ချစ်သူအပေါ်သဝန်တိုလွန်းတဲ့စိတ်ကို ထိန်းချုပ်နိုင်မယ့်နည်းလမ်းငါးသွယ်
trend.com.mm
|
2019-05-02




ကိုယ့်ချစ်သူအပေါ်သဝန်တိုတယ်ဆိုတာလည်း လိုအပ်တာထက်ပိုရင်မကောင်းပါဘူး။သဝန်တိုတာထက် ကိုယ့်ချစ်သူအပေါ် မယုံကြည်ဘူးဆိုတဲ့
သဘောသက်ရောက်နေပါပြီ။ချစ်လို့သဝန်တိုတယ်ဆိုပေမဲ့အတိုင်းအတာလေးနဲ့ဆိုရင်တော့ ယူတို့အချစ်ရေးက ဒီထက်ပိုပြီးသာယာမှာအမှန်ပါပဲ။တစ်ခါတစ်
ရံမှာ သဝန်တိုလွန်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့အချစ်ရေးက ပျက်စီသွားနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ချစ်သူအပေါ် သဝန်တိုလွန်းတဲ့စိတ်ကိုထိန်းချုပ်နိုင်မယ့်
နည်းလမ်းငါးသွယ်ကို ပြောပြပေးချင်ပါတယ်။








*ကိုယ့်မသိစိတ်ကိုယုံကြည်ပါ
ကိုယ့်စိတ်ထဲမှာကိုယ့်ချစ်သူက ကိုယ့်အပေါ်အဲ့ဒီလိုမလုပ်လောက်ပါဘူးလို့သိသော်လည်းအတွေးထဲမှာတော့ သူ့ဖုန်းကိုစစ်ကြည့်ချင်တဲ့စိတ်၊သူဘယ်သူ့ဆီ
စာပို့လဲ၊ဘယ်သူ့ကိုဆက်သွယ်လဲအကုန်သိချင်တဲ့စိတ်ရှိနေတတ်ပါတယ်။သူ့စာတွေ၊အီးမေးလ်တွေ၊ဖေ့ဘွတ်ခ်အကောင့်တွေကိုလည်း သင်စစ်ကြည့်ခဲ့ဖူးမှာပါပဲ။ဒါပေမဲ့ကိုယ်က ဒီသဝန်တိုလွန်းတဲ့စိတ်ကိုဖျောက်ချင်တယ်။ထိန်းချုပ်ချင်တယ်ဆိုရင်တော့ သူဟာ ကိုယ့်အပေါ်အဲ့ဒီလိုလုပ်မယ့်သူမျိုးမဟုတ်ဘူးဆိုတဲ့မသိစိတ်ကို ယုံကြည်ပေးထားပါ။ခဏတာခံစားချက်နဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်မျိုးမချမိပါစေနဲ့။


*သူ့လွတ်လပ်ခွင့်နဲ့သူရှိပါစေ
သဝန်တိုတယ်ဆိုတဲ့စိတ်နဲ့အကုန်လိုက်ချုပ်ချယ်နေတာမျိုးကို မလုပ်ပါနဲ့တော့။ချစ်သူဆိုပေမဲ့ သူ့ကိုကိုယ်ကအပိုင်ရထားတယ်လို့ ယူဆလို့မရပါဘူး။သူ့မှာလည်းသူ့လွတ်လပ်ခွင့်နဲ့သူ ကိုယ့်မှာလည်း ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပါ။ကိုယ်ယုံကြည်လို့ ချစ်သူအဖြစ်ရွေးချယ်ထားပြီးမှ ဖောက်ပြန်မှာကြောက်တယ်ဆိုတဲ့စိတ်၊
နောက်တစ်ယောက်ရသွားမှာကြောက်တယ်ဆိုတဲ့စိတ်မျိုးနဲ့ မချုပ်ချယ်ထားပါနဲ့။လိုက်ချုပ်ချယ်နေတာကသာ သူ့ကိုပိုပြီးစိတ်ကျဉ်းကျပ်စေမှာပါ။








*သူနဲ့အမြဲအဆက်အသွယ်ရှိပါစေ
သူဘာလုပ်တယ်။ကိုယ်ဘာလုပ်တယ်ဆိုတာကို တစ်ယောက်နဲ့တစ်ယောက်အမြဲအသိပေးနေသရွေ့ သူ့ကိုလိုက်ချုပ်ချယ်စရာမလိုသလို သဝန်တိုစရာ
လည်းမလိုပါဘူး။သူ ကိုယ့်အပေါ်ကွယ်ဝှက်ထားတာမျိုး၊ကိုယ်မသိအောင်လုပ်တာမျိုးရှိနေတယ်ဆိုမှသာ သဝန်တိုသင့်၊သံသယဝင်သင့်တာပါ။


*တဇွတ်ထိုးမလုပ်ပါနဲ့
ကိုယ့်ချစ်သူကို ကောင်မလေးတစ်ယောက်နဲ့တွဲမြင်လိုုက်လို့ ချက်ချင်းသွားပြီးဝုန်းဒိုင်းကြဲလိုက်တာမျိုး၊ချက်ချင်းကိုယ်နဲ့လာတွေ့ခိုင်းတာမျိုးစတဲ့အပြုအမူ
တွေမလုပ်ပါနဲ့။ကိစ္စတစ်ခုခုဖြစ်ပြီဆိုအရင်ဆုံးကိုယ့်စိတ်ကိုယ်အချိန်ပေးလိုက်ပါဦး။စိတ်ရှည်ရှည်နဲ့သူရှင်းပြတဲ့အထိစောင့်ပါ။ပြီးရင် ဒါကဖြစ်နိုင်လား၊မဖြစ်နိုင်
ဘူးလား ချက်ကျလက်ကျစဉ်းစားပါ။








*ကိုယ့်စိတ်ပြောင်းလဲမှုကို လက်ခံပါ
သဝန်တဲ့စိတ်ကို ကိုယ်ကထိန်းချုပ်ချင်တယ်။ကိုယ့်အချစ်ရေးကို ဒီသဝန်တိုတဲ့စိတ်နဲ့ မရှုပ်ထွေးစေချင်ဘူးဆိုတဲ့အတွေးရှိရင် ဒီပြောင်းလဲမှုက
ကောင်းမွန်တယ်ဆိုတာလက်ခံပါ။ကိုယ့်သဝန်တိုစိတ်ကိုထိန်းချုပ်လိုက်မယ်ဆိုရင်အချစ်ရေးအပေါ်မှာ ကောင်းမွန်တဲ့သက်ရောက်မှုတွေယူဆောင်လာ
ပေးပါလိမ့်မယ်။ပိုပြီးစိတ်ရှည်ပါ။ကိုယ့်ချစ်သူအပေါ်ယုံကြည်မှုထားပါ


သူဟာ ကိုယ့်အတွက်တကယ်ထိုက်တန်တဲ့သူ၊ကိုယ့်ကိုတကယ်ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဟာ လွတ်လပ်ခွင့်ဘယ်လောက်ပေးထားပေးထား
ကိုယ့်ကိုထားခဲ့မှာ၊ဖောက်ပြန်မှာမဟုတ်ပါဘူး။ဒါကြောင့်သူ့ကိုဆုံးရှုံးရမှာကြောက်နေတဲ့စိတ်ကိုဖျောက်ပြီး သဝန်တိုလွန်းတဲ့စိတ်ကို ချုုပ်ထိန်းကြည့်ပါ။









ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..