ကိုယ်အလေးချိန် ကျစေဖို့ မိမိကိုယ်ကိုယ် စိန်ခေါ်ခြင်းဖြင့် စတင်ပါ
hellosayarwon.com
|
2019-04-04

အဝလွန် တဲ့သူတော်တော်များများရဲ့အိပ်မက်ကတော့ ပိန်ချင်ကြတာပါပဲ။ ဒီလိုပိန်ဖို့အတွက်အစားတွေကို ဆင်ခြင်ရတယ်။ နေ့စဉ်အစာအာဟာရကို သေချာဂရုစိုက်ပြီး မျှတစွာစားသုံးကြရပါတယ်။

လေ့ကျင့်ခန် းတွေ မှန်မှန်လုပ်ရတယ်။ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ နေထိုင်မှုပုံစံအကုန်လုံးကို ပြင်ရပါတယ်။အစပိုင်းမှာတော့အားတက်သရောနဲ့ ကြိုးစားပမ်းစား လုပ်တတ်ကြပေမယ့် နောက်ပိုင်းမှာအဖျားရှူးသွားတတ်တာ၊ ပင်ပန်းပြီး ရိုးသွားတာ၊ တွန်းအားမရှိတော့သလို ဖြစ်ပြီး ကိုယ်လုပ်နေသမျှအကုန်လုံးကို ရပ်လိုက်ကြတော့တာပါပဲ။အဲ့တော့ ဘာဖြစ်မလဲ၊ ပင်ပန်းခဲ့သမျှအချိန်တွေ၊ ခွန်အားတွေအလဟဿဖြစ်ပြီး ကိုယ်စခဲ့ရတဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပေါ့။ ဒီလိုမျိုး

ကိုယ်အလေးချိန်ကျ ဖို့အတွက် တွန်းအားဖြစ်စေဖို့ မိမိကိုယ်ကိုယ် သတ်မှတ်ချက်၊အိပ်မက်၊ စံနှုန်း၊ ရည်မှန်းချက်အစရှိတဲ့အရာတွေကို ထားထားဖို့အရေးကြီးတာပေါ့။ ဒီတော့ ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေရင်းနဲ့မှ ရပ်ဖို့ စဉ်းစားနေတဲ့ ပျိုပျို၊ ကိုကိုတွေအတွက် တွန်းအားဖြစ်စေမယ့် နည်းလမ်း ၈ ချက် ကို ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

၁။ မိမိကိုယ်ကိုယ် စိန်ခေါ်ပါ။
ကိုယ်က ဝိတ်ချချင်တယ်မလား။ ဒီအကြောင်းကို လူတကာကို လိုက်ပြီး ပြောနေတာထက် ကိုယ့်စိတ်ထဲမှာ ထားထားပါ။ ဒီလို ကျဖို့အတွက် ကိုယ့်ဘက်က ဘာတွေ လုပ်ဖို့လိုအပ်မလဲဆိုတာ တွေးပါ။ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ကိုယ့်စိတ်ကို စတင်စိန်ခေါ်ပါ။

၂။ ဘာကြောင့် ကိုယ်အလေးချိန်ကျချင်တာလဲ။
တစ်ခါတလေမှာ

Gym တွေ ပင်ပင်ပန်းပန်းဆော့ရင်း၊အစားတွေ ရှောင်ရင်း ကိုယ်ဘာလို့ ဒီလိုလုပ်နေရတာလဲ၊ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေရတာလဲဆိုပြီးအတွေးတွေ ဝင်လာတတ်ပါတယ်။ ဒီလိုတွေးမိပြီဆိုရင် စိန်ခေါ်မှုကို စတင်ဖို့ ဖြစ်လာစေခဲ့တဲ့အကြောင်းရင်းတွေကို ပြန်စဉ်းစားကြည့်လိုက်ပါ။ တခြားသူတွေ ကိုယ့်ကို ဝနေလို့ဆိုပြီး နှိမ်လို့လား၊ ကိုယ်ချစ်တဲ့သူက ကိုယ့်ရဲ့ ပုံစံကြောင့် ပစ်သွားတာလား၊ ဒါမှမဟုတ် ကျန်းမာသွယ်လျတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ချင်တာလားအစရှိသဖြင့် ပြန်တွေးပါ။

၃။အိပ်မက်ဟာ လက်တွေ့နဲ့ သိပ်ဝေးမကွာပါစေနဲ့။
လူတိုင်းကတော့အိပ်မက် မက်ပြီဆိုရင်အကြီးကြီးတွေ မက်တတ်ကြတဲ့ စိတ်သဘာဝရှိတတ်ပါတယ်။ ကိုယ်မှန်းထားသလောက် ဖြစ်မလာတဲ့အခါ

သိမ်ငယ်စိတ်တွြေ ဖစ်မှာ၊ စိတ်ဓာတ်ကျမှာ ကိုယ်တိုင်ပါပဲ။ ဒါကြောင့်အစပိုင်းမှာ ကိုယ်တတ်နိုင်သလောက် ကိုယ်အလေးချိန်ချဖို့ ကြိုးစားပါ။ တဖြည်းဖြည်းနဲ့ ဒီအရာက ကိုယ်နဲ့အသားကျသွားပြီ၊ ကိုယ့်ကိုယ်ကိုယ် ကြိုးစားလို့ ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ ရလာရင်အိပ်မက်တွေကို တဖြည်းဖြည်းစီ မြှင့်သွားပါ။

