ပညာရှှင်တွေပြောတဲ့အမျိုးသမီးတွေကိုအဖောက်ပြန်စေဆုံးအချက်
shwemom.com
|
2019-05-02




ံအိမ်ထောင်ရေးဖောက်ပြန်မှုဆိုတာ ဘယ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ပဲ ချိန်ဆပါစေ လူမှုအသိုင်းအဝိုင်းမှာတော့ ရှက်စရာကိစ္စ
တစ်ခုအဖြစ် လက်ခံထားကြပါတယ်။ ဒါပေမယ့်လည်း ဒီလို ရှက်စရာကိစ္စရပ်ကြီးကို တစ်ချို့က ပေါ်ပေါ်တင်တင် ကျူး
လွန်ကြတာ ရှိသလို၊ တစ်ချို့က ရှက်စရာမှန်းသိလို့ မလွန်ဆန်နိုင်လွန်းလို့ ခိုးကြောင်ခိုးဝှက် ကျူးလွန်ရတာလည်း ရှိပါ
တယ်။ဒီလို ဖောက်ပြန်မှုကို လေ့လာလိုက်တဲ့အခါမှာတော့ လွန်ခဲတဲ့ 2003 ခုနှစ်က ဗြိတိန်အခြေစိုက် သုတေသနဌာန တစ်ခုကနေ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာအမျိုးသားတွေကအမျိုးသမီးတွေထက် ဖောက်ပြန်မှုရာခိုင်နှုန်း ပိုများတ ယ်လို့ ဆိုခဲ့ပါတယ်။ ထိုစဉ်က လူအနည်းစုလောက်ကိုသာ ပစ်မှတ်ထား ကောက်ယူခဲ့တာမို့ မှန်ကန်မှုလည်းအားနည်း ခဲ့ပါတယ်။





သို့သော် ယခုအသစ်ထွက်ရှိလာတဲ့ illicitencounters.com ကနေ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာအမျိုးသမီးတွေရဲ့ ဖောက်ပြန်မှုဟာ တွေးထင်ထားတာထက်ပိုများကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ဒီထက်ပိုပြီး တိကျတဲ့အဖြေအဖြစ် ဖောက်ပြန်တဲ့ မိဘတွေကနေ ဆင်းသက်လာတဲ့ သားသမီးတွေ တော်တော်များများဟာ ဖောက်ပြန်ဖို့ ရာခိုင်နှုန်းပိုများ တယ်လို့ ၎င်းစစ်တမ်းက ဆိုပါတယ်။illicitencounters.com ကနေ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာအမျိုးသား/အမျိုးသမီး သိန်းနဲ့ချီပြီး Surveyအတွက် လိုအပ်တဲ့အချက်အလတ်တွေကို ကူညီဖြေကြားခဲ့ပါတယ်။အဲဒီကနေမှ တစ်ဆင့် ဖောက်ပြန်တဲ့ မိဘကနေ ဆင်းသက်လာတဲ့ သားသမီးတွေဟာ တကယ့်လူနေမှုဘဝမှာ ဖောက်ပြန်နိုင်ချေပို များတယ်လို့ illicitencounters.com က ကောက်ချက်ချခဲ့တာပါ။








ဖောက်ပြန်တဲ့ မိဘကနေ ဆင်းသက်လာတဲ့ (သမီး)အမျိုးသမီးအယောက် 100 မှာ 71% ဖောက်ပြန်နိုင်ခြေ ရှိပါ တယ်။ တစ်နည်းပြောရရင်အဲဒီလို မျိုးရိုးကနေ ဆင်းသက်လာတဲ့အမျိုးသမီး 10 ယောက်မှာ 7 ယောက်လောက်က
ဖောက်ပြန်တဲ့သူတွေ ဖြစ်နေတဲ့ သဘောပါ။ ဒီလိုပဲ ဖောက်ပြန်တဲ့ မိဘကနေ ဆင်းသက်လာတဲ့ (သား)အမျိုးသားတွေ ကတော့ ပြင်ပ လူနေမှုဘဝမှာ ဖောက်ပြန်နိုင်ချေ 45%အထိ ရှိတယ်လို့အဲဒီစစ်တမ်းက ဖော်ပြထားပါတယ်။

စစ်တမ်းမှာ ဖာ်ထုတ်နိုင်ခဲ့တဲ့အခြားရလာဒ်များ-



(၁)အမျိုးသမီး 66% ဟာ မိခင်ဖောက်ပြန်ခဲ့ဖူးရင် သူတို့မှာလည်းအလိုလျှောက် ဖောက်ပြန်ခွင့်ရှိတယ်လို့ ခံစားရ
တယ်လို့ ဆိုပါတယ်။


(၂) 86 % သောအမျိုးသားတွေကတော့ သူတို့ဖောက်ပြန်မှုကို ဖခင်က ရိပ်မိရင်၊ မလုပ်ဖို့ တားမြစ်ရင်အလွယ်တစ်ကူ
စွန့်လွှတ်ဖို့ သေချာတယ်လို့ ဆိုပါတယ်။


(၃) 83% သောအမျိုးသမီးတွေနဲ့ 89% သောအမျိုးသားတွေဟာ ဖောက်ပြန်ခြင်းကို ရှက်စရာတစ်ခုအဖြစ် မြင်ပြီး လူ
လောကမှာ လက်ခံဖို့ ခဲယဉ်းတယ်လို့ ဖြေပါတယ်။


(၄) ယခုစစ်တမ်းကို illicitencounters.com ဝက်ဘ်ဆိုဒ်မှာအင်တာနက်အသုံးပြုသူ (1) သိန်းကျော်က လိုအပ်တဲ့အ
ချက်အလတ်တွေ ဖြည့်ပေးခဲ့ကြတာ ဖြစ်ပါတယ်။


မဒီလေး (Shwemom)

source : mirror.co.uk




Some text some message..