သားရေ ရှူးဖိနပ်ကို ကြာရှည်ခံစေမယ့် နည်းလမ်း
shweinnlay.com
|
2019-04-01



အားလုံးသိတဲ့အတိုင်း Leather Shoes တွေဟာ ဈေးကြီးပေးဝယ်ရပြီးအခြားဖိနပ်များထက် ဂရုတစိုက်ထိန်းသိမ်းရပါတယ်။ ဒီလို leather shoes တွေကို နည်းလမ်းမှန်ဖြင့် သေချာသန့်ရှင်း ထိန်းသိမ်းဖို့ လိုပါတယ်။ သင့်ရဲ့ ရှူးဖိနပ်ကို ကြာရှည်ခံပြီး တောက်ပြောင်နေစေဖို့အောက်ဖော်ပြပါအချက်များကို လိုက်နာဖို့ လိုအပ်ပါတယ်။

၁။ သားရေရှူးဖိနပ်များကို ဖိနပ်ဘူးလို သေတ္တာများထဲ ထည့်သိမ်းခြင်းကို ရှောင်ပါ။ ထိုသို့သိမ်းခြင်းက ဖိနပ်ကို စိုထိုင်းမှုဖြစ်စေပါတယ်။ ဖိနပ်စင်ပေါ်တွင်သာ ထားပါ။




၂။ ခြောက်သွေ့မှုရှိပါစေ။အကယ်၍များ သင့်ရှူးဖိနပ်တွင်း စိုထိုင်းမှုဖြစ်နေလျှင် သတင်းစာရွက်ကိုအသုံးပြုပြီး သုတ်ပါ။ dryer လိုအပူပေးစက်များကို မသုံးပါနှင့်။ leather များအက်ကွဲစေနိုင်ပါတယ်။

၃။ ဂရုတစိုက်သန့်စင်ဆေးကြောပါ။ သားရေရှူးဖိနပ်ကို ဆေးကြောတဲ့အခါ ရေနွေးနွေးထဲသို့အဝတ်ကိုစိမ်ပြီး ရေစင်အောင်ညှစ်ကာအနှံ့ပွတ်ပေးခြင်းဖြင့်သာ သန့်စင်ပါ။ ပြီးနောက် သဘာဝအတိုင်း ခြောက်သွေ့သွားပါစေ။ နေပူထဲမလှန်းပါနှင့်။




၄။သစ်ကတိုးသားကိုအခြေခံသော shoe trees ကို ရွေးချယ်သုံးပါ။ shoe trees ဟာအစိုဓါတ်ကို စုပ်ယူပေးရုံသာမ သားရေရှူးဖိနပ်များ၏ ပုံပန်းသဏ္ဍာန် မပျက်ယွင်းအောင်လည်း ထိန်းသိမ်းပေးပါတယ်။

၅။ Leatherဟာ ကြာလာလျှင် သဘာဝအဆီဓါတ်၊အစိုဓါတ် နှင့်အိစက်မှုတွေ လျော့နည်းလာပါတယ်။ ဒါ့ကြောင့် leather များအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ conditioner သုံးပေးပါ။

၆။ Polish (အရောင်တင်ခြင်း) လုပ်ပေးဖို့လည်း မမေ့ပါနဲ့။ leather ဖိနပ်တွေဟာ တောက်ပြောင်မှသာ ကြည့်ကောင်းစေပြီး ကြာရှည်ခံစေတာကြောင့် ဖယောင်းပါတဲ့အရောင်တင်ဆေးဖြင့် တိုက်ချွတ်ပေးဖို့ လိုအပ်ပါတယ်။

CHAN (ရွှေအင်းလေး)




Some text some message..