အလုပ်ကြိုးစားနေလို့မင်းအတ ွက်အချိန်မ ပေးနိုင်ဘူးဆိုတဲ့ ယုံတမ်းစကားတွေမှာသာယာနေတုန်းလား???
trend.com.mm
|
2019-04-06




တကယ်တမ်းချစ်ကြတဲ့သူနှစ်ဦးမှာအချိန် ပေးနိုင်ခြင်းမပေးနိုင်ခြင်းဆိုတာ မျိုးတွေရှိကိုမရှိပါဘူး…တစ်ယောက်နဲ့တစ်ယောက်ချစ်သူဖြစ်ကြပြီးမှ
သူကငါ့ကိုအချိန်မပေးနိုင်လို့၊ ငါက သူ့အတွက်အချိန် မပေးနိုင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့လမ်းခွဲပြတ်ဆဲသွားကြမယ်ဆိုရင်တော့တကယ်ရီစရာကြီးဖြစ်
နေမှာပါပဲ။





တစ်ဦးနဲ့တစ်ဦးချစ်ကြတဲ့သူနှစ်ဦးဟာ ချိန်းတွေ့မှ ဖြစ်ကိုဖြစ်မယ်ဆိုတဲ့သူမျိုးတေ ွမဟုတ်သလို ၊အချိန်တွေများကြီးအကုန်ခံပြီးမတွေ့ရင်ရော မချစ်ကြတော့တဲ့သူမျိုး
မဟုတ်ပါဘူး။
တကယ်တော့ ကိုယ်ကသိပ်ကိုအလုပ်များနေတဲ့သူဖြစ်နေရင်တောင်ထမင်းစားနားချိန်လေးမှာ ဖုန်းဆက်စကားပြောတာမျိုး၊အလုပ်ဆင်းချိန်လေးတူတူရှိနေတာမျိုး၊
အလုပ်ပိတ်ရက်တွေမှာနှစ်ယောက်အတူတူ ပျော်စရာကောင်းတဲ့အချိန်မျိုးတွေဖန်တီးတတ်တာမျိုးတွေလုပ်လည်း ပြည့်စုံတဲ့ RS Life ကိုရရှိနေပြီးသားပါ။





ဒါကိုပဲ ဘယ်လိုတွေတောင်အကြောင်းပြချက်ပေးပြီးအချိန်မပေးနိုင်လို့ပြတ်တယ်ဆိုတာမျိုးတွေဖြစ်လာကြတာပါလိမ့်…
သေချာပါတယ် ဒါကတကယ်ကို မချစ်ကြတဲ့စုံတွဲတွေမို့ပါ။ တစ်ယောက်ကအားပြီးတစ်ယောက်ကအလုပ်များနေပါစေအုံးတော့အားတဲ့သူကလည်း သူကြိုးစားနေပါသလားဆိုတာကိုနား
လည်ပေးနိုင်သလိုအလုပ်များတဲ့သူကလည်း မရမကအချိန်လေးကို ဖဲ့ပြီးကိုယ်တန်ဖိုးထားရသူကို ပေးချင်တတ်ကြတာပါ။
အဓိကက ချစ်သူနှစ်ဦးကြားထဲကနားလည်မှုပါပဲ။ ပြတ်ချင်ရင်ပြတ်ချင်တယ်၊ မချစ်ရင် မချစ်ဘူး မပြောပဲ နဲ့ များ တစ်ယောက်အတွက်တစ်ယောက်အချိန်မပေးနိုင်လို့
ပြတ်ကြတာပါဆိုတဲ့ ခေါင်းစဉ်ထဲအသွင်းခံနေရတာကိုအဟုတ်ကြီးမထင်လိုက်ပါနဲ့။အချိန်ပေးနိုင်ခြင်းမပေးနိုင်ခြင်းက လူဖန်တီးတဲ့အရာဖြစ်တာမလို့ ကိုယ့်အပေါ်ထားတဲ့သူ့ရဲ့
လေးနက်မှုအတိမ်နက်ကြောင့်သာ ကိုုယ့်အတွက်အချိန်ဆိုတာဖြစ်လာတာမျိုးပါ။
အချိန်မပေးနိုင်လို့ပြတ်ကြတယ်ဆိုတာမျိုးမဖြစ်ကြပါနဲ့…နောက်တစ်ခုကအချိန်မပေးနိုင်လို့ပေးနိုင်တဲ့သူဆီသွားတယ်ဆိုတာမျိုး
လည်းမပြောကြပါနဲ့။ နားလည်မှုနဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုနားလည်သူတွေအတွက်ရယ်စရာကောင်းတဲ့ပြက်လုံးတစ်ခုဖြစ်လွန်းလို့ပါ။







