Lotayamm

သူ သင့်ကိုတကယ်ချစ်နေမှန်း သိသာတဲ့ အချက် (၈) ချက်”
lunge.media
|
2019-03-25

(၁) သင်ရဲ့ ထင်မြင်ယူဆချက်တွေဟာ သူနဲ့ မတူဘူးဆိုရင်တောင်မှ သင့်နဲ့ ပြိုင်ပြီး ငြင်းခုံမနေဘဲ အသာတကြည်လက်ခံပေးပါတယ်။

( ၂) သင်ဖြစ်ချင်တဲ့အရာတွေကို သူအမြဲစောင့်ကြည့်လေ့လာနေတာပါ။ သင်အဲဒီအရာတွေကို မတောင်းဆိုဘူး ဆိုရင်တောင် သူဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ။

(၃) သင်နဲ့ချစ်သူဖြစ်ခွင့်ရတာဟာ သူ့အတွက် အကောင်းမွန်ဆုံး ဘုရားကပေးတဲ့ ဆုလာဘ်လို သင့်ကို တဖွဖွပြောနေပါလိမ့်မယ်။

(၄) သင်လုပ်လိုက်တဲ့ အရာတစ်ခုအောင်မြင်သွားတယ်ဆိုရင် အပျော်ဆုံးလူဟာ သူဖြစ်နေတတ်ပြီး သူ့သူငယ်ချင်း၊ မိသားစုတွေကိုလည်း သင်ရဲ့အောင်မြင်မှု အကြောင်းကို သူဝင့်ကြွားစွာပြောဆိုနေတာကို သင်မြင်ရမှာပါ။

(၅) သင့်ကိုတင်မကဘဲ သင့်ရဲ့မိသားစုတွေနဲ့ သူငယ်ချင်းတွေအထိပါ သူဂရုစိုက်ပေးတာကိုလည်း သင်သတိထားမိမှာပါ။

(၆) သူသာ သင့်အတွက်ဆို အမြဲအသင့်ရှိနေပေးတတ်ပြီး သူရဲ့အားလပ်ချိန်တွေကို သင်နဲ့အတူ ကုန်ဆုံးဖို့အတွက် လုံးဝ ဝန်မလေးပါဘူး။

(၇) သင်စိတ်ကျတဲ့ အချိန်မှာ သူလည်းလိုက်ဝမ်းနည်းတတ်ပြီး သင့်ကိုစိတ်ဓာတ်ခွန်အားပေးဖို့ နည်းလမ်းမျိုးစုံ သုံးပြီး ကြိုးစားပါလိမ့်မယ်။ ဒီ့အပြင် သင်ရယ်ရင်လိုက်ရယ် သင်ငိုရင်လိုက်ငိုပြီး သင့်အတွက်အေးအတူပူအမျှ ရှိနေပေးပါမှာပါ။

(၈) သင်ပြောတဲ့ စကားမှန်သမျှကို သူမငြီးမငြူ နားထောင်ပေးလေ့ရှိပြီး သင့်အတွက်အကျိုးရှိမယ့် အကြောင်းအရာတွေကိုပဲ အမြဲပြောဆိုပေးတတ်ပါတယ်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..