လန်ဒန်မြို့လယ်ခေါင်ကထီးထီးကြီးတည်ရှိနေတဲ့အချိန်ခရီးသွားတွေအတွက်ဂူဗိမ္မာန်ကြီး
shwemom.com
|
2019-05-02

အချိန်ခရီးသွားဖို့ကို ကျွန်တော်တို့ခေတ်မှ စိတ်ကူးယာဉ်ကာကြိုးစားဖူးခဲ့ကြတာမဟုတ်ပါဘူး။ ဟိုးရှေးနှစ်ပေါင်းမြောက်များစွာ နည်းပညာတွေမထွန်းကားခင်ကတည်းကိုကအချိန်ခရီးသွားခြင်းကို စိတ်ဝင်တစားလေ့လာခဲ့ကြပြီး စွဲစွဲမက်မက်ဖြစ်ခဲ့ကြပါတယ်။

လန်ဒန်အနောက်ပိုင်းမှာတော့အချိန်ခရီးသွားခြင်းနဲ့သက်ဆိုင်နေတယ်လို့ ယူဆရတဲ့အထင်ကရနေရာတစ်ခုရှိနေပါတယ်။အဲဒါကတော့ Brompton သင်္ချိုင်းပါ။ ဒီသင်္ချီုင်းဟာ ဝိတိုရိယခေတ်ကတည်းက တည်ရှိခဲ့ဟန်တူပါတယ်။


YouTube

ရှေးရှေးတုန်းက လက်ရာတွေနဲ့ ဂူဗိမ္မာန်ကြီးဟာ Brompton သင်္ချီုင်းမြေမှာထီးထီးကြီးတည်ရှိလို့နေခဲ့ပါတယ်။အီဂျစ်တွေရဲ့ပရမစ်တွေလိုပဲ ဒီဂူဗိမ္မာန်ဟာဆိုရင်လည်း လန်ဒန်မှာတော့ တော်တေ်ာလေးကိုသမိုင်းဝင်ပြီး လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ နေရာတစ်နေရာပဲဖြစ်ပါတယ်။

ပေ ၂၉ လောက်မြင့်ပြီး ထိပ်ချွန်းပုံသဏ္ဍာန်တည်ဆောက်ထားတဲ့ ဂူဗိမ္မာန်ကြီးဟာ ထုံးကျောက်နဲ့ပြုလုပ်ပြီး ကြီးမားလေးလံလှတဲ့ ကြေးတံခါးကြီးနဲ့အတွင်းနဲ့အပြင်ဘက်ကို စည်းချားထားပါတယ်။ နောက်ထပ်အနေနဲ့အဲဒီတံခါးကိုဖွင့်ဖို့အတွက် သော့ပေါက်တစ်ခုကိုလည်း ထူးခြားစွာတွေ့ရပါသေဒတယ်။


YouTube

သို့ပေမယ့် ကြေးတံခါးကြီးကို ဖွင့်ဖို့အတွက် ကမ္ဘာရဲ့တစ်ချောင်းတည်းသော သေ့ဟာဆိုရင်တော့ ၁၉၇၀ ခုနှစ်လောက်မှာ ဘယ်ကိုရောက်လို့ရောက်မှန်းမသိဘဲအစရှာလို့မရကာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ Stephen Coates ဆိုသူဆီ သော့ဟာ ရောက်သွားခဲ့ပါတယ်။ Coates ဟာအနုပညာနယ်ပယ်မှာ ကျင်လည်နေသူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းရေးဆရာ၊ ဇာတ်ညွှန်းရေးသားသူအပြင် သူကိုယ်တိုင်ကပါ ရှေးဟောင်းသုတေသီတစ်ဦးဖြစ်တဲ့အတွက် ဒီဂူဗိမ္မာန်ကိုဖွင့်ပိတ်လို့ရတဲ့ သော့တစ်ချောင်းကိုပိုင်ဆိုင်ထားတဲ့အခါမှာတော့ လူတိုင်းမထင်မှတ်ထားတဲ့အရာတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဂူဗိမ္မာန်ဟာအချိန်ခရီးသွားခြင်းနဲ့ပတ်သက်တယ်ဆိုပြီး နာမည်ကြီးနေခဲ့ပေမယ့်လည်း လက်ရှိသော့ပိုင်ရှင် Stephen Coates ကတော့အချိန်ခရီးသွားတာမဟုတ်ဘဲ လက်ရှိနေရာကနေ သင်လုံးဝတွေ့ထင်မိမှာမဟုတ်တဲ့ နောက်ထပ်နေရာတစ်ခု သို့မဟုတ် ကမ္ဘာတစ်ခုကိုသင့်အားခေါ်ဆောင်ပေးနိုင်မယ့် နေရာတစ်ခလို့ ပြောထားခဲ့ပါတယ်။


