တစ်ကိုယ်ကောင်းဆန်တဲ့ ယောက်ျားဆိုးတွေရဲ့ လက္ခဏာများ
shwemom.com
|
2019-04-26

Relationship တစ်ခုမှာ ယောက်ျားလေးဘက်က တစ်ကိုယ်ကောင်းဆန်နေတယ်ဆိုရင်အဆင်မပြေပါဘူး။ Relationship ဆိုတာ နှစ်ယောက်အတူ တည်ဆောက်ရတာပါ။အဲ့ဒီမှာ ကိုယ့်အတွက်ကိုယ်ချည်းတွေးနေတတ်တဲ့ ယောကျာ်းမျိုးနဲ့ဆိုရင်တော့ relationship တစ်ခုခိုင်မြဲမှာမဟုတ်ပါဘူး။ ဒီအချက်တွေကတော့ relationship တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်တဲ့ယောကျာ်းတွေရဲ့အပြုအမှုတွေကို ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

အပေါင်းအသင်း / သူ့အတွက်သူပဲဦးစားပေးတတ်တယ်




သင့်ထက်အပေါင်းအသင်းကိုပဲဦးစားပေးတတ်တယ်။ သင်ကိုတော့ချစ်တယ်ပြောပြီးအပေါင်းအသင်းနဲ့ ရုပ်ရှင်သွားကြည့်ကြတာတို့၊အပြင်လျှောက်လည်တာတို့ဟာ သင့်အပေါ်ကို တစ်ကိုယ်ကောင်းဆန်တာပါ။ သင်ကတော့အတူတူကြည့်မယ်ဆိုပြီး ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားကို သင်နဲ့အတူ သွားမကြည့်ဘဲ၊ သူ့ သူငယ်ချင်းတွေနဲ့သွားကြည့်လိုက်တာမျိုးပါ။ သင်မှာ ကြည့်ဖို့အဖော်တောင်ရှိမနေတဲ့အချိန်မှာ သင့်ကို တစ်ယောက်တည်းထားပြီး သူ့ သူငယ်ချင်းတွေနဲ့ သွားကြည့်တာမျိုးက တစ်ကိုယ်ကောင်းဆန်သူတွေလုပ်တဲ့လုပ်ရပ်တွေပါ။

‘We’ ဆိုတာ မရှိဘူး
သူ့အတွေးထဲမှာ ငါတို့ ဆိုတာမရှိဘူး။ ငါအတွက် ၊ ငါလုပ်ချင်တာငါလုပ်တယ် ဆိုတာပဲရှိတယ်။အဲ့လိုမျိုးက တစ်ကိုယ့်ကောင်းဆန်တာပါ။ Relaionship တစ်ခုမှာ ငါတို့နှစ်ယောက်အတွက် ၊ ငါတို့အနာဂတ်အတွက် ဆိုတာပဲရှိရမှာပါ။ တကယ်ချစ်ကြရင် ငါတို့ ဆိုတဲ့အသုံးအနူန်းကိုပဲ သုံးမှာပါ။ သူ့အတွက်ချည်းသာ သူ့တွေးနေတာဟာ တစ်ကိုယ်ကောင်းဆန်တဲ့လူမျိုးတွေရဲ့လုပ်ရပ်ပါ။အဲ့လိုသာဆိုအဲ့ relationship တစ်ခု မကြာခင်ပျက်ဆီးသွားမှာပါ။

