Lotayamm

တစ်ဖက်လူရဲ့ စိတ်အတွင်းပိုင်းကို နက်နက်နဲနဲ သိလိုလျှင် ဒီမေးခွန်းတွေမေးကြည့်ပါ
lunge.media
|
2019-04-04




တ မိတ်ဆွေ အသစ် သို့မဟုတ် အခုမှ စတွဲခါစ သမီးရည်းစားတွေ အနေနဲ့ တစ်ဖက်လူရဲ့ Darkside ကိုသိလိုရင် ဒီလိုမေးခွန်းတွေကို မသိမသာနဲ့ မေးကြည့်သင့်ပါတယ် ။

(၁) ဘယ်လိုအရာတွေက သူ့ကို တွေက သူ့ကို စိတ်ဆိုး ဒေါသထွက်စေသလဲ?

လူတွေရဲ့ စိတ်ကို သိလိုတဲ့အခါမှာ သူတို့ ဒေါသထွက်တတ်တဲ့ အရာတွေကို သိဖို့ကြိုးစားပါ ။ ဒါဆို ကိုယ့်ဖက်ကလည်း ဆင်ခြင်နိုင်ပြီး သူဘယ်လိုလူစားလဲဆိုတာ အကဲခတ်နိုင်ပါတယ် ။

(၂) သူ့မိသားစု နဲ့ သူနဲ့ မကြာခဏ ကတောက်ကဆ ဖြစ်တတ်လား?

မိသားစုဝင်တွေနဲ့ အဆင်မပြေသူတွေဟာ အပြင်လူတွေ နဲ့ဆက်ဆံ ရာမှာလည်း အခက်အခဲရှိတတ်ပါတယ် ။ သူတို့ရဲ့ အဖြေပေါ်မူတည် ပြီးကိုယ့်ဖက်က ပြောဆိုဆက်ဆံနိုင်ဖို့ လိုအပ်ပါတယ် ။

(၃) ဘဝမှာ အဆိုးရွားဆုံး အမှားတစ်ခု

ဒီမေးခွန်းကိုတော့ သူ့ဖက်က အမှန်အတိုင်းဖြေ ဖို့ခက်ခဲပါလိမ့်မယ် ။ သို့ပေမယ့် ဒီ အဖြေဟာ သူ့ ဘဝမှာ နောက်ထပ်ဘယ်တော့မှ မကြုံတွေ့ချင်တော့တဲ့အခြေအနေ တစ်ခုဖြစ်လို့ ကိုယ့် သိထားရင် နှစ်ယောက် ဆက်ဆံရေးအတွက် ပိုမို ကောင်းမွန်စေပါတယ် ။

(၄) လက်စားချေ တာဟာ မှန်ကန်တယ်လို့ထင်လား?

သူ့ဖက်က အမြင်က လက်စားချေတယ် ဆိုတာ မကောင်းမွန်ဖူး ၊ မဖြစ်သင့်ဘူး ဆိုရင်တော့ သူတို့ဟာ နူးညံ့သိမ်မွေ့တဲ့ စိတ်သဘောထားရှိသူပါ ။ တကယ်လို့ လက်စားချေတာ မှန်ကန်တဲ့နည်းလမ်းပဲ ဆိုရင်တော့ သူနဲ့ ပြောဆက်ဆံရာမှာ သင်သတိထားစောင့်ထိန်းဖို့ လိုအပ်ပါတယ် ။

(၅) သူသဘောကျ တဲ့ Ideal Person

လူတစ်ယောက်ရဲ့ Ideal Person ဟာ သူ့ ဘဝမှာ ဖြစ်လိုတဲ့ / ဖြစ်ခွင့်မရသေးတဲ့ အနေအထားကို ထင်ဟပ်စေပါတယ် ။ ဥပမာပြောရရင် ကျွန်တော်တို့ ကလေး ဘဝမှာ Power Ranger ကို သဘောကျခဲ့ပြီး ကိုယ်တိုင် Power Ranger ဖြစ်အောင် ကြိုးစားချင်ခဲ့ သလိုပါပဲ ။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..