Lotayamm

“ဘဝ မှာ ကိုယ်တကယ် ဝါသနာ ပါတဲ့ အရာကို သိဖို့ဆိုရင်…”
lunge.media
|
2019-04-01



အထူးသဖြင့် ဆယ်တန်းအောင်ကာစ နဲ့ ကျောင်းပြီးကာစ လူငယ်တွေမှာ ကြုံရလေ့ရှိတဲ့ အခက်အခဲ ကိုယ် ဘယ်လမ်းကြောင်းကို ရွေးချယ်ရမလဲ ဆိုတာပါပဲ ။လူတစ်ယောက်က သူ့ဘဝမှာ ဘယ်အရာကို ဝါသနာပါပြီး ဘယ် ပညာရပ်ကို ဆည်းပူးရမယ် ဆိုတာ အတိအကျ သိနေတဲ့အခါ အောင်မြင်မှုကို လွယ်ကူစွာ ချည်းကပ်နိုင်ပါတယ် ။

အဲ့အတွက် ကိုယ်စိတ်အားထက်သန် ရာကို မရှာတွေ့သေးတဲ့ လူငယ်တွေအတွက်တော့ ဒီ(၅) ချက်အတိုင်း လိုက်လံလုပ်ဆောင်ကြည့်နိုင်ပါတယ်။

(၁) မိမိကိုယ်ကို မေးကြည့်သင့်တဲ့ မေးခွန်း


“ဘယ် ဘာသာရပ် နဲ့ သက်ဆိုင်တဲ့ စာအုပ်ကို မပျင်းမရိဘဲ ၅ အုပ်ဆက်တိုက် ဖတ်ရှူ့ နိုင်သလဲ ”
အခြေခံအားဖြင့် စာဖတ်ဝါသနာ ပါသူတွေအတွက် ဒီမေးခွန်းနဲ့ တင် ကိုယ့် Passion ကို ရှာဖွေတွေ့ရှိမယ်လို့ ကျွန်တော်ထင်ပါတယ် ။

(၂) ငယ်စဉ်က အချိန်အပေးဖြစ်ဆုံးအရာ

ငယ်စဉ်အရွယ်မှာ ကိုယ့်အားလပ်ချိန် တွေက ဘယ်လိုအရာတွေလုပ်ရင်း အဓိက ကုန်ဆုံးသွားခဲ့ဖူးသလဲ ဆိုတာ ပြန်စဉ်းစားကြည့်ပါ ။ ကျွန်တော်ကတော့ စာဖတ်တတ်ကာစအရွယ်ကစလို့ အားလပ်ချိန်တိုင်း ကာတွန်း သို့မဟုတ် ပုံပြင်စာအုပ် ဖတ်ရင်းကုန်ဆုံးခဲ့ပြီး အသက်ကြီးတော့လည်း စာပေနဲ့ ပတ်သတ်တဲ့ လမ်းကြောင်းကိုပဲ ပြန်ရွေးချယ်ဖြစ်ခဲ့ပါတယ် ။

(၃) ပိုက်ဆံမရဘဲ အလုပ်လုပ်ရမယ် ဆိုရင်

တာဝန်တစ်ခုကို ငွေကြေးမရဘဲ လုပ်ပေးနေရပေမယ့် အဲ့အလုပ်အတွက်လည်း ကိုယ်က စိတ်ကျေနပ် ပျော်ရွှင်နေမိမယ်ဆိုရင် အဲ့အလုပ်က ဘာများဖြစ်မလဲ?

(၄) သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ


သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ ကိုယ့် ဖက်က ဘယ်အကြောင်းအရာကို အားတတ်သရော အများဆုံးပြောဖြစ်လဲ စဉ်းစားကြည့်ပါ ။
ကိုယ်ရင်းနှီးတဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရတဲ့ အခါ ကိုယ့်ဖက်စတင်ပြီး စိတ်ပါလက်ပါ ဆွေးနွေးဖြစ်တဲ့အရာဟာ ကိုယ့် တကယ် စိတ်အားထက်သန်ရာဖြစ်ပါတယ် ။ ( ဆော်လေး တွေအကြောင်း ၊ Porn Video တွေအကြောင်း ပြောဖြစ်မှန်းသိပါတယ် ၊ အဲ့တာတွေက အကြုံးမဝင်ပါဘူး )

(၅) မကြိုက်နှစ်သက်တဲ့ အရာတွေကိုဖယ်ထုတ်လိုက်ပါ

ဥပမာ – ကိုယ်က သချာင်္တွက်ရတာ ညံ့တယ် ၊ စိတ်မဝင်စားဘူးဆိုရင် အင်ဂျင်နီယာ ၊ စာရင်းကိုင် အစရှိတဲ့ သချာင်္နဲ့ ဆက်စပ်တဲ့ လမ်းကြောင်းတွေကို ဖယ်ချပစ်လိုက်ပါ ။ ယောင်လို့တောင် မရွေးချယ်ပါနဲ့ ။ မိဘ နဲ့ ပတ်ဝန်းကျင်က တိုက်တွန်းလည်း သူတို့နားလည်အောင် စိတ်ရှည်ရှည်ရှင်းပြပါ ။

လူငယ်များအားလုံးပဲ ကိုယ်စိတ်အားထက်သန်ရာပညာရပ်တွေနဲ့ ပျော်ရွှင်စွာ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ ရည်ရွယ်ရေးသားလိုက်ပါတယ် ။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..