Unicode

တကယ်တမ်းချစ်ကြတဲ့သူနှစ်ဦးမှာ အချိန် ပေးနိုင်ခြင်းမပေးနိုင်ခြင်းဆိုတာ မျိုးတွေရှိကိုမရှိပါဘူး…တစ်ယောက်နဲ့တစ်ယောက်ချစ်သူဖြစ်ကြပြီးမှသူကငါ့ကို အချိန်မပေးနိုင်လို့၊ ငါက သူ့ အတွက်အချိန် မပေးနိုင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့လမ်းခွဲပြတ်ဆဲသွားကြမယ်ဆိုရင်တော့တကယ်ရီစရာကြီးဖြစ်နေမှာပါပဲ။ တစ်ဦးနဲ့တစ်ဦးချစ်ကြတဲ့သူနှစ်ဦးဟာ ချိန်းတွေ့မှ ဖြစ်ကိုဖြစ်မယ်ဆိုတဲ့သူမျိုးတေ ွမဟုတ်သလို ၊ အချိန်တွေများကြီးအကုန်ခံပြီးမတွေ့ရင်ရော မချစ်ကြတော့တဲ့သူမျိုးမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ကသိပ်ကိုအလုပ်များနေတဲ့သူဖြစ်နေရင်တောင်ထမင်းစားနားချိန်လေးမှာ ဖုန်းဆက်စကားပြောတာမျိုး၊ အလုပ်ဆင်းချိန်လေးတူတူရှိနေတာမျိုး၊အလုပ်ပိတ်ရက်တွေမှာနှစ်ယောက်အတူတူ ပျော်စရာကောင်းတဲ့အချိန်မျိုးတွေဖန်တီးတတ်တာမျိုးတွေလုပ်လည်း ပြည့်စုံတဲ့ RS Life ကိုရရှိနေပြီးသားပါ။ဒါကိုပဲ ဘယ်လိုတွေတောင်အကြောင်းပြချက်ပေးပြီးအချိန်မပေးနိုင်လို့ပြတ်တယ်ဆိုတာမျိုးတွေဖြစ်လာကြတာပါလိမ့်…သေချာပါတယ် ဒါကတကယ်ကို မချစ်ကြတဲ့စုံတွဲတွေမို့ပါ။ တစ်ယောက်ကအားပြီးတစ်ယောက်ကအလုပ်များနေပါစေအုံးတော့ အားတဲ့သူကလည်း သူကြိုးစားနေပါသလားဆိုတာကိုနားလည်ပေးနိုင်သလို အလုပ်များတဲ့သူကလည်း မရမကအချိန်လေးကို ဖဲ့ပြီးကိုယ်တန်ဖိုးထားရသူကို ပေးချင်တတ်ကြတာပါ။ အဓိကက ချစ်သူနှစ်ဦးကြားထဲကနားလည်မှုပါပဲ။ ပြတ်ချင်ရင်ပြတ်ချင်တယ်၊ မချစ်ရင် မချစ်ဘူး မပြောပဲ နဲ့ များ တစ်ယောက်အတွက်တစ်ယောက်အချိန်မပေးနိုင်လို့ပြတ်ကြတာပါဆိုတဲ့ ခေါင်းစဉ်ထဲအသွင်းခံနေရတာကို အဟုတ်ကြီးမထင်လိုက်ပါနဲ့။ အချိန်ပေးနိုင်ခြင်းမပေးနိုင်ခြင်းက လူဖန်တီးတဲ့အရာဖြစ်တာမလို့ ကိုယ့်အပေါ်ထားတဲ့သူ့ရဲ့လေးနက်မှုအတိမ်နက်ကြောင့်သာ ကိုုယ့်အတွက်အချိန်ဆိုတာဖြစ်လာတာမျိုးပါ။အချိန်မပေးနိုင်လို့ပြတ်ကြတယ်ဆိုတာမျိုးမဖြစ်ကြပါနဲ့…နောက်တစ်ခုက အချိန်မပေးနိုင်လို့ပေးနိုင်တဲ့သူဆီသွားတယ်ဆိုတာမျိုးလည်းမပြောကြပါနဲ့။ နားလည်မှုနဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုနားလည်သူတွေအတွက်ရယ်စရာကောင်းတဲ့ပြက်လုံးတစ်ခုဖြစ်လွန်းလို့ပါ။




Some text some message..