ပြင်မရတဲ့အကျင့်တွေဆိုတာ ကိုယ်တိုင်လုပ်ယူထားတဲ့အရာတွေပါ …
trend.com.mm
|
2019-05-02




ကိုယ့်အတွက် မကောင်းမှန်းသိနေတဲ့အကျင့်တွေကို ဖျောက်ရခက်နေတာဟာ ကိုယ်နဲ့ပဲ
သက်ဆိုင်ပါတယ်။ မကောင်းမှန်းသိရင် ရှောင်ရကောင်းမှန်း သိရက်နဲ့ ဆက်တိုက်လုပ်မိနေတာ။
အကျိုးရှိလားဆိုတော့လည်း မရှိပြန်ဘူး။








ဒီလိုပဲ ကိုယ့်အပေါ် မကောင်းတဲ့လူကိုချစ်နေမိတာလည်း ကိုယ့်ကိုကိုယ် နှိပ်စက်နေသလိုပါပဲ။
လူတွေမှာ ဆိုက်ကိုတစ်မျိုးရှိပါတယ်။ ကိုယ့်အပေါ်နှိပ်စက်လွန်းတဲ့လူကို စွဲလန်းတတ်ကြတယ်တဲ့။
ဒီလိုနာကျင်စရာတွေထဲမှာ ပျော်မေ့ွနေတဲ့လူတွေပေါ့ ။ ငါသူ့အပေါ်မှာ ဝဋ်ကြွေးတွေ
ရှိသေးလို့ ဆပ်မကုန်သေးတာနေမယ်လို့ တွေးရင်မှားနေပြီလို့ ပြောပါရစေ။


ဒါတွေဟာ မင်းရဲ့ရွေးချယ်မှုသာဖြစ်ပါတယ်။ ကိုယ့်ဘာသာ မျက်စိစုံလုံးမှိတ်ပြီး ရွေးချယ်ထားတဲ့
အရာတစ်ခုကို ဝဋ်ကြွေးလို့အော်နေတဲ့သူတွေမြင်ရင် သိပ်သနားမိတယ်။ ချစ်တယ်ဆိုတဲ့
နေရာမှာ ဦးနှောက်လေးကပ်ပါလာရင်အဆင်ပြေသွားမှာ။ ဘဝဆိုတာ နှလုံးသားကိုပဲဦးစားပေး
လို့မရဘူးဆိုတာ သိတယ်မဟုတ်လား။








မိမိရွေးချယ်မှုကို ကံစီမံရာနဲ့အမျိုးမျိုးအထင်မြင်လွဲတတ်ကြပါတယ်။ မကောင်းတဲ့အကျင့်တွေက
မင်းကို ဘဝပျက်လောက်တဲ့ထိ ဒုက္ခပေးနိုင်တယ်။ ဒါကြောင့်အချစ်ရေးမှာလည်း
ကိုယ်ဘယ်လိုသူ့ကို ချစ်ပေးရမလဲဆိုတာထက် ကိုယ် မခံစားရအောင်သာနေပါ။
ကိုယ့်စိတ်သက်သာသလို ၊ နေပျော်သလို ၊ စိတ်ချမ်းသာသလို နေထိုင်ပါ။

ကိုယ်ပျော်ရွှင်မှုဆိုတာ တစ်ပါးသူအပေါ်မူတည်နေသရွေ့ ဘယ်တော့မှ စိတ်ချမ်းသာရမှာမဟုတ်ပါဘူး။




Some text some message..