သင့်ခံစားချက်ကို မကြည့်တတ်ဘူး




တစ်ကိုယ်ကောင်းဆန်တဲ့ယောကျ်ားတွေမှာ တွေ့ရတတ်တဲ့ နောက်ထပ်အပြုအမှုတစ်ခုက သင်ရဲ့ခံစားချက်ကို မကြည့်တာပါပဲ။ ဘယ်တော့မှ သင်ရဲ့ခံစားချက်ကို နားမလည်ဘူး။ တစ်ခုခုပြသနာဖြစ်ကြပြီးဆို သူ့ပြောချင်တာပြောပြီး သင့်ခံစားချက်ကို မကြည့်ဘူး။ သင်က ကောင်းတာကို ပြောရင်တောင်မှ သူ့ကိုဆရာလုပ်တယ်ပဲထင်နေတာမျိုးပါ။ သင့်အတွေးအခေါ်တွေကို respect မပေးဘူး။ ကလေးအတွေးဆိုပြီးအမြဲနှိမ့်တယ်။အဲ့လို ပြောလိုက်လို့ သင်ဘယ်လိုခံစားသွားရမလဲဆိုတာလည်း မတွေးပေးဘူး။

သူ့လုပ်ချင်ရာပဲ သူလုပ်တယ်




သင်ဘယ်လောက်ပဲပြောပြော သူအတွေးထဲမှာအစီအစဉ်ဆွဲထားတဲ့အတိုင်းပဲသွားတယ်။ ဘယ်ကိစ္စကိုမဆို သူ့အစီအစဉ်ချထားတဲ့အတိုင်းလုပ်တယ်။ သင်က တစ်ခုခုပြောလိုက်ရင်တောင် လက်မခံဘူး။ “ဆရာလာမလုပ်နဲ့၊ နင်ကဘဝအကြောင်း ဘာသိနေလို့လဲ ၊ ငါဘာသာ ငါလုပ်နေတာငါ သိတယ်၊ တစ်ခုခုဆို ငါပဲခံရမှာ၊အဲ့တော့ မသိဘဲဝင်မပါနဲ့” ဆိုတဲ့ တစ်ကိုယ့်ကောင်းဆန်တဲ့စကားတွေပြောတယ်။ တကယ်ချစ်ကြရင်တော့ တစ်ယောက်အတွေးအခေါ်ကို တစ်ယောက်ယူတယ်၊အပြန်အလှန် စကားတွေနားထောင်ကြတယ်။ သူ့ရဲ့အစီအစဉ်တွေကို မှားနေလား၊ မှန်နေလား ဆိုတာ ပြောပိုင်ခွင့်ပေးမယ်။

“ဘာဖြစ်လဲ၊ ငါလုပ်ချင်တာလုပ်တယ်၊ မင်းနဲ့ဘာဆိုင်လဲ” ဆိုတဲ့ စကားတွေသုံးတတ်တယ်




အဲ့လိုစကားတွေသုံးတတ်တဲ့သူတွေက တစ်ကိုယ်ကောင်းဆန်တတ်ကြတယ်။ relationship မှာ သူ့ကိစ္စကလည်း ကိုယ့်ကိစ္စပဲ၊ ကိုယ့်ကိစ္စကလည်း သူ့ကိစ္စပဲ ဖြစ်ရမှာပါ။အဲ့ဒါကိုမှ “ မင်းနဲ့ဘာဆိုင်လဲ” ဆိုတဲ့ စကားဟာအရမ်းကို စိတ်ပျက်ဖို့ကောင်းပါတယ်။အဲ့လိုဆို ရှေ့ရေးမှာလည်းအဆင်ပြေကြတော့မှာ မဟုတ်ပါဘူး။ “ငါလုပ်နေတဲ့အရာတွေ မင်းမကြိုက်လည်းအရေးမကြီးဘူး၊ ငါကြိုက်နေလို့ ငါလုပ်နေတာ” ဆိုတာတွေက တစ်ကိုယ်ကောင်းဆန်တဲ့လူတွေပဲပြောတတ်တဲ့ စကားတွေပါ။ သေချာတာက သူ့အတွေးထဲမှာ သင့်ဘာပဲပြောပြော သူဂရုမစိုက်ဘူးဆိုတာပါပဲ။အဲ့ဒါမျိုးက တကယ်ချစ်ရင် ပြောကြလို့လား ။ ။


Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်းအသိပေး ကြေညာအပ်ပါသည်။



Some text some message..