၄။ ကိုယ့်ရဲ့ ကြိုးစားမှု ရလဒ်ကို မှတ်တမ်းတင်ထားပါ။
ကိုယ်ကအခုမှ စပြီး

ကိုယ်အလေးချိန်ချ ဖို့ ကြိုးစားတယ်။ စတင်ကာစမှာ ကျသလောက်အလေးချိန်ကို စာအုပ်လေးထဲမှာ ရေးမှတ်ထားပါ။ ဒါမှ နောက်ပိုင်းမှာ ဒီ့ထက်ပိုကျဖို့ ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားဖို့လိုလဲဆိုတာအချိန်ယူပြီး စဉ်းစားလို့ရမှာပေါ့။

၅။ ကြိုးစားမှုအတွက် ကိုယ့်ကိုယ်ကိုယ် ဆုချပါ။
ဒီလတော့ မှန်းထားသလောက် ကိုယ်အလေးချိန်ကျတယ်ဆိုရင် တစ်ရက်လောက်အချိန်ပေးပြီး ကိုယ့်စိတ်ကိုအနားပေးပြီး ဆုချပါ။ ဥပမာ - သူငယ်ချင်းတွေနဲ့အတူ ရုပ်ရှင်သွားကြည့်တာ၊

မိသားစု နဲ့အတူလျှောက်လည်တာ၊ ကိုယ်သဘောကျတဲ့ ပစ္စည်းတစ်ခုခု ဝယ်လိုက်တာမျိုးပေါ့။ ဒီနည်းနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ကြိုးစားချင်စိတ် ဖြစ်လာစေဖို့ ပုံသွင်းပေးလို့ ရပါတယ်။

၆။ ကိုယ်လုပ်နိုင်တယ်လို့ ယုံကြည်ပါ၊ ကြိုးစားပါ။
ယုံကြည်မှုသာ ရှိရင် ဘယ်လောက်ခက်ခဲတဲ့အရာဖြစ်ပါစေ၊ ကိုယ်စွမ်းသလောက်အားသွန်ခွန်စိုက် ကြိုးစားချင်စိတ်ရှိတာ လူတွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် စိတ်အားငယ်နေ၊

စိတ်ညစ်ေ နမယ့်အစား ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်ပြီး ငါလုပ်နိုင်တယ်လို့အမြဲပြောပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ကိုယ်မျှော်လင့်ထားသလို ဖြစ်မြောက်စေဖို့အမှန်တကယ် ကြိုးစားပါ။

၇။ ကိုယ့်အတွက်ကိုလည်း ပြန်ငဲ့ကွက်ပါ။
မှန်ပါတယ်၊ ကိုယ်အလေးချိန်ကျဖို့အတွက်အစားဆင်ခြင်ရတယ်၊အနေအထိုင်ဆင်ခြင်ရတယ်၊

လေ့ကျင့်ခန်း ကို ပုံမှန်မပျက်မကွက်လုပ်ရတယ်။ ဒီစိတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ်အမြဲနှိပ်စက်နေစရာ၊ စိတ်ကိုအကျဉ်းကျသလို ဖြစ်အောင် လုပ်စရာတော့ မလိုပါဘူး။ ပုံမှန်အတိုင်းလေးပဲ ကြိုးစားပါ။ တစ်လမှာ တစ်ရက်လောက် ကိုယ်ကြိုက်တဲ့အရာလေးတွေ နည်းနည်းလောက် ဖြစ်ဖြစ် စားပေးပါ။

၈။ မိမိကိုယ်ကိုယ် ချစ်ပါ။
ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့၊ တန်ဖိုးထားတဲ့သူတစ်ယောက်ဟာအရာရာကိုအကောင်းမြင်စိတ်စွမ်းအားဖြစ်စေတယ်။ ကိုယ်လုပ်နေတဲ့အရာတစ်ခုကို ဆက်ပြီ

း ကြိုးစားချင်စိတ် ၊အောင်မြင်လိုစိတ်အမြဲရှိပါတယ်။ ကိုယ်အလေးချိန်ကျဖို့ ကြိုးစားတယ်ဆိုတာ ကိုယ့်အတွက် ကောင်းသော ပြောင်းလဲမှုတစ်ခုကို ဦးတည်နေတဲ့ ကိစ္စဖြစ်တာကြောင့် မိမိကိုယ်ကိုယ်အမြဲတန်ဖိုးထားစိတ် မွေးမြူပါ။ တစ်ခဏတာအတွက် မဟုတ်ဘဲ တစ်ဘဝစာအတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ထိန်းဖို့ဆိုတာအရေးကြီးပါတယ်။ ဒါဟာအလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရင်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုက်ဖို့အကြံပေးလိုက်ပါတယ်။  

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..