
နှုတ်ခမ်းတွေဟာ လူတစ်ယောက်ရဲ့ သဘောသဘာဝ၊အကျင့်နဲ့ ကိုယ်ရည် ကိုယ်သွေးကို ဖော်ပြနေတယ်ဆိုတာကို သင်သိပါရဲ့လား.?မတူညီတဲ့အမျိုးသမီးတွေမှာ မတူညီတဲ့နှုတ်ခမ်းတွေကို ပိုင်ဆိုင်ထားကြပြီး၊ နှုတ်ခမ်းတွေက ၎င်းတို့ရဲ့ မတူညီတဲ့အကျင့်စရိုက်နဲ့ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတယ် လို့ လေ့လာမှုစစ်တမ်းတစ်ရပ်မှာဖော်ပြထားပါတယ်။
(၁)ထူတဲ့နှုတ်ခမ်း
နှုတ်ခမ်းထူထူကို ပိုင်ဆိုင်ထားတဲ့အမျိုးသမီးတွေဟာ ယေဘုယျအားဖြင့် စိတ်ကစားတတ်ပါတယ်။သူတို့ဟာအမျိုးသားတွေရဲ့အာရုံစူးစိုက်မှုကို ရဖို့ ကြိုးစားနေတတ်သူတွေဖြစ်ပါတယ်။သိမ်မွေ့တဲ့ပုံစံမျိုးကိုပိုင်ဆိုင်ထားတတ်ကြပြီး၊ခက်ခဲတဲ့အရာတွေကိုမှ လိုချင်တတ်ကြသူတွေပါ။အချစ်နဲ့တစ်စုံတစ်ယောက်ဆီ ကအာရုံစူးစိုက်မှုကိုအမြဲတောင့်တတတ်သူတွေ ဖြစ်ပါတယ်။
(၂)ပါးလှပ်တဲ့နှုတ်ခမ်း
ဒီလိုမိန်းကလေးတွေကတော့အန္တရာယ်များ(သို့)ယဉ်ကျေးသိမ်မွေ့ကြသူတွေပါ။ မလုပ်ခင်မှာအရင်ကြိုစဉ်းစားတတ်သူတွေဖြစ်သလို သူ့ကိုထိခိုက်နာကျင်အောင် လုပ်သူတွေကို တန်ပြန်တုံ့ပြန်လေ့ရှိပါတယ်။ဘဝနဲ့အချစ်ကို တိတိကျကျ စည်းကမ်းတင်းကြပ်ထားသူတွေဖြစ်ပါတယ်။သူတို့ကို ပျော်အောင် လုပ်ပေး ခဲ့မယ်ဆိုရင်တော့ သူတို့ဘက်ကလည်း တကယ့်ကို romantic ဆန်ဆန် တုံ့ပြန်ပြုမူတတ်သူပါ။နှစ်လိုဖွယ်ကောင်းတဲ့ စိတ်နှလုံးသားပိုင် ရှင်တွေဖြစ်ပါတယ်။
(၃)အပေါ်နှုတ်ခမ်းထူအောက်နှုတ်ခမ်းပါး
ဒီလိုနှုတ်ခမ်းပိုင်ရှင်မျိုးကတော့ မိန်းကလေးထဲမှာ ရှားပါးပါတယ်။သူတို့ဟာ ထူးထူးဆန်းဆန်းအရာတွေကို စိတ်ဝင်စားတတ်လေ့ရှိပြီး၊ဒီလိုအရာကိုတွေကိုမှ ချစ်တတ်ကြသူတွေပါ။သူမရဲ့ထူးခြားတဲ့အတွေးအခေါ်၊သြဇာတိက္ကမတွေနဲ့ လူတွေကို စွဲဆောင်တတ်ကြပါတယ်။
(၄)အပေါ်နှုတ်ခမ်းပါးအောက်နှုတ်ခမ်းထူ
ဒီလိုမိန်းကလေးမျိုးကတော့ တကယ့်ကို romantic ဆန်တဲ့သဘာဝကိုပိုင် ဆိုင်ထားသလို၊သစ္စာကြီးသူတွေဖြစ်ပါတယ်။ဒီလိုမိန်းကလေးမျိုးနဲ့ တွဲနေတဲ့ သူဆိုရင်တော့ ဒီလူဟာအကောင်းဆုံးကိုပိုင်ဆိုင်ထားတဲ့ ကံကောင်းသူ တစ်ယောက်ပါ။အရမ်းကို စိတ်ထိခိုက်ခံစားလွယ်တတ်သူတွေဖြစ်ပြီး ကိစ္စအသေးအမွှားလေးကိုတောင် လိုက်ပြီး ခံစားနာကျင်တတ်သူတွေဖြစ်ပါ တယ်။