YouTube

ဒီဂူဗိမ္မာန်ကြီးရဲ့ သရုပ်မှန်ကတော့အမျိုးသမီးသုံးယောက်တို့ရဲ့အုတ်ဂူနေရာတစ်ခုပါ။


YouTube

၁၈၅၀ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တယ်လို့ ယူဆရပြီး Hannah Courtoy နဲ့ သူမရဲ့သမီးနှစ်ယောက်ဖြစ်တဲ့ Mary နဲ့ Elizabeth တို့ကိုပါ တစ်ပါတည်း မြျပ်နှံထားခဲ့တာပါ။ Hannah ဆီမှာ သမီး ၃ ယောက်ရှိခဲ့ပေမယ့်လည်း Susannah ဆိုတဲ့ သမီးကိုတော့ သတ်သတ်ဆီမြှုပ်ထားခဲ့ပြီးအကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။




Hannah Courtoy ဟာ မွေးနာမည် Hannah Peters နဲ့ လူ့လောကထဲကို ၁၇၈၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ရောက်လာခဲ့သူပါ။ ငယ်စဉ်ကနှိပ်စက်လွန်းတဲ့ဖခင်ကြောင့်အချိန်မတန်သေးဘဲ သူများအိမ်မှာအိမ်ဖော်နဲ့ ဘီယာဆိုင်မှအကူအဖြစ် လုပ်ကိုင်ခဲ့ရပါတယ်။ ၁၉၁၅ ခုနှစ်မှာတော့ ဆံပင်တုလုပ်ငန်းကို ဦးဆောင်နေပြီးကျန်းမာရေးသိပ်မကောင်းတဲ့ John Coutroy ဆိုသူ ကုြန်သည်တစ်ယောက်နဲ့ ချစ်ကြိုက်ကာ သမီး ၃ ယောက်ထွန်းကားခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ဟာာ တရားဝင်လက်ထပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒီသင်္ချိုင်းမြေဟာ ဗြိတိန်မှာရှိနေတဲ့အထင်ရှားဆုံးနဲ့သက္ကရာဇ်အရင့်ဆုံး သင်္ချိုင်းမြေများထဲ သက်တမ်းတာဆုံးပဲဖြစ်ပါတယ်။အချိန်ခရီးသွားဖြင်းနဲ့သက်ဆိုင်တယ်ဆိုတဲ ဗိမ္မာန်အပြင် သင်္ချိုင်းမြေထဲမှာအုတ်ရူပေါင်း ၃၅,၀၀ ကျော်ရှိနေပြီး လူူအယောက်ပေါင်း ၂၀၅,၀၀၀ လောက် မြှုပ်နှံထားတယ်လို့ သိရပါတယ်။ မကြာသေးခင်နှစ်တုန်းကပဲအဲဒီ ဂူဗိမ္မာန်မှာအက်ကွဲကြောင်းကြီးတစ်ခုပေါ်လာခဲ့တဲ့အတွက် လူတစ်ယောက်ယောက်ကတော့အချိန်ခရီးသွားလိုက်ပြီဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။







Source: Freak Lore, Independent UK, wiki


Penny

 




Some text some message..