ယောက်ျားတွေ မုန်းတဲ့ မိန်းကလေးတွေရဲ့အမူအရာနဲ့အမူအကျင့်များ
shwemom.com
|
2019-04-26

ခေတ်မီအလှပြင်ပစ္စည်းတွေ တိုးတက်လာသည်နဲ့အမျှ မိတ်ကယ်ခြယ်သခြင်း နည်းပညာကလည်း မြင့်မားလာပါတယ်။ တစ်ချိ့တွေက သင်တန်းတောင် တက်စရာမလိုပဲ လက်တွေ့လေ့ကျင့်ခန်း ဗွီဒီယိုတွေနဲ့ တက်မြောက်သွားကြသူတွေ ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကျတော့အလှပြင်မှု နည်းအမှားတွေကို လက်ခံကျင့်သုံးနေကြဆဲပါ။အမျိုးသားတွေ စိတ်မနှစ်မြို့တဲ့အချက်တွေထဲမှာ မိတ်ကပ်နဲ့ ဖတ်ရှင်ပုံစံအချိုးမကျမှုတွေက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒါကြောင့် ယောက်ျားတွေ မုန်းလေ့ရှိတဲ့ မိန်းကလေးတွေရဲ့ ဟန်ပန်အမူအရာတွေကို ဆင်ခြင်သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ပုံစံမကျသော ဆံပင်ပုံစံ




တစ်ချို့က စတိုင်အသစ်သဘောမျိုးနဲ့ ဆံပင်ပုံစံဒီဇိုင်းအသစ် ထွင်တတ်ပါတယ်။ တကယ်တော့ မည်သည့် ဖတ်ရှင်ဒီဇိုင်းပဲဖြစ်ဖြစ် ကိုယ်နဲ့လိုက်ဖက်မှုမရှိဘူးလို့ မိမိစိတ်ကအလိုလိုသိနေခြင်းကလည်းအမျိုးသမီးတွေရဲ့ တတ်အပ်တဲ့ပညာပါ။ တစ်ချို့က ကိုယ်နဲ့မလိုက်ဖက်မှန်းသိပေမယ့် စွဲဆောင်မှုများ ပိုရလေမလား စမ်းကြည့်တတ်ပါတယ်။ ဒါကို ရှောင်ရှားသင့်ပါတယ်။

(၂) မျက်နှာဖုံးစွပ်ထားတာနဲ့ တူနေတဲ့မျက်နှာ




တစ်ချို့သောအမျိုးသမီးတွေက ၎င်းတို့မျက်နှာအရေးအကြောင်းနဲ့အနည်းငယ်ထင်းနေတဲ့အမှတ်အသားတွေကို လူတွေမြင်မှာစိုးလို့ မိတ်ကပ်ကိုလည်း ထူထူလိမ်းပြီး ဖုန်းကွယ်တတ်ပါတယ်။ မိတ်ကပ်နဲ့ ဖုန်းအုပ်တာဟာအပြစ်တစ်ခုလို့ ပြောလို့မရပေမယ့်အရမ်းများသွားရင်တော့အကြည့်ရဆိုးသွားတတ်ပါတယ်။

(၃) ပုံပန်းမကျတဲ့ မျက်ခမ်းရောင်ခြယ်များ




မျက်ခွံရောင်ခြယ်ပစ္စည်းတွေဟာအမျိုးသမီးတွေအသည်းစွဲသုံးတတ်တဲ့အလှကုန်ပစ္စည်းတွေပါ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်နဲ့မလိုက်ဘက်တဲ့ ရောင်ခြယ်ပစ္စည်းတွေ၊ သို့မဟုတ် တမင်သိသိကြီးနဲ့အဆန်းထွင်လိုတဲ့ သဘောနဲ့ ထင်းနေအောင် ခြယ်ပြီး သုံးကြတာတွေ ရှိတတ်ပါတယ်။အမျိုးသားတွေ ဘဝင်ကျတဲ့အလှအပ မဟုတ်ပါဘူး။

(၄) မိတ်ကပ်များလွန်းခြင်း




မိတ်ကတ်တွေဟာ နည်းပညာမြင့်လာတာနဲ့အမျှ ကြာရှည်ခံခြင်း၊ သက်သောင့်သက်သာ ရှိခြင်း၊အဆင်ပြေပြေ သုံးနိုင်ခြင်းစတဲ့အားသာချက်တွေပါ ပါဝင်လာပါတယ်။ ဒါကေမယ့် ဘယ်အလှကုန်ပဲဖြစ်ဖြစ် နည်းစနစ်ကျကျအသုံးမပြုတတ်ဘူးဆိုရင်တော့အဆင်ပြေမှာ မဟုတ်ပါဘူး။ တစ်ချို့က မိတ်ကပ်လိမ်းခြယ်ရင် ထူပိန်းနေမှ လှတယ်လို့ထင်တတ်ပါတယ်။ ဒါကလည်းအမှားတစ်ခုပါဘဲ။

