တကယ်မချစ်ပဲ လိင်ကိစ္စကြောင့်သာ တွဲနေတဲ့သူမှန်းသိနိုင်မယ့်အချက်(၅)ချက်
shwemom.com
|
2019-05-02

တစ်ချို့ယောကျ်ားလေးတွေဟာ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ တဏှာစိတ်သက်သက်နဲ့သာ တွဲတတ်ကြ ပါတယ်။ ဒီလိုယောကျ်ားလေးတွေဟာ တကယ်ကို ယုတ်ညံံ့ပြီးအောက်တန်းကျသူတွေ ဖြစ်ပါတယ်။ ဒီလိုလူ မျိုးတွေကို ပတ်သက်မိနေတဲ့ မိန်းကလေးတွေအနေနဲ့အမြန်ဆုံး နောက်လှည့်သင့်ပါတယ်။ သူတို့ရဲ့အကျင့်စရိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) သူဆက်သွယ်တဲ့ပုံစံ




သင့်ကို တဏှာစိတ်သက်သက်ကြောင့် တွဲနေတဲ့သူဟာ သင့်ကို ဆက်သွယ်တဲ့အခါမှာ လိင်ကိစ္စကြောင့်ပဲ ဆက်သွယ် မှာပါ။ ကျန်တဲ့အချိန်တွေကျရင် မအားဘူးတို့၊ တစ်ခုခုအမြဲအကြောင်းပြပြီး သင့်ကို သိပ်ဂရုစိုက်မှမဟုတ်ပါဘူး။ ဒါပေမ ယ့်သင်နဲ့အတူတူအိပ်ချင်တဲ့အချိန်ကျရင်တော့ လေသံချိုတွေနဲ့အချိုးတစ်မျိုးပြောင်းသွားတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ ဒီလိုလူမျိုးနဲ့ ပတ်သက်မိနေရင်တော့အမြန်ဆုံး ကျောခိုင်းလိုက်တာအကောင်းဆုံးပါပဲ။

(၂) ချစ်လည်းမချစ်ဘူး ဖြတ်လည်းမဖြတ်ဘူး




သင့်ကို တဏှာစိတ်သက်သက်နဲ့ တွဲတဲ့သူဟာ သင့်ကို ချစ်တာတွေ၊ ကြင်နာတာတွေ၊ ဂရုစိုက်တာတွေ သိပ်လုပ်မှာ မဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ သူရဲ့အချစ်နဲ့ပတ်သက်ပြီးအမြဲတမ်း မသေချာမရေရာ ဖြစ်နေရမှာပါ။ သင့်ကိုသိပ်ချစ်ပုံ လည်းမရဘူး ဒါပေမယ့်လည်း သင့်ကို ဖြတ်မှာမဟုတ်ပါဘူး။အကြောင်းကတော့ သူလိုအပ်တဲ့အချိန်တိုင်း သင့်ကို ခေါ်ချင်လို့ ကြိုးရှည်ရှည်နဲ့ ဆွဲထားတဲ့ပုံစံမျိုးပါပဲ။




(၃) သူနဲ့တွေ့တိုင်းအိပ်ရတယ်


သင့်ချစ်သူနဲ့သင်နဲ့တွေ့တိုင်း လိင်ကိစ္စပဲလုပ်နေရတယ်။ ကြာလာတော့ သင့်တာဝန်က သူနဲ့အိပ်ပေးရုံသက်သက်ပဲ ဖြစ်လာတော့တယ်၊ သူနဲ့တွေ့တိုင်းသင့်ကိုသင် မသတီသလိုလို၊ ကိုယ့်ကိုယ်ကို စိတ်ပျက်သလိုခံစားလာရတယ်။ ဒါဆိုရင်တော့ ကြာလာရင် သင်ဟာ စိတ်ကျရောဂါတောင် ရသွားနိုင်တာကြောင့် သင့်ကို လိင်ကိစ္စသက်သက်အသုံးချရုံတွဲတဲ့ သူမျိုးနဲ့ ဆက်မပတ်သက်သင့်တော့ပါဘူး။

(၄) ပျော်ရွှင်ချိန်မရှိသလောက်နည်းတယ်
ချစ်သူတွေသဘာဝ လျှောက်လည်တာတွေ၊ မုန့်လျှောက်စားတာတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ကြဆုံကြတာ မျိုးတွေလည်း ရှိမှာ မဟုတ်ပါဘူး။ သင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဖြူစင်တဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေကို ခံစားရမှာမဟုတ်ပါဘူး။ သူ့ရဲ့ လိုတစ်မျိုးမလိုတစ်မျိုးဆက်ဆံပုံကြောင့်အမြဲတမ်း စိတ်ဆင်းရဲနေရမှာပါ။ သင်ဟာ ဒီလိုလူမျိုးနဲ့ ဆက်ပြီး ပပတ်သက်သင့်တော့ပါဘူး။

(၅) သင့်ခံစားချက်ကို ဘယ်တော့မှနားမထောင်ပေးဘူး




သင့်ချစ်သူကို သင်ခံစားရတဲ့အထီးကျန်မှုတွေ၊ သင့်ရဲ့ပြသနာတွေ၊ သင်ကြုံတွေ့နေရတဲ့အရာတွေကိုပြောရင် သူနားထောင်ပေးချင်မှာမဟုတ်ပါဘူး။ သင်တို့နှစ်ယောက်ကြားမှာအနာဂတ်အတွက် တိုင်ပင်တာတွေ၊ ရင်ဖွင့်တိုင်ပင်တာတွေ ရှိမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ကို လိင်ကိစ္စသက်သက်တွဲတာကြောင့် သင့်ပြသနာတွေကို ဝေမျှခံစားမပေးချင်လို့ပါ။

Em Em (Shwemom)


Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်းအသိပေး ကြေညာအပ်ပါသည်။




Some text some message..