Lotayamm

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသူတစ်ယောက်ရဲ့ လက္ခဏာ(၂၀)”
lunge.media
|
2019-03-25



(၁) သင်ဟာ အကြောက်တရားကို မငြင်းပယ်ဘဲ တန်ပြန် စိန်ခေါ်နိုင်တယ်။

(၂) သင်ဟာ အလွန်အကျွံ တွေးတောတွေဝေ နေတဲ့သူမဟုတ်ဘူး။

(၃) သင်ဟာ တခြားသူတွေရဲ့ ဝေဖန်မှုတွေအောက်မှာ နစ်မွန်းမနေတတ်ဘူး။

(၄) သင့်မှာ ရည်မှန်းချက်တွေ အပြည့်ရှိပြီး အဲဒီ ရည်မှန်းချက်တွေ ပြည့်ဖို့လည်း ပြင်ဆင်သင့်တာတွေကို အချိန်မှန်မှန် ပြင်ဆင်လေ့ရှိတယ်။

(၅) လောကမှာ ပြီးပြည့်စုံတဲ့သူ ဘယ်သူမှမရှိဘူးလို့ သင်မှတ်ယူထားပြီး သင့်ရဲ့ အားနည်းချက်တွေအတွက်လည်း သင်ဝမ်းနည်းမနေဘူး။

(၆) သင်ဟာ အလွန်စည်းစနစ်ကျသူ တစ်ယောက်ဖြစ်တယ်။

(၇) သင်ဘယ်လိုလူစားလဲဆိုတာ သင်ကောင်းကောင်းသိတယ်။ ဒါကြောင့် သင်ဟာ စိတ်ဓာတ်မကျတတ်သလို ဘဝင်လည်း မမြင့်ဘူး။

(၈) သင့်ကိုယ်သင် ထူးခြားကောင်းမွန်တဲ့ အရာတွေ လုပ်နိုင်မယ်လို့ အမြဲယုံကြည်တယ်။

(၉) သင်အကူအညီ လိုအပ်နေရင် အခြားသူတွေဆီက တောင်းခံဖို့  ဝန်လေးကြောက်ရွံ့နေခြင်းတွေ မရှိဘူး။

(၁၀) သင်ဟာ ခန္ဓာကိုယ်ရော စိတ်ဓာတ်ပါ ကျန်းမာသန်စွမ်းသူ ဖြစ်တယ်။

(၁၁) အခြားသူတွေ ခက်ခဲတယ်ဆိုပြီး လက်လွှတ်လိုက်တဲ့ အရာတွေကို သင်က အောင်မြင်အောင် အမြဲလုပ်ပြနိုင်တယ်။

(၁၂) သင့်ဘဝမှာ ကံဆိုးမိုးမှောင်ကျနေတဲ့ အချိန်တွေရောက်နေရင်တောင် သင့်ရဲ့ အကောင်းမြင်စိတ်တွေက အမြဲကျန်ရှိနေတတ်တယ်။

(၁၃) သင်ဟာ စိတ်ရှည်သည်းခံနိုင်သူ တစ်ယောက်ဖြစ်တယ်။

(၁၄) သင်ဟာ အာရုံစူးစိုက်မှုလည်း အလွန်ကောင်းတယ်။

(၁၅) သင်ဟာ အခြားသူတွေကို ကူညီပေးဖို့ နည်းလမ်းကောင်းတွေ ရှာတတ်တယ်။

(၁၆) သင်ဟာ အခွင့်အလမ်းတွေကို အခြားသူတွေထက် ပိုမြင်တတ်တယ်။

(၁၇) သင်ဟာ သင့်ရဲ့ဖြစ်သူမှုကို သဘောကျပြီး အခြားလူတွေရဲ့ ဖြစ်တည်မှုနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်လေ့မရှိဘူး။

(၁၈) သင့်မှာ တာဝန်ယူမှု နဲ့ တာဝန်ခံမှု အပြည့်အဝရှိတယ်။

(၁၉) သင့်ရဲ့စကားတွေဟာ တိကျပြီး ပြတ်သားတယ်။

(၂၀) သင်ဟာ သင့်ကိုယ်သင် အချိန်ပေးပြီး အမြဲပြန်လည် သုံးသပ်လေ့ရှိတယ်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..