ချစ်သူကောင်မလေး သင့်ကိုအရမ်းချစ်နေပြီဆိုုတာ သိနိုုင်တဲ့အချက်(၅)ချက်
shwemom.com
|
2019-05-02

ကောင်မလေးတစ်ယောက် ကိုယ့်ကို တစ်ကယ်ချစ်မချစ် သိနိုင်တဲ့အချက်ကလေးတွေ ရှိပါတယ်။ မခက်ပါဘူး။ သေချာအကဲခတ်ကြည့်ရင် သိနိုင်ပါတယ်။ ကဲ Shwemom ရဲ့အမျိုးသားပရိသတ်ကြီးအောက်ဖော်ပြပါအချက်ကလေးေ တွနဲ့ သင့်ချစ်သူက ကိုက်ညီနေတယ်ဆိုရင် ငါကွ-လို့အော်သွားကြပေတော့။

(၁) သူငယ်ချင်းတွေအကြောင်းကိုအလုံးစုံသိချင်တဲ့အခါ
ချစ်သူက ကိုယ့်အကြောင်းကို သိရတာနဲ့တင် မတင်းတိမ်ဘူး … သူငယ်ချင်းတွေအကြောင်းလည်း ရတတ်သလောက် သိချင်တယ်ဆိုရင် သူ သင့်ကို တကယ်နှစ်နှစ်ကာကာ ချစ်နေမိတယ်လို့ မှတ်ရပါမယ်။အကြောင်းကတော့ မိန်းကေ လးတော်တော်များများဟာ သူတို့ စိတ်မဝင်စားရင် ဘာကိုမှအရေးတယူ မလုပ်ကြပါဘူး။

(၂) ဘယ်သွားသွား လိုက်မယ်ဆိုရင်




သင် ဘယ်သွားသွား ခရီးစဉ်တစ်ခု စတင်လိုက်ပြီဆိုတာနဲ့ သင့်ချစ်သူက လိုက်မယ်ဆိုတာချည်းပဲ ဖြစ်နေတယ်ဆိုရင် ဒါလည်း သေချာပါတယ်။ သူဟာ ဒီလို မည်ကာမတ္တခရီးတစ်ခုအတွက်သာ မဟုတ် … ဘဝခရီးတစ်ခုအတွက် သင့်ကို ပုံအပ်ပြီး ချစ်တယ်ဆိုတာ။

(၃)အမြဲတမ်းစုံစမ်းလေ့ရှိတယ်



မျက်လုံးတို့သည် ချစ်သူကို ကြည့်ခြင်း၌ ရောင့်ရဲတင်းတိမ်ခြင်း မရှိ-တဲ့။ တကယ်ချစ်ပြီဆိုရင် မျက်လုံးတစ်ခုတည်း မ
ဟုတ်ပါဘူး။ စိတ်ကလည်း သင့်အကြောင်းကို ရသလောက် သိချင်တယ်၊ ဘယ်တော့မှ စုံစမ်းမှု မပြတ်ဘူး။ သင့်ချစ် သူဟာ သင့်သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါတိုင်း သင့်အကြောင်း ကြုံတိုင်းမေးတယ်ဆိုရင် သင်လည်း ငါကွ-လို့အော်ခွင့် ရှိပါတယ်။

(၄)အမြဲတမ်းယုံကြည်စိတ်ချရတဲ့ ခံစားမှု




ချစ်သူအပေါ်မှာ လူတိုင်း လုံးလုံးလျှားလျှား ယုံကြည်တဲ့ခံစားမှု ဖြစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမယ့် ရှားတောင့်ရှားခဲ ယုံကြည်မှုကို နှစ်ကိုယ်ကြား ခိုင်ခိုင်မာမာ တည်ဆောက်နိုင်တယ်ဆိုရင်တော့ ဘယ်လိုအခြေအနေနဲ့ပဲ သူ့ကို မျက် ကွယ်ရာမှာ ထားခဲ့ရ ထားခဲ့ရ စိတ်ချရပါတယ်။ မောင်ကလွဲရင် ဖွဲဆန်ကွဲ-ပါဆိုတာမျိုးပေါ့။

(၅) ပျော်ရွှင်မှုမှန်သမျှရဲ့ ဦးစည်းပဲ့ကိုင်ရှင်




သင့်ချစ်သူဟာ နာကျင်မှု ပေးသူ မဟုတ်ဘူး၊ သင့်ချစ်သူဟာ ဝေဒနာတွေ၊ စိတ်မချမ်းသာမှုတွေ၊ မယုံကြည်မှုတွေ ပေးတဲ့သူ မဟုတ်ဘူး၊ သင့်ပျော်ရွှင်မှု မှန်သမျှဟာ သူနဲ့ သက်ဆိုင်မှုရှိတယ်၊ သူ့ဆီကနေ လာတယ်၊ သူက ပျော်ရွှင်မှုတွေအတွက် ဦးစည်းပဲ့ကိုင်ရှင် ဖြစ်နေတယ်ဆိုတာ သေချာရင် ငါကွ-လို့အော်လို့ရပြီ။


နတ်စည်တော် (Shwemom)

source : lovepanky.com




Some text some message..