(၅) ဝါကျင်နေသောသွားများနဲ့၊ ခံတွင်းအနံ့ဆိုး




မိန်းကလေးတွေမှာ မလိုက်ဖက်ဆုံးအရာကို ပြပါဆိုရင် သွားတွေဝါကျင်နေတာပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲအသားရေနဲ့ ဖတ်ရှင်ကျကျ သွားတွေဝါကျင်နေရင် ဘယ်လိုမှ ကြည့်မကောင်းနိုင်ပါဘူး။ တစ်ချို့ကတော့ သွားကြွေလွှာပိုင်း ချို့ယွင်းလို့ ယခုလိုဖြစ်တတ်ပါတယ်။ သွားဆရာဝန်နဲ့ ကြွေလွှာဖြည့်ခြင်းလုပ်သင့်ပါတယ်။ တစ်ချို့သောအမျိုးသမီးတွေကတော့ ခံတွင်းအနံ့ဆိုးတယ်ဆိုတာ သိပေမယ့် ပြုပြင်ဖို့ မကြိုးစားကြပါဘူး။ ပြုပြင်ပါရက်နဲ့အခြေအနေ မတိုးတက်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၆) တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးခြင်း




နောက်တစ်ခု မိန်းကလေးတွေထဲမှာအဆိုးဆုံးအမူအကျင့်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတာပါဘဲ။ ဒီလိုအမူအကျင့်ဟာအမျိုးသမီးတွေမှာ ရှိခဲတဲ့အမူအကျင့်ဆိုပေမယ့် ရှိတဲ့သူတွေလည်း ရှိကြပါတယ်။ ခန္ဓာကိုယ်အနှံ့သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊အဝတ်အစားနဲ့အသုံးအဆောင်သန့်ရှင်းရေး မရှိဘူးဆိုရင်အမျိုးသားတွေက သဘောမကျတတ်ပါဘူး။

(၇)အဆီပြန်နေသော/ခြောက်ကပ်နေသောအသားရေ




ပုံမှန်အားဖြင့်တော့အထက်ပါအခြေအနေနှစ်ခုဟာအမျိုးသမီးတော်တော်များများ ရင်ဆိုင်ရတတ်ပါတယ်။ သဘာဝနဲ့ ရာသီဥတုအလျှောက်လည်း ဖြစ်တတ်တဲ့အရာတွေပါ။ သို့ပေမယ့် ပြင်လို့မရဘူးလားဆိုရင် ပြင်လို့ရပါတယ်။အသားရေ ခြောက်ကပ်နေတယ်လို့ ခံစားရရင် ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်နိုင်ပြီး။အဆီပြန်နေတဲ့အသားအရည်ကြောင့်ဆိုရင်တော့ ချွေးပေါက်တွေ သိသိသာသာ ကျယ်လာခြင်းကြောင့် ဖြစ်တတ်ပါတယ်။

(၈) လူမြင်ကွင်းမှာ ဝက်ခြံညှစ်ခြင်း




ဒါကလည်းအမျိုးသမီးတွေ လုပ်ခဲတဲ့အရာတစ်ခုပါ။ သို့ပေမယ့်အချို့ကတော့အကြောင်းမဲ့ သတိလက်လွှတ်နဲ့ ဝက်ခြံတွေ ရည်ရွယ်ချက်မရှိဘဲ ညှစ်နေတတ်ပါတယ်။ တစ်ချိ့အမျိုးသမီးတွေက လူရှုပ်ရှုပ်ဆို ခေါင်းထဲက ဗောက်တွေကုတ်ချတတ်ပါတယ်။ ဆင်ခြင်ရမယ့်အပြုအမူတွေပါဘဲ။

(၉) မည်းနက်နေသော နှုတ်ခမ်း




နဂိုကတည်းက နှုတ်ခမ်းမည်းနက်နေသူတွေကတော့ ဒီအချက်ကို သဘောကျမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ သဘာဝအတိုင်း စိုစိုပြည်ပြည် နီးနီးဖောင်းဖောင်း နှုတ်ခမ်းတွေကို သဘောကျတတ်ကြပါတယ်။ တစ်ချို့အမျိုးသမီးတွေကတော့အနက်ရောင်၊ သွေးပုပ်ပုပ်နှုတ်ခမ်းအရောင်ကို ရွေးချယ်ပြီး Witch Lips ဒီဇိုင်း ဖမ်းတတ်ပါတယ်။ မှားယွင်းတဲ့အယူအဆပါဘဲ။

(၁၀) ရေမွေးနံ့တထောင်းထောင်း




ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်အနံ့ကို မွှေးမွှေးလေး ဖြစ်စေချင်ကြတာ သဘာဝကျပါတယ်။ ဒါပေမယ့် သတိထားသင့်တဲ့အချက်က ရေးမွှေးကို ဖောဖောသီသီ သုံးတာမျိုးကကျတော့ မကောင်းပြန်ပါဘူး။ တစ်ချို့ရေမွှေးတွေက ကိုယ့်အတွက်တော့ သဘောကျစရာအနံ့အသက်ဆိုပေမယ့် တစ်စုံတစ်ယောက်ကို စိတ်အနှောက်အယှက်ပေးတတ်ပါတယ်။ ဒါ့အပြင် တစ်ချို့ရေမွှေးတွေက ချွေးနံနဲ့ရောပြီးကာမှ ကြောင်သေးနံ့လိုလို ထွက်သွားတတ်ပါတယ်။အရည်အသွေးကောင်းတဲ့ ရေမွှေးကို သင့်တင်အောင်သုံးတတ်ဖို့လည်း လိုပါတယ်။


မဒီလေး (Shwemom)




Some text some message..