ့ ပြောမယ့်စကားကို ဂရုတစိုက်ရွေးချယ်ကြတယ်။



၅။ ငါ မလုပ်နိုင်ဘူး….








သင်နဲ့ သင့် သူငယ်ချင်းတစ်ယောက် မနက်စောစော လေ့ကျင့်ခန်း လုပ်ဖို့ ချိန်းကြတယ်ဆိုပါတော့။ တစ်ရက်မှာ သင်ကအိပ်ပျော်သွားတယ်။အဲ့ဒီမှာ ဖုန်းက ဝင်လာမယ်။

အဲ့ဒီ့မှာ သင်က မသွားနိုင်တော့ဘူးဆိုပြီး ဖုန်းကိုင်တယ်၊ ပြီးတော့ ပြန်အိပ်တယ်ဆိုပါစို့။

အဲ့ဒီမှာ သင်ဟာ သူရဲဘောကြောင်တဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့၊ နုံဖျင်းတဲ့ လူတစ်ယောက်အလိုလိုနေရင်းကို ဖြစ်သွားပါတယ်။ ပထမ သင်က သင်သူငယ်ချင်းကို ပေးတဲ့ ကတိကို ဖျက်တယ်၊ ဒုတိယအနေနဲ့ သူငယ်ချင်းကို စဉ်းစားခွင့်မပေးဘူး၊ တတိယတစ်ချက် သင် လိမ်လိုက်တယ်။

ယုံကြည်မှုရှိတဲ့ သူတွေက ဒီလိုမျိုးတွေ မတုန့်ပြန်ကြဘူး။ တစ်စုံတစ်ခုကို မတတ်နိုင်တဲ့တိုင်အခြေအနေကို ရှင်းပြကြတယ်။ ဒါတစ်စုံတစ်ယောက်ကို မကျေနပ်တာ၊ ကိုယ့်ကို စော်ကားတယ်လို့ ထင်ခံရတဲ့အထိ ဒီလိုမျိုးပဲ ရှိကြတယ်။



နောက်ဆုံးအနေနဲ့ကတော့အချိန်တိုင်းမှာ လူတိုင်း ယုံကြည်စိတ်ချမှုတွေ ပြည့်ဝနေတာမျိုးတော့မဟုတ်ဘူး။ မဟုတ်မမှန်တာတွေနဲ့အပျက်သဘောဆောင်တဲ့အရာတွေကို တတ်နိုင်သမျှ မပြောဘဲ နေသင့်တယ်။အရေးကြီးဆုံးကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိဖို့၊ ပွင့်လင်းဖို့နဲ့အကောင်းမြင်စိတ်ရှိဖို့သာအားထုတ်သင့်တယ်။

ရိုးဖြောင့်တဲ့အားထုတ်မှုတွေကို ကိုယ်ပိုင် ယုံကြည်မှုနဲ့ ကျရာ နယ်ပယ်မှာ ပြုမှုနေထိုင်တတ်ဖို့ကအလိုအပ်ဆုံးဖြစ်ပါတယ်။ သတ္တိရှိရှိနဲ့ ယုံကြည်ချက်မှုရှိရှိပေါ့။ ဒီလိုသာဆို သင်အလွန် ဝမ်းမြောက် ဂုဏ်ယူခြင်းရှိရမှာပါ။

Source: Power of Positivity

Matthew (ShweMOM)







Some text some message..