ကိုယ့်ရဲ့ဆယ်ကျော်သက်အရ ွယ်သားသမီးကိုဆုံးမတဲ့အခါ…
trend.com.mm
|
2019-04-27



ဆယ်ကျော်သက်အရွယ်ဟာထိန်းရသိမ်းရအခက်ဆုံးအရွယ်လည်းဖြစ်သလို ဘဝတစ်လျှောက်လုံးအတ ွက်ပုံစံ သ ွင်းပေးဖို့အ ကောင်းဆုံးအရ ွယ်လည်းဖြစ်ပါတယ်။ သူတို့ရဲ့တစ်ဘဝလုံးအခက်ခဲ တေ ွနဲ့ရင်ဆိုင်ရတဲ့အခါ၊အန္တရာယ်အမျိုးမျိုးကြုံ တေ ွ့လာရတဲ့အခါမှာ ဘဝက ပေးတဲ့ ဒဏ်ရာတေ ွဘဝက ပေးတဲ့သုခ တေ ွကိုအ ကောင်းဆုံးစံစားခံစားနိုင်ဖို့ သင်ကြားပေးလို့အ ကောင်းဆုံးအချိုန်ပါ။ ဒီလိုချိန်မှာ မိဘတစ်ယောက်အ နေနဲ့သူတို့အတ ွက်ဘယ်လိုေ လးတေ ွသင်ကြားပေးသင့်လဲ….




ဒီအရွယ်ဟာ ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့အချိန်ကောင်းပါ။ ဒီလိုအချိန်မှာမှ လောကကြီးရဲ့အနှစ်သာရကိုအပြည့်အဝမခံစားရင် သိပ်နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ဒီအရွယ်မှာ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုမပိတ်ပင်ပဲအတိုင်းတာတစ်ခုထိလွှတ်ထားပေးသင့်ပါတယ်။


(၂)အ ကောင်းမြင်တတ်အောင်သင်ကြားပေးပါ







အကောင်းမြင်တတ်တဲ့စိတ်လေးကို ဆယ်ကျော်သက်အရွယ်ထဲကနေတြစ်ဖည်းဖြည်းသင်ပေးပါ။ တစ်ဘဝလုံးအတွက် စိတ်ချမ်းသာဖို့အကောင်းမြင်တတ်တဲ့စိတ်လေးလည်းရှိဖို့လိုပါတယ်။
(၃) ရောင့်ရဲတတ်အောင်သင်ကြားပေးပါ







ဒီအရွယ်မှာအရှိသင့်ဆုံးကတော့တင်းတိမ်ရောင့်ရဲနိုင်တဲ့ စိတ်ထားလေးပါပဲ…ဆိုလိုချင်တာက တစ်ချို့သော ဆယ်ကျော်သက်လေးတွေဟာ ဒီလိုမနူးမနပ်အရွယ်မှာ စိတ်ထွေပြီးအရမ်းကိုသူများထက်သာချင်တာမျိုး၊ လောဘကြီးတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့လက်ရှိမိသားစုအခြေနေကိုနားလည်ပြီးမလိုအပ်တဲ့နေရာတွေမှာမလိုလောဘမကြီးဖို့ထိန်းပေးသင့့်ပါတယ်။
(၄)အကြာကြီးစိတ်ဓာတ်မကျတတ်ဖို့လေ့ကျင့် ပေးပါ







စိတ်ပင်ပန်းမှုတွေရှိလာတဲ့ဝမ်းနည်းရင်ဝမ်းနည်းပါစေ လွှတ်ထားလိုက်ပါ၊အချိန်တိုင်းတာတစ်ခုမှာတော့ပြန်ထနိုင်တဲ့စိတ်ဓာတ်မျိုးဖြစ်အောင် သင်ကြားထားပေးပါ။
(၅) ကြိုးစားချင်စိတ်ကို နှိုးဆွပေးပါ







ဆယ်ကျော်သက်အရွယ်ဆိုတာဘဝရဲ့စလို့အကောင်းဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ သူတို့ဘဝကိုသူတို့ကြိုးစားချင်စိတ်ရှိလာအောင် နှိုးဆွပေးသင့့်ပါတယ်။ ပျင်းရိငြီးငွေ့မှုတွေကိုဖယ်ရှားပေးပြီးဘဝဆိုတာဘယ်လိုရုန်းကန်ရမလဲ။ ဘာလိုချင်ရင်ဘယ်လိုကြိုးစားမရမယ်ဆိုတဲ့အသိလေးကိုထည့်ပေးဖို့လိုပါတယ်။




Some text some message..